ထိုနောက်မောရှေသည်ထာဝရဘုရားမိန့် တော်မူသည်အတိုင်း ယောရှု၏ဦးခေါင်းပေါ် တွင်လက်ကိုတင်၍မိမိအားဆက်ခံသူ အဖြစ်ကြေညာလေ၏။
ထာဝရဘုရားသည်မောရှေအား``နုန်၏သား ယောရှုသည်အစွမ်းသတ္တိနှင့်ပြည့်စုံသူဖြစ် သောကြောင့် သူ၏ဦးခေါင်းပေါ်မှာသင့်လက် ကိုတင်လော့။-
ယဇ်ပုရောဟိတ်ဧလာဇာနှင့်လူအပေါင်းတို့ ရှေ့တွင် သူ့ကိုရပ်စေ၍သင့်ကိုဆက်ခံသူ အဖြစ်ကြေညာလော့။-
မောရှေသည်ထာဝရဘုရားမိန့်တော်မူ သမျှအတိုင်းဆောင်ရွက်လေ၏။-
ဣသရေလအမျိုးသားတို့သည် ဘုရားသခင် နှစ်သက်တော်မူသောပူဇော်သကာများကို သတ် မှတ်သောအချိန်အခါ၌ပူဇော်ဆက်သရ မည်ဖြစ်ကြောင်း၊ ထာဝရဘုရားသည်မောရှေ အားဖြင့်ဆင့်ဆိုစေတော်မူ၏။
``ထိုအခါကငါသည်ယောရှုအားလည်း`သင် ၏ဘုရားသခင်ထာဝရဘုရားသည် ထိုဘုရင် နှစ်ပါးတို့အားစီရင်တော်မူခဲ့ပုံအလုံးစုံကို သိမြင်ခဲ့ရပြီ။ ထာဝရဘုရားသည်သင်ဝင် ရောက်တိုက်ခိုက်သမျှသောတိုင်းနိုင်ငံဘုရင် တို့ကိုလည်း ထိုနည်းတူစီရင်တော်မူလိမ့် မည်။-
ယောရှုအားတာဝန်လွှဲအပ်လော့။ သူသည်ဤလူ မျိုးကိုခေါင်းဆောင်၍ သင်မြင်သောပြည်သို့ ဖြတ်ကူးသိမ်းယူရမည်ဖြစ်သောကြောင့်သူ့ ကိုအားပေးလော့။ ကြံ့ခိုင်စေလော့' ဟုငါ့ အားမိန့်တော်မူ၏။''
ထို့နောက်ထာဝရဘုရားသည်နုန်၏သားယောရှု အား``အားမာန်တင်း၍ရဲရင့်ခြင်းရှိလော့။ သင်သည် ဣသရေလအမျိုးသားတို့ကိုခေါင်းဆောင်လျက် ငါကတိထားသောပြည်သို့ဝင်ရောက်ရမည်။ ငါသည်သင်နှင့်အတူရှိမည်'' ဟုမိန့်တော် မူ၏။
မောရှေသည်နုန်၏သားယောရှုအပေါ်လက် တင်၍ မိမိအရိုက်အရာကိုဆက်ခံရန်ခန့် အပ်ခဲ့သည်။ သို့ဖြစ်၍ယောရှုသည်ပညာဉာဏ် နှင့်ပြည့်စုံလေ၏။ ဣသရေလအမျိုးသား တို့သည်ယောရှု၏စကားကိုနားထောင်၍ မောရှေဆင့်ဆိုသောထာဝရဘုရား၏ အမိန့်တော်များကိုလိုက်နာကြလေသည်။