Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 27:11

Common Language Bible

ထို​သူ​၌​ညီ​အစ်​ကို​သို့​မ​ဟုတ်​ဘ​ကြီး​ဘ​ထွေး များ​မ​ကျန်​ရစ်​ခဲ့​လျှင် အ​နီး​စပ်​ဆုံး​ဆွေ​မျိုး အား​အ​မွေ​ကို​ဆက်​ခံ​သိမ်း​ပိုက်​စေ​ရ​မည်။ ငါ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​မိန့်​မှာ​တော် မူ​သည့်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​ဤ​စီ​ရင်​ထုံး​ဖွဲ့​ချက်​ကို​လိုက်​နာ​ဆောင် ရွက်​ကြ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ထာ​ဝ​ရ​ဘုရား​မိန့်​တော်​မူ​သည့်​အ​တိုင်း ပင်​လျှင် ငါ့​ညီ​ဟာ​န​မေ​လ​သည်​ငါ​ရှိ​ရာ​အ​ချုပ် ထောင်​ဝင်း​အ​တွင်း​သို့​လာ​၍``ဗင်္ယာ​မိန်​နယ်​မြေ တွင်း​ရှိ​ဒေ​သ​တွင်​ရှိ​သည့်​အ​ကျွန်ုပ်​၏​လယ် မြေ​ကို​ဝယ်​ယူ​ပါ။ သင်​သည်​အ​ကျွန်ုပ်​နှင့်​အ​နီး ဆုံး​ဆွေ​မျိုး​တော်​စပ်​သ​ဖြင့် ထို​မြေ​ကို​ဝယ်​ယူ သိမ်း​ပိုက်​နိုင်​ခွင့်​ရှိ​ပါ​သည်'' ဟု​ဆို​၏။ ထို​အ​ခါ ငါ​သည်​ဤ​အ​မှု​ကို​ပြု​ရန်​ထာ​ဝ​ရ​ဘု​ရား မိန့်​မှာ​ထား​တော်​မူ​သည်​ကို​သိ​သ​ဖြင့်၊-

ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​တစ်​ဦး​သည် ဆင်း​ရဲ​နွမ်း​ပါး​သ​ဖြင့် မိ​မိ​၏​မြေ​ကို​ရောင်း ချ​ရ​လျှင် သူ​နှင့်​အ​နီး​စပ်​ဆုံး​ဆွေ​မျိုး​သား ချင်း​က​ထို​မြေ​ကို​ပြန်​၍​ဝယ်​ယူ​ရ​မည်။-

ဦး​ကြီး​ဦး​လေး​က​သော်​လည်း​ကောင်း၊ ညီ​အစ် ကို​ဝမ်း​ကွဲ​က​သော်​လည်း​ကောင်း၊ နီး​စပ်​သူ​ဆွေ​မျိုး တစ်​ဦး​က​သော်​လည်း​ကောင်း​သူ့​အား​ပြန်​၍​ဝယ် ယူ​နိုင်​သည်။ သို့​တည်း​မ​ဟုတ်​သူ​ကိုယ်​တိုင်​ငွေ ကြေး​တတ်​နိုင်​လျှင်​မိ​မိ​ကိုယ်​ကို​ဝယ်​ယူ​နိုင် သည်။-

အ​ကယ်​၍​ထို​သူ​၌​ညီ​အစ်​ကို​များ​လည်း မ​ကျန်​ရစ်​လျှင်​သူ​၏​ဘ​ကြီး၊ ဘ​ထွေး​တို့ က​အ​မွေ​ကို​ဆက်​ခံ​ရ​မည်။-

သင်​တို့​သည်​မည်​သည့်​အ​ရပ်​၌​နေ​ထိုင်​သည် မ​ဆို ဤ​ပ​ညတ်​များ​ကို​ထာ​ဝ​စဉ်​စောင့်​ထိန်း ကြ​ရ​မည်။

ဒါ​ဝိဒ်​သည်​ဤ​သို့​ဥ​ပ​ဒေ​ကို​ပြု​လုပ်​ခဲ့​သ​ဖြင့် ဣ​သ​ရေ​လ​ပြည်​တွင်​ယင်း​ဥ​ပ​ဒေ​သည်​ယ​နေ့ တိုင်​အောင်​တည်​မြဲ​လျက်​ရှိ​ပေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ