Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 26:62

Common Language Bible

လေ​ဝိ​အ​နွယ်​တွင်​တစ်​လ​သား​အ​ရွယ်​နှင့် အ​ထက်​ရှိ သော​ယောကျာ်း​ဦး​ရေ​မှာ​နှစ်​သောင်း သုံး​ထောင်​ယောက်​ဖြစ်​သည်။ သူ​တို့​သည်​ဣ​သ ရေ​လ​နိုင်​ငံ​တွင်​နယ်​မြေ​ခွဲ​ဝေ​ပေး​ခြင်း​မ​ခံ ရ​သ​ဖြင့် အ​ခြား​သော​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ဦး​ရေ​စာ​ရင်း​၌​မ​ပါ​ဝင်​ဘဲ​သီး ခြား​စာ​ရင်း​ဖြင့်​ဖော်​ပြ​ထား​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

လူ​ဦး​ရေ​စာ​ရင်း​ကောက်​ယူ​ရာ​တွင် လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​စာ​ရင်း​မ​ကောက်​ခဲ့​ချေ။-

ဤ​လူ​ဦး​ရေ​စာ​ရင်း​သည်​မော​ရှေ​နှင့်​ဧ​လာ​ဇာ တို့​က ယေ​ရိ​ခေါ​မြို့​တစ်​ဖက်​ယော်​ဒန်​မြစ်​နား ရှိ​မော​ဘ​လွင်​ပြင်​တွင် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​သား​ချင်း​စု​အ​လိုက်​ကောက်​ယူ သည့်​စာ​ရင်း​ဖြစ်​သ​တည်း။-

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း မော​ရှေ​သည်​အ​သက်​တစ်​လ​သား​အ​ရွယ် နှင့်​အ​ထက်​ရှိ​လေ​ဝိ​အ​နွယ်​ဝင်​ယောကျာ်း တို့​ကို​သား​ချင်း​စု​အ​လိုက်​စာ​ရင်း​ကောက် ယူ​ရာ လူ​ဦး​ရေ​စု​စု​ပေါင်း​နှစ်​သောင်း​နှစ် ထောင်​ရ​ရှိ​လေ​သည်။

ဂေ​ရ​ရှုန်​သား​ချင်း​စု​တို့​သည်​အာ​ရုန်​နှင့် သူ ၏​သား​များ​သတ်​မှတ်​ပေး​သော​ဝတ္တ​ရား​များ နှင့်​သယ်​ဆောင်​မှု​ရှိ​သ​မျှ​ကို​ဆောင်​ရွက်​ရန် မော​ရှေ​နှင့်​အာ​ရုန်​တို့​က​ကြပ်​မတ်​ပေး​ရ​မည်။-

ထို​အ​ကြောင်း​ကြောင့်​လေ​ဝိ​အ​မျိုး​သား​တို့ သည်​အ​ခြား​အ​မျိုး​သား​ချင်း​တို့​နည်း​တူ နယ်​မြေ​သီး​ခြား​မ​ရ​ခဲ့​ကြ​ချေ။ သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​က​တိ​တော် အ​တိုင်း သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ယဇ် ပု​ရော​ဟိတ်​များ​ဖြစ်​ရ​သည့်​အ​ခွင့်​ထူး​ကို ရ​ရှိ​ကြ​လေ​သည်။)

မော​ရှေ​သည်​လေ​ဝိ​အ​နွယ်​အား​နယ်​မြေ​ခွဲ ဝေ​ပေး​ခြင်း​မ​ပြု​ခဲ့​ချေ။ ထာ​ဝ​ရ​ဘု​ရား က​မော​ရှေ​အား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ယဇ် ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​သော​ပူ​ဇော် သ​ကာ​မှ​ဝေ​စု​ကို​ရ​ရှိ​ကြ​လေ သည်။

မော​ရှေ​သည်​လေ​ဝိ​အ​နွယ်​အား​နယ်​မြေ​ခွဲ ဝေ​ပေး​ခြင်း​မ​ပြု​ခဲ့​ချေ။ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား ပူ​ဇော်​သော​ပူ​ဇော်​သ​ကာ​မှ​ဝေ​စု​ကို သူ​တို့​ရ​မည်​ဟု​မော​ရှေ​မိန့်​ကြား​ခဲ့​၏။

မော​ရှေ​သည်​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ နယ်​မြေ​ကို​ဣ​သ​ရေ​လ​အ​နွယ်​နှစ်​နွယ်​နှင့် အ​နွယ်​တစ်​ဝက်​တို့​အား​ခွဲ​ဝေ​ပေး​ခဲ့​ပြီး ဖြစ်​သည်။ (ယော​သပ်​၏​အ​ဆက်​အ​နွယ်​တို့ ကို​မ​နာ​ရှေ​အ​နွယ်​နှင့်​ဧ​ဖ​ရိမ်​အ​နွယ်​ဟူ ၍​နှစ်​စု​ခွဲ​ထား​သည်။) မော​ရှေ​သည်​လေ​ဝိ အ​နွယ်​အား​နယ်​မြေ​ဝေ​စု​မ​ပေး​ခဲ့​ချေ။ သို့​ရာ​တွင်​သူ​တို့​အား​နေ​ထိုင်​ရန်​မြို့​များ နှင့်​တ​ကွ​တိရစ္ဆာန်​စား​ကျက်​များ​ကို​ခွဲ​ဝေ ပေး​ခဲ့​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ