Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 26:10

Common Language Bible

ထို့​ကြောင့်​သူ​တို့​သည်​ကော​ရ​၏​နောက်​လိုက် များ​နှင့်​အ​တူ​မြေ​မျို​ခံ​ရ​၏။ ထို​နေ့​၌ လောင်​မီး​ကျ​၍ လူ​ပေါင်း​နှစ်​ရာ့​ငါး​ဆယ် အ​သက်​ဆုံး​ခဲ့​ရ​သည်။ ထို​အ​ဖြစ်​အ​ပျက် က​လူ​အ​ပေါင်း​တို့​ကို​သ​တိ​တ​ရား​ရ​စေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​သူ​တို့ နေ​ထိုင်​မည့်​ပြည်​သို့​ရောက်​သည့်​တိုင်​အောင် မန္န​မုန့်​ကို​နှစ်​ပေါင်း​လေး​ဆယ်​စား​သုံး​ရ ကြ​၏။ သူ​တို့​သည်​ခါ​နာန်​ပြည်​နယ်​စပ် သို့​ရောက်​သည်​အ​ထိ​မန္န​မုန့်​ကို​စား​ရ ကြ​၏။-

ယေ​ရု​ရှ​လင်​မြို့​မှ​ဗာ​ဗု​လုန်​မြို့​သို့​ပြည်​နှင် ဒဏ်​သင့်​သူ​တို့​သည် လူ​တစ်​ဦး​တစ်​ယောက် အား​ကျိန်​ဆဲ​လို​လျှင်`ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ဗာ​ဗု​လုန်​ဘု​ရင်​က​အ​ရှင်​လတ်​လတ် မီး​ရှို့​သတ်​သည့်​ဇေ​ဒ​ကိ​နှင့်​အာ​ဟတ်​တို့​ကဲ့ သို့​ပြု​တော်​မူ​ပါ​စေ​သော' ဟု​ဆို​ကြ​လိမ့်​မည်။-

ငါ​သည်​သူ​တို့​ကို​အ​တိုက်​အ​ခံ​ပြု​မည်။ သူ့ ကို​စံ​န​မူ​နာ​နှင့်​ကဲ့​ရဲ့​ပုံ​ဆောင်​ခံ​ရ​သူ​အ ဖြစ်​အ​သုံး​ပြု​မည်။ ငါ​၏​လူ​မျိုး​တော်​အ​သိုင်း အ​ဝိုင်း​မှ​ဖယ်​ရှား​မည်။ သို့​မှ​သာ​လျှင်​ငါ သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။

ထာ​ဝရ​ဘု​ရား​၏​ယဇ်​ပလ္လင်​တွင်​နံ့​သာ​ပေါင်း မီး​ရှို့​ဆက်​သ​ရာ မီး​ကျီး​ခံ​အိုး​များ​ကို အ​သုံး​ပြု​သော​ကြောင့် ယင်း​တို့​သည်​ဆက် ကပ်​ထား​သော​ပစ္စည်း​များ​ဖြစ်​၏။ သို့​ဖြစ်​၍ မိ​မိ​တို့​၏​အ​ပြစ်​ကြောင့်​သေ​ဆုံး​ရ​သူ တို့​ထံ​မှ မီး​ကျီး​ခံ​အိုး​များ​ကို​ယူ​ပြီး လျှင်​အ​ပြား​ခတ်​၍​ယဇ်​ပလ္လင်​ကို​ဖုံး​အုပ် လော့။ ထို​ကြေး​ဝါ​ပြား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​သ​တိ​တ​ရား ရ​စေ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-

လေ​ဝိ​အ​နွယ်​၏​တောင်​ဝှေး​ပေါ်​တွင်​အာ​ရုန် ၏​နာ​မည်​ကို​ရေး​ရ​မည်။ အ​နွယ်​ဦး​စီး​ခေါင်း ဆောင်​တစ်​ဦး​လျှင်​တောင်​ဝှေး​တစ်​ချောင်း ရှိ​ရ​မည်။-

``ကျွန်​မ​တို့​၏​ဖ​ခင်​သည်​တော​ကန္တာ​ရ​၌ သေ ဆုံး​ခဲ့​ရာ​သား​ယောကျာ်း​ဟူ​၍​တစ်​ယောက်​မျှ မ​ကျန်​ရစ်​ပါ။ ဖ​ခင်​သည်​ထာ​ဝ​ရ​ဘု​ရား အား​ပုန်​ကန်​သော​ကော​ရ​၏​လူ​စု​တွင်​မ​ပါ ဝင်​ခဲ့​ပါ။ သူ​သည်​မိ​မိ​၏​အ​ပြစ်​ကြောင့်​သေ ဆုံး​ခဲ့​ရ​ပါ​သည်။-

ရု​ဗင်​အ​နွယ်​ဝင်​ဧလျာဘ​၏​သား​များ​ဖြစ်​ကြ သော ဒါ​သန်​နှင့်​အ​ဘိ​ရံ​တို့​အား​မည်​ကဲ့​သို့ စီ​ရင်​တော်​မူ​သည်​ကို​သင်​တို့​သတိ​ရ​ကြ​မည်။ လူ​အ​ပေါင်း​တို့​၏​မျက်​မှောက်​တွင်​သူ​တို့​သည် သူ​တို့​၏​မိ​သား​စု​များ၊ တဲ​များ၊ အ​စေ​ခံ များ၊ တိ​ရစ္ဆာန်​များ​နှင့်​တ​ကွ​မြေ​မျို​ခြင်း ခံ​ရ​၏။-

ထို​ဘေး​ဒဏ်​အ​ပေါင်း​ကျ​ရောက်​လာ​လျှင် ယင်း တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တရား​စီ​ရင်​တော် မူ​ချက်​ဖြစ်​ကြောင်း သင်​နှင့်​သင်​၏​အ​ဆက် အ​နွယ်​များ​အ​စဉ်​အ​မြဲ​မှတ်​သား​ထား ရ​မည်။-

ဘု​ရား​သ​ခင်​သည်​သော​ဒုံ​နှင့်​ဂေါ​မော​ရ​မြို့ တို့​ကို​မီး​လောင်​ကျွမ်း​စေ​သော​အား​ဖြင့်​အ​ပြစ် ဒဏ်​စီ​ရင်​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​ကိုယ်​တော် သည်​နောင်​အ​ခါ​တွင် ဆိုး​သွမ်း​ယုတ်​မာ​သူ​တို့ မည်​ကဲ့​သို့​အ​ပြစ်​ဒဏ်​ခံ​ရ​မည်​ကို​န​မူ​နာ အ​ဖြစ်​ပြ​တော်​မူ​၏။-

သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​တို့​ကို​လည်း ကောင်း၊ ထို​မြို့​များ​၏​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ ကို​လည်း​ကောင်း​သ​တိ​ရ​ကြ​လော့။ ထို​မြို့ တို့​မှ​မြို့​သူ​မြို့​သား​တို့​သည်​အ​ဆို​ပါ ကောင်း​ကင်​တ​မန်​များ​ကဲ့​သို့ ကာ​မ​ဂုဏ် လိုက်​စား​၍​သ​ဘာ​ဝ​နှင့်​ဆန့်​ကျင်​သည့် အ​ပျော်​အ​ပါး​ကို​လိုက်​စား​ခဲ့​ကြ​၏။ လူ အ​ပေါင်း​တို့​အား​ရှင်း​လင်း​ပြတ်​သား​စွာ သ​တိ​ပေး​သည့်​အ​နေ​ဖြင့် သူ​တို့​သည် ထာ​ဝ​ရ​တောက်​လောင်​သော​မီး​တွင်​အ​ပြစ် ဒဏ်​ကို​ခံ​ရ​ကြ​သည်။

သင်​၏​သား​များ​ဖြစ်​ကြ​သော​ဟော​ဖ​နိ​နှင့် ဖိ​န​ဟတ်​တို့​သည်​တစ်​နေ့​တည်း​၌​သေ​ရ​ကြ သော​အ​ခါ ငါ​ပြော​သ​မျှ​သော​အ​မှု​အ​ရာ တို့​သည်​ဖြစ်​ပျက်​လာ​လိမ့်​မည်​ဖြစ်​ကြောင်း သင်​သိ​ရှိ​ရ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ