Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 25:3

Common Language Bible

ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​တော် ထွက်​၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

အ​ဘယ်​သူ​သည်​ကိုယ်​တော်​ရှင်​၏​အ​မျက်​တော် အ​ရှိန် အ​ပြည့်​အ​ဝ​ကို​ခံ​ဖူး​ပါ​သနည်း။ ကိုယ်​တော်​ရှင်​၏​အ​မျက်​တော်​သည်​မည်​မျှ ကြောက်​လန့်​ဖွယ်​ကောင်း​ကြောင်း​ကို အ​ဘယ်​သူ​သည်​သိ​ရှိ​ပါ​သ​နည်း။

သင်​၏​အ​ပြစ်​ကြောင့် သင်​တို့​သည်​ငါ​ပေး​အပ် ခဲ့​သည့်​ပြည်​ကို​စွန့်​လွှတ်​ရ​ကြ​လိမ့်​မည်။ ငါ ၏​အ​မျက်​တော်​သည်​မီး​နှင့်​တူ​၍​ထာ​ဝ​စဉ် တောက်​လောင်​လျက်​နေ​မည်​ဖြစ်​၍ ငါ​သည်​သင် တို့​အား​မိ​မိ​တို့​မ​ရောက်​ဘူး​သည့်​ပြည်​တွင် ရန်​သူ​များ​၏​အ​စေ​ကို​ခံ​စေ​မည်'' ဟု​မိန့် တော်​မူ​၏။

သို့​ရာ​တွင်​သူ​တို့​ကို​ငါ​ဒဏ်​ခတ်​တော်​မ​မူ။ သင်​တို့​ကိုယ်​တိုင်​နတ်​ဘု​ရား​ကိုး​ကွယ်​ရာ ဌာ​န​ဆိုင်​ရာ​ပြည့်​တန်​ဆာ​မ​များ​နှင့်​ပေါင်း ဖော်​၍ နတ်​ဘု​ရား​များ​ကို​အ​တူ​တ​ကွ ပူ​ဇော်​ပ​သ​လေ့​ရှိ​သော​ကြောင့်​ပေ​တည်း။ `အ​သိ​ဉာဏ်​ကင်း​မဲ့​သော​လူ​မျိုး​သည်​ပျက် စီး​ဆုံး​ရှုံး​ရ​လိမ့်​မည်' ဟူ​၍​ဆို​ရိုး​စကား ရှိ​သည်​အ​တိုင်း​ပင်​ဖြစ်​၏။

ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ကို​ငါ​ဦး စွာ​တွေ့​ရ​စဉ်​က တော​ကန္တာ​ရ​၌​ပေါက်​သော စ​ပျစ်​ပင်​များ​ကို​တွေ့​ရ​သ​ကဲ့​သို့​ဖြစ်​၏။ သင်​တို့​၏​ဘိုး​ဘေး​များ​ကို​ငါ​ဦး​စွာ​တွေ့ ရ​စဉ်​က​ပေါ်​ဦး​ပေါ်​ဖျား​မှည့်​သော​သ​ဖန်း သီး​များ​ကို​တွေ့​ရ​သ​ကဲ့​သို့​ဖြစ်​၏။ သို့ ရာ​တွင်​သူ​တို့​သည်​ပေ​ဂု​ရ​တောင်​သို့​ရောက် ရှိ​သော​အ​ခါ ဗာ​လ​ဘု​ရား​ကို​ကိုး​ကွယ် ကြ​သ​ဖြင့်၊ သူ​တို့​ကြည်​ညို​သော​ဘု​ရား များ​ကဲ့​သို့​စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​ဖြစ်​လာ ကြ​၏။-

မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​နွယ်​အ​လိုက်​အုပ် ချုပ်​ရ​သူ​တို့​အား``သင်​တို့​တစ်​ဦး​စီ​သည်​သင် တို့​အ​နွယ်​ထဲ​မှ ပေ​ဂု​ရ​ဒေ​သ​ခံ​ဗာ​လ​ဘု​ရား အား​ဦး​ချ​ရှိ​ခိုး​သူ​အား​လုံး​ကို​ကွပ်​မျက်​ရ မည်'' ဟု​အ​မိန့်​ပေး​လေ​သည်။

ဤ​အ​မျိုး​သ​မီး​များ​သည်​ဗာ​လမ်​၏​အ​ကြံ ပေး​ချက်​အ​ရ​ပေ​ဂု​ရ​အ​ရပ်​တွင် ဣသ​ရေ​လ အ​မျိုး​သား​တို့​အား ထာ​ဝ​ရ​ဘု​ရား​ကို​သစ္စာ ဖောက်​စေ​ခဲ့​ကြောင်း​သ​တိ​ရ​ကြ​လော့။ ထို အ​ပြစ်​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​စု တွင်​ကပ်​ရော​ဂါ​ကျ​ရောက်​ခဲ့​၏။-

ပေ​ဂု​ရ​အ​ရပ်​တွင်​ငါ​တို့​လွန်​ကူး​သော အ​ပြစ်​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏ လူ​မျိုး​တော်​အား​ကပ်​ရော​ဂါ​ဘေး​သင့်​စေ တော်​မူ​သည်​မ​ဟုတ်​လော။ ထို​အ​ပြစ်​၏​ဆိုး ကျိုး​ကို​ငါ​တို့​သည်​ခံ​နေ​ရ​ဆဲ​ဖြစ်​သည် မ​ဟုတ်​လော။ ထို​အ​ပြစ်​မျိုး​ကို​ထပ်​မံ ကူး​လွန်​ကြ​ဦး​မည်​လော။-

ထို​အ​ခါ​၌​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​ကာ​ဗာ​လ ဘု​ရား​များ​ကို​ကိုး​ကွယ်​ကြ​လေ​သည်။-

သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ်​မှု ကို​စွန့်​၍ ဗာ​လ​ဘု​ရား​များ​နှင့်​အာ​ရှ​တ​ရက် ဘု​ရား​များ​ကို​ရှိ​ခိုး​ကြ​၏။-

သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​ပြင်း​စွာ​အ​မျက်​ထွက်​တော် မူ​သ​ဖြင့် ရန်​သူ​တို့​ကို​သူ​တို့​အား​လု​ယက် တိုက်​ခိုက်​ရန်​အ​ခွင့်​ပြု​တော်​မူ​၏။ ကိုယ်​တော် သည်​ပတ်​ဝန်း​ကျင်​ရှိ​ရန်​သူ​တို့​ကို ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​နှိမ်​နင်း​အောင်​မြင်​ခွင့် ပေး​တော်​မူ​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ကာ​ကွယ်​နိုင်​စွမ်း မ​ရှိ​ကြ​တော့​ချေ။-

ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ လူ​မျိုး​အား လွန်​စွာ​အ​မျက်​ထွက်​တော်​မူ​၍``ဤ လူ​မျိုး​သည်​ငါ့​စ​ကား​ကို​နား​မ​ထောင်။ စောင့် ထိန်း​ရန်​အ​တွက်​သူ​တို့​၏​ဘိုး​ဘေး​များ​အား ငါ​ပေး​အပ်​ခဲ့​သည့်​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက် ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ