တောလည် 24:11Common Language Bibleယခုကိုယ်တော်ပြန်ပါလော့။ အကျွန်ုပ်သည် ကိုယ်တော်အား ဆုလာဘ်များချီးမြှင့်မည်ဟု ကတိထားခဲ့သော်လည်း ထိုသို့ချီးမြှင့်ရန် ထာဝရဘုရားသည်အလိုတော်မရှိ'' ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
ဗာလမ်က``သင်၏နန်းတော်တွင် ရှိသမျှသောရွှေ၊ ငွေကိုပေးသော်လည်းထာဝရဘုရား၏အမိန့် တော်ကိုဆန့်ကျင်၍ ငါ့အလိုအလျောက်မည်သို့ မျှမပြုနိုင်ဟုသင်စေလွှတ်သောသံတမန်တို့ အား ငါပြောခဲ့ပြီမဟုတ်လော။ ငါသည်ထာဝရ ဘုရားမိန့်မှာတော်မူသမျှကိုသာပြောရမည်'' ဟုဖြေကြားလေ၏။
ထိုမျှမကငါ၏အရှင်ခရစ်တော်ယေရှုကိုသိကျွမ်း ရခြင်းသည်ထိုအရာများနှင့်အရာခပ်သိမ်းတို့ထက် တန်ခိုးရှိသည်ဖြစ်၍ ယင်းတို့ကိုငါ့အားရှုံးစေသည့် အရာများဟူ၍မှတ်ယူ၏။ ငါသည်ကိုယ်တော်အတွက် ခပ်သိမ်းသောအရာတို့ကိုစွန့်ပယ်ခဲ့၏။ ခရစ်တော်ကို အမြတ်ရနိုင်ရန်လည်းကောင်း၊ ကိုယ်တော်နှင့်တစ်လုံး တစ်ဝတည်းဖြစ်နိုင်ရန်လည်းကောင်းထိုအရာ များကိုအမှိုက်သရိုက်ကဲ့သို့ငါထင်မှတ်၏။ ငါသည် ပညတ်တရားကိုစောင့်ထိန်းခြင်းအားဖြင့်ဖြောင့်မတ် ခြင်းမရရှိပေ။ ခရစ်တော်ကိုယုံကြည်ခြင်းအား ဖြင့်သာလျှင်ဖြောင့်မတ်ခြင်းကိုရရှိ၏။ ထိုကဲ့သို့ သောဖြောင့်မတ်ခြင်းသည်ဘုရားသခင်ပေးသနား တော်မူသောဖြောင့်မတ်ခြင်းဖြစ်၍ယုံကြည်ခြင်း အပေါ်တွင်အခြေခံပေသည်။-