တောလည် 23:7Common Language Bibleထိုအခါဗာလမ်သည်အောက်ပါဗျာဒိတ်တော် ကိုဆင့်ဆို၏။ ``မောဘပြည်ဘုရင်ဗာလက်ကရှုရိပြည်တည်ရာ အရှေ့တောင်တန်းများမှငါ့အားခေါ်ဆောင်ခဲ့လေ ပြီ။ ဘုရင်က`လာ၍ယာကုပ်အဆက်အနွယ်တို့ကို ကျိန်ဆဲပါလော့။ လာ၍ဣသရေလအမျိုးသားတို့ကို ရှုတ်ချပါလော့' ဟုဆို၏။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့အားငါအရှင်ထာဝရဘုရား အဘယ်သို့မိန့်တော်မူသည်ကိုသိရှိကြစေ ရန် စကားထာဝှက်၍ပုံဥပမာတစ်ခုကို ပြောပြလော့။ အခါတစ်ပါးကသန်စွမ်း သောအတောင်ကြီးများနှင့် ရှည်သောအမွေး အတောင်များရှိသည့်လင်းယုန်ငှက်ကြီး တစ်ကောင်ရှိ၏။ သူ့မှာအရောင်စုံ၍လှပ သောအမွေးအတောင်များရှိ၏။ သူသည် လေဗနုန်တောင်ထိပ်သို့ပျံသန်းပြီးလျှင် အာရစ်ပင်ထိပ်ဖျားတွင်နားလျက်၊-
ထိုအချိန်ကာလရောက်ရှိလာသောအခါ လူများတို့က သင်တို့ဘေးဒုက္ခရောက်ရပုံ ကိုအကြောင်းပြု၍ ပြောစမှတ်ပြုကြ လိမ့်မည်။ သင်တို့၏ဘဝအတွေ့အကြုံ ကိုလည်းဤသို့ဝမ်းနည်းကြေကွဲဖွယ် တေးဖွဲ့သီဆိုကြလိမ့်မည်။ ငါတို့သည်လုံးဝအကျိုးနည်းပျက်စီး ကြပြီ။ ထာဝရဘုရားသည်ငါတို့ပြည်ကိုငါတို့ လက်မှ ရုပ်သိမ်း၍ရန်သူ့လက်သို့အပ်သဖြင့် ငါတို့သည်လည်းတစ်ပါးကျွန်ဖြစ်ရချေပြီ။
စစ်ရှုံးသူတို့သည်စစ်နိုင်သူတို့အားမခံချိ% မခံသာပြောဆိုလျက်မထီလေးစားပြုကြ% လိမ့်မည်။ သူတို့က``မိမိတို့မပိုင်သည့်ဥစ္စာပစ္စည်း% ကိုသိမ်းယူကြသူသင်တို့သည်အမင်္ဂလာရှိ% ကြ၏။ သင်တို့သည်အဘယ်မျှကြာအောင် မိမိ% တို့၏ကြွေးမြီစားများကိုလိမ်လည်လှည့်စား% ၍သင်တို့ကိုယ်ကိုချမ်းသာကြွယ်ဝအောင်ပြု% နေကြပါဦးမည်နည်း'' ဟုဆိုကြလိမ့်မည်။ %