Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 23:26

Common Language Bible

ဗာ​လမ်​က``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သ​မျှ​အ​တိုင်း ပြု​လုပ်​ရ​သည်​ဟု​သင့်​အား​ငါ ပြော​ခဲ့​ပြီ​မ​ဟုတ်​လော'' ဟု​ဖြေ​ကြား​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​မိက္ခာ​က``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည့်​အ​တိုင်း​ဖော်​ပြ​မည်​ဖြစ်​ကြောင်း အ​သက်​ရှင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို တိုင်​တည်​၍​ငါ​ဆို​၏'' ဟု​ပြော​၏။

သို့​ရာ​တွင်​မိက္ခာ​က``ငါ​သည်​ထာ​ဝရ​ဘု​ရား​မိန့် တော်​မူ​သည့်​အ​တိုင်း​ဖော်​ပြ​ရ​လိမ့်​မည်​ဖြစ် ကြောင်း အ​သက်​ရှင်​တော်​မူ​သော​ထာ​ဝရ​ဘု​ရား ကို​တိုင်​တည်​၍​ငါ​ဆို​၏'' ဟု​ပြော​၏။

သို့​ရာ​တွင်​ဗာ​လမ်​က``ဗာ​လက်​ဘု​ရင်​သည်​နန်း တော်​တွင်​ရှိ​သ​မျှ​သော​ရွှေ၊ ငွေ​ကို ငါ့​အား​ပုံ​၍ ပေး​သော်​လည်း​ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ကို​ငါ​မ​လွန်​ဆန်​နိုင်။-

ဗာ​လမ်​က``ငါ​ယ​ခု​ရောက်​လာ​ပြီ။ သို့​ရာ​တွင် ငါ​သည် ကိုယ်​တိုင်​ပြော​ပိုင်​ခွင့်​မ​ရှိ။ ဘု​ရား​သ​ခင်​က​ငါ့​အား​ပြော​စေ​လို​သ​မျှ​ကို သာ​ငါ​ပြော​နိုင်​မည်'' ဟု​ဆို​လေ​၏။-

ထို့​ကြောင့်​ဗာ​လမ်​သည်​ဗာ​လက်​ဘု​ရင်​ထံ​သို့ ပြန်​လာ​သော​အ​ခါ ဘု​ရင်​သည်​မော​ဘ​အ​မျိုး သား​ခေါင်း​ဆောင်​တို့​နှင့်​အ​တူ မီး​ရှို့​ရာ​ယဇ် အ​နား​တွင်​ရပ်​နေ​သည်​ကို​တွေ့​မြင်​ရ​၏။ ဗာ​လက် ဘု​ရင်​က​ထာ​ဝ​ရ​ဘု​ရား​မည်​သို့​မိန့်​ကြား တော်​မူ​ကြောင်း​ကို​မေး​မြန်း​၏။-

ထို​အ​ခါ​ဗာ​လက်​ဘု​ရင်​က​ဗာ​လမ်​အား``ကိုယ် တော်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​မ​ကျိန် ဆဲ​ပါ​နှင့်။ သို့​ရာ​တွင်​သူ​တို့​အား​ကောင်း​ချီး မ​ပေး​ပါ​နှင့်'' ဟု​ဆို​၏။

တစ်​ဖန်​ဗာ​လက်​ဘု​ရင်​က​ဗာ​လမ်​အား``အ​ခြား တစ်​နေ​ရာ​သို့​လိုက်​ခဲ့​ပါ​လော့။ ကိုယ်​တော်​အား ထို​အ​ရပ်​မှ​နေ​၍​သူ​တို့​ကို​ကျိန်​ဆဲ​စေ​ရန် ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ​ကောင်း​ရှိ​မည်'' ဟု​ဆို​၏။-

ထို​နောက်​ဗာ​လမ်​က​ဗာ​လက်​အား``သင်​သည် မီး​ရှို့​ရာ​ယဇ်​နား​တွင်​ရပ်​နေ​လော့။ ထာ​ဝ​ရ ဘု​ရား​သည်​ငါ​နှင့်​တွေ့​ဆုံ​ရန်​ကြွ​လာ​မည်၊ မ​ကြွ​လာ​မည်​ကို​သွား​၍​ကြည့်​မည်။ ထာ​ဝ​ရ ဘု​ရား​က​ငါ့​အား ဗျာ​ဒိတ်​ပေး​တော်​မူ​သ​မျှ ကို​သင့်​အား​ငါ​ပြော​ပြ​မည်'' ဟု​ဆို​လေ​၏။ ထို​ကြောင့်​သူ​သည်​တစ်​ယောက်​တည်း​တောင် ကုန်း​တစ်​ခု​ပေါ်​သို့​တက်​သွား​သော​အ​ခါ၊-

ပေ​တ​ရု​နှင့်​တ​မန်​တော်​တို့​က``ငါ​တို့​သည် လူ့​အ​မိန့်​ထက်​ဘု​ရား​သ​ခင့်​အ​မိန့်​တော် ကို​နား​ထောင်​ရ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ