Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 23:13

Common Language Bible

ထို​နောက်​ဗာ​လက်​ဘု​ရင်​က​ဗာ​လမ်​အား``ဣသ​ရေ​လ အ​မျိုး​သား​အ​ချို့​ကို​သာ မြင်​နိုင်​သော​နေ​ရာ​သို့ လိုက်​ခဲ့​ပါ။ ထို​အ​ရပ်​မှ​နေ​၍​သူ​တို့​ကို ကျိန်​ဆဲ ပါ​လော့'' ဟု​ဆို​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ဗင်္ဟာ​ဒဒ်​မင်း​၏​မှူး​မတ်​များ​က``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​များ​သည် တောင်​ကို အ​စိုး​ရ​သော​ဘု​ရား​များ​ဖြစ်​သ​ဖြင့် အ​ကျွန်ုပ် တို့​အား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​နိုင်​ရ ကြ​ခြင်း​ဖြစ်​ပါ​သည်။ အ​ကျွန်ုပ်​တို့​သည်​သူ​တို့ နှင့်​လွင်​ပြင်​တွင်​တိုက်​ခိုက်​ရ​ကြ​ပါ​မူ​သူ​တို့ အား​ဧ​ကန်​မု​ချ​အ​နိုင်​ရ​ကြ​ပါ​လိမ့်​မည်။-

ပ​ရော​ဖက်​တစ်​ပါး​သည်​အာ​ဟပ်​မင်း​ထံ​သို့ သွား​၍``ထာ​ဝ​ရ​ဘု​ရား​က`ငါ​သည်​တောင်​ကို အ​စိုး​ရ​သော​ဘု​ရား​ဖြစ်​သည်။ လွင်​ပြင်​ကို အ​စိုး​မ​ရ​ဟု​ရှု​ရိ​အ​မျိုး​သား​တို့​က​ဆို သော​ကြောင့် သူ​တို့​၏​ကြီး​မား​သော​တပ်​မ တော်​ကို​သင်​၏​လက်​သို့​ငါ​အပ်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​နှင့် တ​ကွ​သင်​၏​ပြည်​သူ​တို့​သိ​ရ​ကြ​လိမ့်​မည်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို​၏။

သူ​သည်​ကျိန်​ဆဲ​ရန်​နှစ်​သက်​သည်​ဖြစ်​၍ သူ​ကိုယ်​တိုင်​ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​ပါ​စေ သော။ သူ​သည်​သူ​တစ်​ပါး​အား​ကောင်း​ချီး​မင်္ဂလာ​ပေး​ရန် အ​လို​မ​ရှိ​သည်​ဖြစ်​၍ မည်​သူ​က​မျှ​သူ့​အား​ကောင်း​ချီး​မင်္ဂ​လာ မ​ပေး​ပါ​စေ​နှင့်။

ငါ​၏​လူ​မျိုး​တော်​တို့၊ မော​ဘ​ပြည့်​ရှင်​ဗာ​လက် မင်း​က သင်​တို့​ပျက်​စီး​ရာ​ပျက်​စီး​ကြောင်း​မည် ကဲ့​သို့​ကြံ​စည်​ခဲ့​သည်​ကို​လည်း​ကောင်း၊ ဗော​ရ ၏​သား​ဗာ​လမ်​က​ဘု​ရင်​အား​မည်​ကဲ့​သို့​ပြန် ပြော​သည်​ကို​လည်း​ကောင်း သ​တိ​ရ​ကြ​လော့၊ အ​ကေး​ရှား​စ​ခန်း​မှ​ဂိ​လ​ဂါ​လ​မြို့​သို့ သွား​သော​ခ​ရီး​လမ်း​တွင် တွေ့​ကြုံ​ခဲ့​ရ​သော အ​ဖြစ်​အ​ပျက်​များ​ကို​သ​တိ​ရ​ကြ​လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​မည်​ကဲ့ သို့ ကယ်​တင်​တော်​မူ​ခဲ့​ကြောင်း​သင်​တို့​သိ မြင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

နောက်​တစ်​နေ့​နံ​နက်​တွင်​ဗာ​လက်​ဘု​ရင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မြင်​သာ​နိုင် သော​ဗား​မော့​ဗာ​လ​တောင်​ကုန်း​ပေါ်​သို့ ဗာ​လမ်​အား​ခေါ်​ဆောင်​သွား​လေ​သည်။

သူ​တို့​သည်​ငါ​တို့​ထက်​လူ​အင်​အား​ပို​များ သ​ဖြင့် လာ​၍​သူ​တို့​ကို​ကျိန်​ဆဲ​ပါ​လော့။ သို့ ပြု​လျှင်​သူ​တို့​ကို​ငါ​တိုက်​ခိုက်​၍ နှင်​ထုတ်​နိုင် ကောင်း​နှင်​ထုတ်​နိုင်​ပါ​လိမ့်​မည်။ ကိုယ်​တော် ကောင်း​ချီး​ပေး​သူ​တို့​သည်​ကောင်း​ချီး​ကို ခံ​ရ​၍ ကိုယ်​တော်​ကျိန်​ဆဲ​သော​သူ​တို့​သည် ကျိန်​စာ​သင့်​ကြ​ပါ​လိမ့်​မည်'' ဟု​ဖော်​ပြ ပါ​ရှိ​လေ​သည်။

ဗာ​လမ်​က``ထာ​ဝ​ရ​ဘု​ရား​ဆင့်​ဆို​စေ​လို သည့်​အ​တိုင်း​သာ​လျှင် ငါ​ဆင့်​ဆို​နိုင်​သည်'' ဟု ပြန်​ဖြေ​လေ​၏။

သို့​ဖြစ်​၍​ဗာ​လက်​ဘု​ရင်​သည်​ဗာ​လမ်​ကို ပိ​သ​ဂါ တောင်​ပေါ်​ရှိ​ဇော​ဖိမ်​ကွင်း​သို့​ခေါ်​ဆောင်​သွား​လေ သည်။ ထို​အ​ရပ်​၌​လည်း​သူ​သည်​ယဇ်​ပလ္လင်​ခု​နစ်​ခု ကို​တည်​၍ တစ်​ခု​စီ​ပေါ်​တွင်​နွား​ထီး​တစ်​ကောင် နှင့်​သိုး​ထီး​တစ်​ကောင်​ကို​ပူ​ဇော်​လေ​သည်။

ထို​နောက်​ဇိ​ဖော်​၏​သား​မော​ဘ​ပြည်​ဘု​ရင် ဗာ​လက်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို တိုက်​ခိုက်​လေ​သည်။ သူ​သည်​သင်​တို့​ကို​ကျိန်​ဆဲ ရန်​ဗော​ရ​၏​သား​ဗာ​လမ်​ကို​ခေါ်​စေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ