Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 23:1

Common Language Bible

ဗာ​လမ်​က``ယဇ်​ပလ္လင်​ခု​နစ်​ခု​ကို​တည်​လော့'' ဟု ဗာ​လက်​အား​စေ​ခိုင်း​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​ဆက်​လက်​၍``သင်​က`ငါ​တို့​သည် ငါ​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ကို​အား​ကိုး ပါ​သည်' ဟု​ပြော​ဆို​ကြ​မည်​လော။ မြင့်​သော အ​ရပ်​ဌာ​န​များ​နှင့်​ယဇ်​ပလ္လင်​များ​ကို​ဟေ​ဇ​ကိ ဖျက်​ဆီး​၍ ယု​ဒ​ပြည်​သူ​တို့​အား​ယေ​ရု​ရှ​လင် မြို့​ရှိ​ယဇ်​ပလ္လင်​၌​သာ ဝတ်​ပြု​ကိုး​ကွယ်​ကြ​ရန် အ​မိန့်​ထုတ်​သည်​မ​ဟုတ်​ပါ​လော။-

ဘု​ရား​သ​ခင်​သည်​သေတ္တာ​တော်​ကို​ပင့်​ဆောင် ကြ​သူ​လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​မ​စ​တော် မူ​စေ​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​နွား​ထီး​ခု​နစ်​ကောင်​နှင့်​သိုး​ခု​နစ် ကောင်​ကို​ယဇ်​ပူ​ဇော်​ကြ​၏။-

မင်း​ဆွေ​မင်း​မျိုး​များ​အ​ပြစ်၊ ယု​ဒ​ပြည်​သူ များ​အ​ပြစ်​ပြေ​စေ​ရန်​နှင့် ဗိ​မာန်​တော်​သန့် စင်​စေ​ရန်​သူ​တို့​သည်​နွား​ခု​နစ်​ကောင်၊ သိုး ခု​နစ်​ကောင်၊ သိုး​ငယ်​ခုနစ်​ကောင်​နှင့်​ဆိတ် ခု​နစ်​ကောင်​ကို​ယူ​ဆောင်​သွား​ကြ​၏။ မင်း ကြီး​သည်​အာ​ရုန်​မှ​ဆင်း​သက်​သော​ယဇ် ပု​ရော​ဟိတ်​တို့​အား``တိ​ရစ္ဆာန်​များ​ကို​ယဇ် ပလ္လင်​ပေါ်​တွင်​တင်​၍​ပူ​ဇော်​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။-

သို့ဖြစ်၍ နွားထီးခုနစ်ကောင်နှင့် သိုးထီးခုနစ် ကောင်တို့ကိုယူ ပြီးလျှင်၊ ငါ့ကျွန်ယောဘ ထံသို့သွား၍၊ မိမိတို့မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ့ကျွန်ယောဘသည် သင်တို့အဘို့ ဆုတောင်းရမည်။ သူ၏မျက်နှာကို ငါထောက်မည်။ သို့မဟုတ်ငါ့ကျွန်ယောဘသည် ငါ့ အကြောင်းအရာတို့ကို ဟုတ်မှန်စွာပြောသကဲ့သို့၊ သင်တို့ သည် မပြောသောအပြစ်နှင့် အလျောက်ငါစီရင်မည်ဟု မိန့်တော်မူ၏။

ယဇ်​ပူ​ဇော်​ရန်​အ​တွက်​မြေ​ဖြင့်​ပလ္လင်​တည်​ရ​မည်။ ထို​ယဇ်​ပလ္လင်​ပေါ်​တွင်​သင်​တို့​၏​သိုး၊ နွား၊ ဆိတ်​ယဇ် ကောင်​လုံး​ကို​သော်​လည်း​ကောင်း၊ မိတ်​သ​ဟာ​ယ ယဇ်​ကို​သော်​လည်း​ကောင်း မီး​ရှို့​ပူ​ဇော်​ရ​မည်။ ငါ့ အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​သတ်​မှတ်​ထား​သော အ​ရပ်​ခပ်​သိမ်း​သို့ ငါ​ကြွ​လာ​၍​သင်​တို့​ကို ကောင်း​ချီး​ပေး​မည်။-

မတရားသောသူ ပူဇော်သောယဇ်ကို ထာဝရ ဘုရားစက်ဆုပ် ရွံ့ရှာတော်မူ၏။ သဘောဖြောင့်သောသူ ဆုတောင်းသော ပဌနာကိုကား၊ နှစ်သက်တော်မူ၏။

သို့​ဖြစ်​၍​ငါ​၏​လူ​မျိုး​တော်​သည်​သင်​ပြန် ကြား​ရန် ရှိ​သည့်​အ​မိန့်​တော်​ကို​နား​ထောင် ရန်​သင့်​ရှေ့​သို့​စု​ရုံး​လာ​ကြ​၏။ သို့​ရာ​တွင် သူ​တို့​သည်​သင်​ပြော​သည့်​အ​တိုင်း​မ​လုပ် ကြ။ ချစ်​ဖွယ်​သော​စ​ကား​များ​ပြော​ဆို​နေ ကြ​သော်​လည်း​လော​ဘ​စိတ်​အ​တိုင်း​ကျင့် ကြံ​ကြ​၏။-

သူ​သည်​ခု​နစ်​ရက်​ပတ်​လုံး​နေ့​စဉ်​နေ့​တိုင်း ထာ​ဝ​ရ​ဘု​ရား​အား​အ​ပြစ်​အ​နာ​ဆာ​ကင်း သည့်​နွား​ထီး​ခု​နစ်​ကောင်​နှင့်​သိုး​ထီး​ခု​နစ် ကောင်​ကို​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ဆိတ်​ထီး​တစ်​ကောင်​ကို​အ​ပြစ်​ဖြေ​ရာ​ယဇ် အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ပူ​ဇော်​ရ​မည်။-

နောက်​တစ်​နေ့​နံ​နက်​တွင်​ဗာ​လက်​ဘု​ရင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မြင်​သာ​နိုင် သော​ဗား​မော့​ဗာ​လ​တောင်​ကုန်း​ပေါ်​သို့ ဗာ​လမ်​အား​ခေါ်​ဆောင်​သွား​လေ​သည်။

ဗာ​လမ်​စေ​ခိုင်း​သည့်​အ​တိုင်း​ဗာ​လက်​သည် ဆောင်​ရွက်​၍ သူ​တို့​နှစ်​ဦး​သည်​ယဇ်​ပလ္လင်​တစ်​ခု စီ​ပေါ်​တွင်​နွား​တစ်​ကောင်​နှင့်​သိုး​တစ်​ကောင် ကို​ယဇ်​ပူ​ဇော်​ကြ​လေ​သည်။-

ဗာ​လမ်​က ဘု​ရင်​အား``ဤ​အ​ရပ်​တွင်​ငါ့​အ​တွက် ယဇ်​ပလ္လင်​ခု​နစ်​ခု​ကို​တည်​လော့။ နွား​ထီး​ခု​နစ် ကောင်​နှင့်​သိုး​ထီး​ခု​နစ်​ကောင်​ကို​ယူ​ဆောင်​ခဲ့ လော့'' ဟု​စေ​ခိုင်း​လေ​သည်။-

ဗာ​လက်​ဘု​ရင်​သည်​ဗာ​လမ်​စေ​ခိုင်း​သည့်​အ​တိုင်း ယဇ်​ပလ္လင်​များ​တည်​၍ တစ်​ခု​စီ​ပေါ်​တွင်​နွား​ထီး တစ်​ကောင်​နှင့်​သိုး​ထီး​တစ်​ကောင်​ကို​ပူ​ဇော် လေ​၏။

သတ္တ​မ​နေ့​တွင်​အ​ပြစ်​အ​နာ​ကင်း​သော​နွား ပျို​ခု​နစ်​ကောင်၊ သိုး​ထီး​နှစ်​ကောင်​နှင့်​တစ်​နှစ် သား​အ​ရွယ်​သိုး​ထီး​တစ်​ဆယ့်​လေး​ကောင် ကို​ပူ​ဇော်​ရ​မည်။-

``ကြောင်​သူ​တော်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ လူ​တို့​ကောင်း​ကင် နိုင်​ငံ​တော်​သို့​ဝင်​မည်​ပြု​သော​အ​ခါ​သင်​တို့​သည် တံခါး​ပိတ်​လိုက်​ကြ​၏။ သင်​တို့​ကိုယ်​တိုင်​လည်း​မ​ဝင်၊ ဝင်​ရန်​ကြိုး​စား​သူ​များ​ကို​လည်း​ဝင်​ခွင့်​မ​ပြု​ကြ။

သူ​တို့​သည်​အ​မင်္ဂလာ​ရှိ​ပါ​သည်​တ​ကား။ သူ တို့​သည်​ကာ​ဣ​န​၏​လမ်း​စဉ်​ကို​လိုက်​ကြ​လေ ကုန်​ပြီ။ ငွေ​ကို​စုံ​မက်​သ​ဖြင့်​ဗာ​လမ်​၏​အ​မှား မျိုး​ကို​ပြု​ကြ​လေ​ကုန်​ပြီ။ ကော​ရ​ကဲ့​သို့ တော်​လှန်​ပုန်​ကန်​ကြ​သ​ဖြင့် ဆုံး​ရှုံး​ပျက်​စီး ကြ​ကုန်​၏။-

ရှ​မွေ​လ​က``ထာ​ဝ​ရ​ဘု​ရား​သည်​မီး​ရှို့ ရာ​ယဇ်​အ​စ​ရှိ​သည့်​ပူ​ဇော်​သကာ​များ ဆက်​သ​မှု​နှင့် မိ​မိ​၏​အ​မိန့်​တော်​နာ​ခံ မှု​တို့​အ​နက်​မည်​သည်​ကို​ပို​၍​နှစ်​သက်​တော် မူ​ပါ​သ​နည်း။ နာ​ခံ​ခြင်း​သည်​အ​ဆူ​ဖြိုး ဆုံး​သိုး​ကို​ယဇ်​ပူ​ဇော်​ခြင်း​ထက်​ပို​၍​မြတ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ