ကောင်းကင်တမန်ကလည်း``ဤသူတို့နှင့် အတူလိုက်သွားလော့။ သို့ရာတွင်ငါပြော စေလိုသည့်အတိုင်းသာပြောဆိုရမည်'' ဟုဆို၏။ သို့ဖြစ်၍ဗာလမ်သည်သူတို့နှင့် အတူလိုက်ပါသွားလေ၏။
သို့ရာတွင်မိက္ခာက``ငါသည်ထာဝရဘုရားမိန့် တော်မူသည့်အတိုင်းဖော်ပြရလိမ့်မည်ဖြစ် ကြောင်း အသက်ရှင်တော်မူသောထာဝရဘုရား ကိုတိုင်တည်၍ငါဆို၏'' ဟုပြော၏။
သို့ဖြစ်၍ငါသည်သူတို့အားခေါင်းမာမြဲမာ စေရန်နှင့် သူတို့အလိုအတိုင်းပြုကျင့်စေရန်အခွင့်ပေး၏။
ဖြောင့်သောလမ်းသို့ လိုက်သောသူသည် ဘေး လွတ်လိမ့်မည်။ ကောက်သောလမ်းသို့ လိုက်သောသူမူကား၊ ချက်ခြင်းလဲလိမ့်မည်။
ဗာလက်ဘုရင်သည်ဗာလမ်လာနေကြောင်း ကိုကြားသိရသောအခါ မောဘပြည်နယ်စပ် အာနုန်မြစ်ကမ်းပေါ်ရှိအာရမြို့သို့သွား၍ ကြိုဆို၏။-
သို့ရာတွင်ငါသည်ဗာလမ်၏လျှောက်ဆိုချက် ကိုလက်မခံသဖြင့် သူသည်သင်တို့ကိုကောင်း ချီးပေးလေသည်။ ဤနည်းအားဖြင့်ငါသည် သင်တို့အားဗာလက်၏လက်မှကယ်တင်ခဲ့ သည်။-