ထိုအခါထာဝရဘုရားသည်မြည်းကိုလူကဲ့ သို့ စကားပြောစေသဖြင့်မြည်းကဗာလမ် အား``ငါ့ကိုအဘယ်အပြစ်ကြောင့်သုံးကြိမ် တိုင်အောင်ရိုက်ရပါသနည်း'' ဟုမေးလေ သည်။
ထိုအခါထာဝရဘုရားက``လူကိုမည်သူ ကစကားပြောစေသနည်း။ လူကိုမည်သူက နားထိုင်းဆွံ့အစေသနည်း။ လူကိုမည်သူက စက္ခုအလင်းရစေသနည်း။ သို့မဟုတ်မျက်စိ ကွယ်စေသနည်း။ ငါထာဝရဘုရားပင် မဟုတ်ပါလော။-
ဗာလမ်က``သင်သည်ငါ့ကိုအရူးဖြစ်အောင် ပြုလုပ်ပါသည်တကား။ ငါ့လက်ထဲ၌ဋ္ဌား ရှိလျှင်သင့်ကိုငါသတ်မည်'' ဟုဆိုလေ၏။
ဘုရားသခင်တတ်နိုင်တော်မမူသောအရာ တစ်စုံတစ်ခုမျှမရှိ'' ဟုဆို၏။
အဖန်ဆင်းခံကမ္ဘာလောကတစ်ခုလုံးသည် သားဖွားခြင်းဝေဒနာကဲ့သို့ပြင်းပြသော ဝေဒနာဖြင့် ယခုအချိန်တိုင်အောင်ညည်း တွားလျက်ရှိကြောင်းငါတို့သိကြ၏။-
အဘယ်ကြောင့်ဆိုသော်ကျမ်းစာတော်တွင် ``ပညာရှိတို့၏ဉာဏ်ပညာကိုငါဖျက်ဆီးမည်။ အသိပညာရှင်တို့၏အသိပညာကိုလည်း ငါပယ်ရှားမည်'' ဟုရေးသားဖော်ပြထားသောကြောင့်ဖြစ်၏။-
မိမိ၏အပြစ်ဒုစရိုက်အတွက်ဆုံးမခြင်းကို ခံရသူတည်း။ မြည်းကလူဘာသာစကား ကိုပြော၍ထိုပရောဖက်၏မိုက်မဲမှုကို ဟန့်တားလိုက်လေသည်။