Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 22:23

Common Language Bible

မြည်း​သည်​လမ်း​ပေါ်​တွင်​ဋ္ဌား​ကို​ကိုင်​ဆွဲ​လျက် ရပ်​နေ​သော ကောင်း​ကင်​တ​မန်​ကို​မြင်​လျှင်​လမ်း လွှဲ​၍​လယ်​ကွင်း​ထဲ​သို့​ဆင်း​လေ​၏။ ထို​အ​ခါ ဗာ​လမ်​သည်​မြည်း​ကို​ရိုက်​၍​လမ်း​မ​ပေါ်​သို့ ပြန်​တက်​စေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​သူ​သည်``အို ထာ​ဝရ​ဘု​ရား၊ ဤ​သူ​၏ မျက်​စိ​ကို​ဖွင့်​တော်​မူ​ပါ'' ဟု​ဆု​တောင်း​သည် အ​တိုင်း​ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​၏​မျက်​စိ ကို​ဖွင့်​တော်​မူ​သ​ဖြင့် သူ​သည်​ဧ​လိ​ရှဲ​၏​ပတ် လည်​တောင်​ကုန်း​ပေါ်​၌ မီး​မြင်း​များ​နှင့်​မီး စစ်​ရ​ထား​များ​ပြည့်​နှက်​လျက်​နေ​သည်​ကို မြင်​လေ​၏။

ကောင်း​ကင်​တ​မန်​သည်​ယေ​ရု​ရှ​လင်​မြို့​ကို ဖျက်​ဆီး​ပစ်​ရန် ဋ္ဌား​ကို​ကိုင်​ကာ​လေ​ထဲ​တွင် ရပ်​နေ​သည်​ကို​ဒါ​ဝိဒ်​မြင်​လေ​၏။ ထို​အ​ခါ သူ​သည်​ဣ​သ​ရေ​လ​ပြည်​သား​ခေါင်း​ဆောင် များ​နှင့်​အ​တူ မြေ​သို့​တိုင်​အောင်​ဦး​ညွှတ် ပျပ်​ဝပ်​လိုက်​၏။ သူ​တို့​အား​လုံး​ပင်​လျှင် လျှော်​တေ​အ​ဝတ်​ကို​ဝတ်​ဆင်​ထား​သ​တည်း။-

မိုး​ကောင်း​ကင်​၌​ပျံ​ဝဲ​လျက်​ရှိ​သော​ငှက် ကျား​ပင်​လျှင် မိ​မိ​ပြန်​ရ​မည့်​အ​ချိန်​သိ​၏။ ချိုး၊ ပျံ​လွှား​နှင့်​ကြိုး​ကြာ​တို့​သည်​လည်း မိ​မိ တို့​ကျက်​စား​ရာ​အ​ရပ်၊ ပြောင်း​ရွှေ့​ချိန်​ကို​သိ ကြ​၏။ သို့​ရာ​တွင်​ငါ​၏​လူ​မျိုး​တော်၊ သင် တို့​သည်​မိ​မိ​တို့​အ​တွက်​ထာ​ဝ​ရ​ဘု​ရား ပြ​ဋ္ဌာန်း​ထား​သည့်​တ​ရား​တော်​ကို​မ​သိ ကြ။-

ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​ငါ​ဒံ​ယေ​လ​တစ် ယောက်​တည်း​သာ​မြင်​ရ​၏။ ငါ​နှင့်​အ​တူ ရှိ​သော​သူ​တို့​သည်​အ​ဘယ်​အ​ရာ​ကို​မျှ မ​မြင်​ကြ​ရ။ သို့​ရာ​တွင်​သူ​တို့​သည် ထိတ် လန့်​တုန်​လှုပ်​လျက်​ထွက်​ပြေး​ပုန်း​အောင်း နေ​ကြ​၏။-

ထို​သို့​ဗာ​လမ်​လိုက်​သွား​သ​ဖြင့်​ဘု​ရား​သ​ခင်​သည် အ​မျက်​တော်​ထွက်​လေ​၏။ ဗာ​လမ် သည်​အ​စေ​ခံ​နှစ်​ယောက်​လိုက်​ပါ​လျက်​မြည်း ကို​စီး​၍​သွား​နေ​စဉ် ထာ​ဝ​ရ​ဘု​ရား​၏ ကောင်း​ကင်​တ​မန်​သည်​သူ​သွား​ရာ​လမ်း ပေါ်​တွင်​ရပ်​၍​တား​ဆီး​နေ​၏။-

ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​စ​ပျစ်​ဥ​ယျာဉ် နှစ်​ခု​၏ ကျောက်​နံ​ရံ​အ​ကြား​လမ်း​ကျဉ်း​ပေါ် တွင်​ရပ်​နေ​လေ​သည်။-

အကျွန်ုပ်​နှင့်​အ​တူ​ပါ​လာ​ကြ​သော​သူ​တို့ သည် ထို​အ​လင်း​ရောင်​ကို​မြင်​ရ​ကြ​သော် လည်း အ​ကျွန်ုပ်​အား​မိန့်​မှာ​တော်​မူ​သော​အ​ရှင် ၏​အ​သံ​ကို​မူ​မ​ကြား​ရ​ကြ။-

ယော​ရှု​သည်​ယေ​ရိ​ခေါ​မြို့​အ​နီး​သို့​ရောက်​ရှိ လာ​စဉ် မိ​မိ​ရှေ့​တွင်​ဋ္ဌား​လွတ်​ကိုင်​သူ​တစ်​ဦး ရပ်​နေ​သည်​ကို​ရုတ်​တ​ရက်​မြင်​ရ​သည်။ ယော​ရှု သည်​ထို​သူ​ထံ​သို့​ချဉ်း​ကပ်​၍``သင်​သည်​ငါ​တို့ ဘက်​တော်​သား​လော၊ ရန်​သူ​လော'' ဟု​မေး​၏။

မိ​မိ​၏​အ​ပြစ်​ဒုစရိုက်​အ​တွက်​ဆုံး​မ​ခြင်း​ကို ခံ​ရ​သူ​တည်း။ မြည်း​က​လူ​ဘာ​သာ​စ​ကား ကို​ပြော​၍​ထို​ပ​ရော​ဖက်​၏​မိုက်​မဲ​မှု​ကို ဟန့်​တား​လိုက်​လေ​သည်။

သူ​တို့​သည်​အ​မင်္ဂလာ​ရှိ​ပါ​သည်​တ​ကား။ သူ တို့​သည်​ကာ​ဣ​န​၏​လမ်း​စဉ်​ကို​လိုက်​ကြ​လေ ကုန်​ပြီ။ ငွေ​ကို​စုံ​မက်​သ​ဖြင့်​ဗာ​လမ်​၏​အ​မှား မျိုး​ကို​ပြု​ကြ​လေ​ကုန်​ပြီ။ ကော​ရ​ကဲ့​သို့ တော်​လှန်​ပုန်​ကန်​ကြ​သ​ဖြင့် ဆုံး​ရှုံး​ပျက်​စီး ကြ​ကုန်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ