Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 21:8

Common Language Bible

ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား သတ္တု မြွေ​ရုပ်​ကို​ပြု​လုပ်​၍​တိုင်​ထိပ်​တွင်​တင်​ထား​ရန် ခိုင်း​စေ​တော်​မူ​၏။ မြွေ​ကိုက်​ခံ​ရ​သော​သူ​သည် မြွေ​ရုပ်​ကို​ကြည့်​လျှင် အ​သက်​ချမ်း​သာ​ရာ​ရ မည်​ဖြစ်​ကြောင်း​ဆင့်​ဆို​စေ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​ရုပ်​တု​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​များ ကို​ဖျက်​သိမ်း​၍ ကျောက်​တိုင်​များ​ကို​ချိုး​ဖျက် ကာ​အာ​ရှ​ရ​ဘု​ရား​မ​အား​ဆက်​ကပ်​ပူ​ဇော် ထား​သည့်​တံ​ခွန်​တိုင်​တို့​ကို​ခုတ်​လှဲ​၏။ မော​ရှေ ပြု​လုပ်​ခဲ့​သည့်​ကြေး​ဝါ​မြွေ​ကို​လည်း အ​ပိုင်း ပိုင်း​ဖြတ်​လေ​သည်။ ထို​မြွေ​ရုပ်​ကား​န​ဟုတ္တန်​ဟု နာ​မည်​တွင်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​ထို​အ​ချိန်​ကာ​လ​တိုင်​အောင်​ပင် ထို​မြွေ ရုပ်​အား​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​၍​ပူ​ဇော်​ခဲ့ ကြ​သ​တည်း။-

ထာ​ဝ​ရ​ဘု​ရား​သည်​ချစ်​တတ်​သော​သ​ဘော၊ သည်း​ခံ​တတ်​သော​သ​ဘော​ရှိ​တော်​မူ​၍ ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့်​ကြွယ်​ဝ​တော် မူ​၏။

အို ဖိ​လိတ္တိ​အ​မျိုး​သား​တို့၊ သင်​တို့​အား​ရိုက် နှက်​သည့်​တုတ်​သည်​ကျိုး​၍​သွား​ပြီ​ဖြစ်​သော် လည်း​သင်​တို့​ဝမ်း​မြောက်​ကြ​ရန်​အ​ကြောင်း မ​ရှိ။ မြွေ​တစ်​ကောင်​သေ​သော​အ​ခါ​ထို​မြွေ ထက်​ဆိုး​သည့်​အ​ခြား​မြွေ​တစ်​ကောင်​ပေါက် ၍​လာ​လိမ့်​မည်။ မြွေ​ဥ​မှ​အ​ဆိပ်​ပြင်း​သော န​ဂါး​ပျံ​ပေါက်​ဖွား​လာ​တတ်​ပါ​သည် တ​ကား။-

ဤ​ဗျာ​ဒိတ်​တော်​သည်​တောင်​ပိုင်း​သဲ​ကန္တာ​ရ တွင်​ရှိ​သည့် တိ​ရစ္ဆာန်​များ​နှင့်​သက်​ဆိုင်​သော ဗျာ​ဒိတ်​တော်​ဖြစ်​၏။ ကိုယ်​တော်​က``သံ​တ​မန် တို့​သည်​ခြင်္သေ့​များ​ခို​အောင်း​ရာ၊ မြွေ​ဆိုး​များ၊ န​ဂါး​ပျံ​များ​ရှိ​၍​ဘေး​အန္တ​ရာယ်​ပေါ​များ ရာ​အ​ရပ်​ကို​ဖြတ်​၍​သွား​ရ​ကြ​၏။ ထို​သူ​တို့ သည်​မိ​မိ​တို့​အား​အ​ဘယ်​အ​ကူ​အ​ညီ​မျှ မ​ပေး​နိုင်​သည့်​လူ​မျိုး​အ​တွက် အ​ဖိုး​ထိုက် လက်​ဆောင်​ပဏ္ဏာ​များ​ကို​မြည်း​များ၊ ကု​လား အုတ်​များ​နှင့်​တင်​ယူ​လာ​ကြ​၏။-

``ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့၊​ငါ့​ထံ​သို့​လာ​၍ ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို​ခံ​ယူ​ကြ​လော့။ တစ်​ဆူ​တည်း​ရှိ​တော်​မူ​သော​ဘု​ရား​ကား ငါ​ပင်​တည်း။

မိ​မိ​အား​ယုံ​ကြည်​သူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ အ​သက်​ကို​ရ​ရှိ​ကြ​စေ​ရန် လူ​သား​သည်​တော ကန္တာ​ရ​၌​တိုင်​ထိပ်​တွင်​မော​ရှေ​မြှောက်​တင်​ထား သည့်​ကြေး​မြွေ​ရုပ်​ကဲ့​သို့​မြှောက်​တင်​ခြင်း ခံ​ရ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ