Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 21:6

Common Language Bible

ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ရှိ​ရာ​သို့​မြွေ​ဆိုး​များ​ကို​စေ လွှတ်​သ​ဖြင့် လူ​ပေါင်း​များ​စွာ​တို့​သည်​မြွေ ကိုက်​ခံ​ရ​၍​သေ​ဆုံး​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

အို ဖိ​လိတ္တိ​အ​မျိုး​သား​တို့၊ သင်​တို့​အား​ရိုက် နှက်​သည့်​တုတ်​သည်​ကျိုး​၍​သွား​ပြီ​ဖြစ်​သော် လည်း​သင်​တို့​ဝမ်း​မြောက်​ကြ​ရန်​အ​ကြောင်း မ​ရှိ။ မြွေ​တစ်​ကောင်​သေ​သော​အ​ခါ​ထို​မြွေ ထက်​ဆိုး​သည့်​အ​ခြား​မြွေ​တစ်​ကောင်​ပေါက် ၍​လာ​လိမ့်​မည်။ မြွေ​ဥ​မှ​အ​ဆိပ်​ပြင်း​သော န​ဂါး​ပျံ​ပေါက်​ဖွား​လာ​တတ်​ပါ​သည် တ​ကား။-

ဤ​ဗျာ​ဒိတ်​တော်​သည်​တောင်​ပိုင်း​သဲ​ကန္တာ​ရ တွင်​ရှိ​သည့် တိ​ရစ္ဆာန်​များ​နှင့်​သက်​ဆိုင်​သော ဗျာ​ဒိတ်​တော်​ဖြစ်​၏။ ကိုယ်​တော်​က``သံ​တ​မန် တို့​သည်​ခြင်္သေ့​များ​ခို​အောင်း​ရာ၊ မြွေ​ဆိုး​များ၊ န​ဂါး​ပျံ​များ​ရှိ​၍​ဘေး​အန္တ​ရာယ်​ပေါ​များ ရာ​အ​ရပ်​ကို​ဖြတ်​၍​သွား​ရ​ကြ​၏။ ထို​သူ​တို့ သည်​မိ​မိ​တို့​အား​အ​ဘယ်​အ​ကူ​အ​ညီ​မျှ မ​ပေး​နိုင်​သည့်​လူ​မျိုး​အ​တွက် အ​ဖိုး​ထိုက် လက်​ဆောင်​ပဏ္ဏာ​များ​ကို​မြည်း​များ၊ ကု​လား အုတ်​များ​နှင့်​တင်​ယူ​လာ​ကြ​၏။-

ထာ​ဝ​ရ​ဘု​ရား​က``သ​တိ​ဝိ​ရိ​ယ​နှင့်​နေ ကြ​လော့။ ငါ​သည်​သင်​တို့​အ​ထဲ​သို့​မြွေ​များ၊ အ​လမ္ပာယ်​ဆရာ​မ​နိုင်​သည့်​မြွေ​ဆိုး​များ​ကို စေ​လွှတ်​မည်။ ထို​မြွေ​တို့​သည်​သင်​တို့​ကို ကိုက်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

``သို့​တည်း​မ​ဟုတ်​ငါ​သည်​လူ​တို့​အား​သုတ် သင်​ရန် သား​ရဲ​တိ​ရစ္ဆာန်​များ​ကို​စေ​လွှတ်​သ​ဖြင့် ထို​ပြည်​၌​လူ​သူ​ကင်း​မဲ့​လျက်​ဖြတ်​သန်း သွား​လာ​ရန်​မ​ဖြစ်​နိုင်​အောင် သား​ရဲ​တိရစ္ဆာန် များ​ကြောင့်​အန္တ​ရာယ်​ရှိ​လိမ့်​မည်။-

ငါ​တို့​သည်​ထို​သူ​အ​ချို့​တို့​ကဲ့​သို့​ထာ​ဝ​ရ ဘု​ရား​ရှင်​အား အ​ကဲ​မ​စမ်း​ကြ​နှင့်။ သူ​တို့ ကား​မြွေ​ကိုက်​၍​သေ​ခဲ့​ကြ​လေ​ပြီ။-

ကိုယ်​တော်​သည်​သင်​တို့​အား​မြွေ​ဆိုး​နှင့်​ကင်း​မီး ကောက်​ပေါ​၍ ကျယ်​ဝန်း​ကြောက်​မက်​ဖွယ်​ကောင်း သော​တော​ကန္တာ​ရ​ကို​ဖြတ်​သန်း​ပို့​ဆောင်​တော် မူ​ခဲ့​၏။ ခြောက်​သွေ့​၍​ရေ​မ​ရှိ​သော​အ​ရပ်​တွင် ကိုယ်​တော်​သည်​ကျောက်​ဆောင်​မှ​ရေ​ကို​ထွက်​စေ တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ