Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 21:4

Common Language Bible

ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဟော​ရ တောင်​မှ​ထွက်​ခွာ​၍​ဧ​ဒုံ​ပြည်​ကို​ရှောင်​ကွင်း​သွား​ရန် အ​ကွာ​ဘာ​ပင်​လယ်​ကွေ့​သို့​သွား​ရာ​လမ်း​အ​တိုင်း ချီ​တက်​ကြ​လေ​သည်။ သို့​ရာ​တွင်​သူ​တို့​သည် လမ်း​ခု​လတ်​တွင် စိတ်​ပျက်​အား​လျော့​လာ​ကြ ပြီး​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

တိုက်​ခိုက်​ရန်​အ​ဘယ်​လမ်း​ဖြင့်​ချီတက်​ကြ​ပါ​မည် နည်း'' ဟု​မေး​၏။ ယော​ရံ​က``ကျွန်ုပ်​တို့​သည်​ဧ​ဒုံ​တော​ကန္တာ​ရ​လမ်း​ကို ဖြတ်​၍ လမ်း​ရှည်​ဖြင့်​ချီ​တက်​ကြ​ပါ​မည်'' ဟု​ဖြေ ကြား​၏။

မော​ရှေ​သည်​ထို​အ​မိန့်​တော်​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ပြန်​ကြား​သော်​လည်း သူ တို့​သည်​ကျွန်​ခံ​ရ​သော​ဒဏ်​ကြောင့်​အ​လွန်​ပင် ပန်း​နေ​ကြ​သ​ဖြင့်​နား​ထောင်​လက်​ခံ​နိုင်​စွမ်း မ​ရှိ​ကြ​ချေ။

ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည်​အ​တိုင်း မော​ရှေ​ဆောင်​ရွက်​လေ​သည်။ ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​ရှေ့​တွင် သူ​တို့​သည်​ဟော​ရ တောင်​ပေါ်​သို့​တက်​သွား​ကြ​၏။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ယော်​ဒန် မြစ်​ကို​ကူး​၍ ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား တော်​မူ​သော​ပြည်​သို့​ဝင်​ရောက်​ရေး​တွင် သင် တို့​သည်​အ​ဘယ်​ကြောင့်​သူ​တို့​ကို​စိတ် ပျက်​အား​လျော့​စေ​ကြ​သ​နည်း။-

သူ​တို့​သည်​ဧ​ရှကော​လ​ချိုင့်​ဝှမ်း​သို့​တိုင်​အောင် သွား​ရောက်​ခဲ့​ကြ​၍ ထို​ပြည်​ကို​တွေ့​မြင်​ပြီး နောက်​ပြန်​လည်​ရောက်​ရှိ​လာ​ကြ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား​တော်​မူ​သော ပြည်​သို့​မ​သွား​ရန်​လူ​တို့​ကို​တိုက်​တွန်း ကြ​၏။-

ဟော​ရ​တောင်​မှ​မော​ဘ​လွင်​ပြင်​သို့​သွား သော​ခ​ရီး​လမ်း​တွင် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ရပ်​နား​ခဲ့​သော​စ​ခန်း​များ​နာ​မည် စာ​ရင်း​မှာ​ဇာ​လ​မော​န၊ ပု​နုန်၊ သြ​ဗုတ်၊ မော​ဘ​ပြည်​ထဲ​ရှိ​ဣ​ဇာ​ဗာ​ရိမ်၊ ဒိ​ဗုန်​ဂဒ်၊ အာ​လ​မုန်​ဒိ ဗ​လ​သိမ်၊ နေ​ဗော​တောင်​အ​နီး ရှိ​အာ​ဗ​ရိမ်​တောင်၊ ဗက်​ယေ​ရှိ​မုတ်​နှင့်​အာ ကာ​ရှား​ချိုင့်​ဝှမ်း​အ​ကြား​ယေ​ရိ​ခေါ​မြို့ တစ်​ဖက်​ယော်​ဒန်​မြစ်​နား​ရှိ​မော​ဘ​လွင် ပြင်​တို့​ဖြစ်​သည်။

``ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့ ဝင်​ရန် ဒုက္ခ​ဆင်း​ရဲ​များ​စွာ​ခံ​ရ​ကြ​လိမ့်​မည်'' ဟု​ဟော​ပြော​သွန်​သင်​ကာ​တ​ပည့်​တော်​တို့ အား​ကြံ့​ခိုင်​စေ​ကြ​၏။ သူ​တို့​၏​ယုံ​ကြည်​ခြင်း ခိုင်​မြဲ​စေ​ရန်​အား​ပေး​နှိုး​ဆော်​ကြ​၏။-

သင်​တို့​မူ​ကား​လှည့်​၍​အာ​ကာ​ဘာ​ပင်​လယ် ကွေ့​သို့​ဦး​တည်​လျက် တော​ကန္တာ​ရ​ထဲ​သို့​ပြန် ကြ​လော့' ဟု​မိန့်​တော်​မူ​၏။''

ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း​လှည့်​၍ အာ​ကာ​ဘာ​ပင်​လယ်​ကွေ့​သို့​ဦး တည်​လျက် တော​ကန္တာ​ရ​ထဲ​သို့​ပြန်​သွား​ကြ​ပြီး လျှင် တောင်​ကုန်း​ဒေ​သ​ဖြစ်​သော​ဧ​ဒုံ​ပြည်​တွင် ကြာ​မြင့်​စွာ​လှည့်​လည်​နေ​ထိုင်​ရ​ကြ​၏။-

ထို​နောက်​သူ​တို့​သည်​ဧ​ဒုံ​ပြည်​နှင့်​မော​ဘ ပြည်​တို့​ကို​ပတ်​၍​သဲ​ကန္တာ​ရ​ကို​ဖြတ်​ပြီး လျှင် မော​ဘ​ပြည်​၏​အ​ရှေ့​ဘက်၊ အာ​နုန်​မြစ် တစ်​ဘက်​ကမ်း​သို့​ရောက်​ရှိ​လာ​သော​အ​ခါ ထို​အ​ရပ်​တွင်​စ​ခန်း​ချ​ကြ​၏။ အာ​နုန်​မြစ် သည်​မော​ဘ​ပြည်​၏​နယ်​နိ​မိတ်​ဖြစ်​သ​ဖြင့် ထို​မြစ်​ကို​သူ​တို့​မ​ကူး​မ​ဖြတ်​ကြ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ