တောလည် 21:24Common Language Bibleသို့ရာတွင်ဣသရေလအမျိုးသားတို့သည်ရန် သူများစွာတို့ကို တိုက်ပွဲ၌ကျဆုံးစေပြီးလျှင် အာနုန်မြစ်မှမြောက်ဘက်အမ္မုန်ပြည်နယ်စပ် ယဗ္ဗုတ်မြစ်တိုင်အောင် ရှိဟုန်ဘုရင်၏နယ်မြေ များကိုသိမ်းယူကြလေသည်။ အမ္မုန်ပြည် နယ်စပ်တိုင်အောင်သာချီတက်နိုင်ခြင်းမှာ ထိုနယ်စပ်ကိုခိုင်ခံ့စွာကာကွယ်ထားခြင်း ကြောင့်ဖြစ်သည်။- အခန်းကိုကြည့်ပါ။ |
ထိုနောက်ငါသည်သင်တို့ကိုအာမောရိအမျိုး သားတို့နေထိုင်ရာယော်ဒန်မြစ်အရှေ့ဘက်သို့ ပို့ဆောင်ခဲ့သည်။ သူတို့သည်သင်တို့ကိုတိုက်ခိုက် ကြသော်လည်းငါသည်သင်တို့အားအနိုင်ရစေ၏။ သင်တို့သည်သူတို့၏ပြည်ကိုချီတက်သိမ်းပိုက် သောအခါငါသည်သူတို့ကိုသုတ်သင်ပယ်ရှင်း ခဲ့၏။-
အမ္မုန်ဘုရင်က``ဣသရေလအမျိုးသားတို့ သည်အီဂျစ်ပြည်မှထွက်ခွာလာသောအခါ ငါ၏နယ်မြေကိုအာနုန်မြစ်မှယဗ္ဗုတ်မြစ် နှင့်ယော်ဒန်မြစ်တိုင်အောင်သိမ်းယူခဲ့ကြ၏။ သို့ဖြစ်၍သင်တို့သည်ယခုအခါထိုနယ် မြေကို ငါ့အားငြိမ်းချမ်းစွာပြန်လည်ပေး အပ်ရကြမည်'' ဟုစေတမန်တို့အားပြန် ကြားစေ၏။