Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 21:16

Common Language Bible

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထို​အ​ရပ်​မှ ရေ​တွင်း​ဟု​အ​နက်​ရှိ​သော​ဗေ​ရ​စ​ခန်း​သို့ ရောက်​ကြ​လေ​သည်။ ထို​စ​ခန်း​တွင်​ထာ​ဝ​ရ ဘု​ရား​က​မော​ရှေ​အား``လူ​အ​ပေါင်း​တို့​ကို စု​ရုံး​စေ​လော့။ ငါ​သည်​သူ​တို့​အား​ရေ​ပေး မည်'' ဟု​မိန့်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ဘု​ရား​သ​ခင်​သည်​ဟာ​ဂ​ရ​၏​မျက်​စိ ကို​ဖွင့်​တော်​မူ​သ​ဖြင့်​သူ​သည်​ရေ​တွင်း​ကို​မြင်​ရ လေ​၏။ သူ​သည်​သား​ရေ​ဘူး​တွင်​ရေ​တွင်း​မှ​ရေ နှင့်​ဖြည့်​၍​သား​ငယ်​ကို​ရေ​တိုက်​လေ​သည်။-

သိ​နာ​တောင်​၌​ရှိ​သော​ကျောက်​ဆောင်​အ​နီး တွင်​ငါ​ရပ်​နေ​မည်။ သင်​သည်​ကျောက်​ဆောင် ကို​ရိုက်​လော့။ ထို​ကျောက်​ဆောင်​မှ​လူ​တို့ သောက်​ရန်​ရေစီး​ထွက်​လာ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။ မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​ခေါင်း​ဆောင်​တို့​ရှေ့​မှောက်​တွင် ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း​ကျောက် ဆောင်​ကို​ရိုက်​လေ​၏။

ရေ​ကောင်း​ရေ​သန့်​သည်​ရေ​ငတ်​သူ​တို့​အား ရွှင်​ပြ​စေ​သ​ကဲ့​သို့ ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​သည်၊ ကိုယ်​တော်​ကယ်​တင်​တော်​မူ​သော​အ​ခါ ရွှင်​လန်း​ဝမ်း​မြောက်​လိမ့်​မည်။

မော​ဘ​ပြည်၊ နယ်​စပ်​အ​နှံ့​အ​ပြား​တွင်​ငို ကြွေး​မြည်​တမ်း​သံ​ကို​ကြား​ရကြ​၏။ ထို အ​သံ​ကို​ဧ​ဂ​လိမ်​မြို့​နှင့်​ဗေ​ရ​ဧ​လိမ်​မြို့ မှ​ပင်​ကြား​ရ​ကြ​လေ​သည်။-

တော​တိ​ရစ္ဆာန်​များ​ပင်​လျှင်​ငါ​၏​ဂုဏ်​ကျေး​ဇူး​ကို ချီး​ကူး​ကြ​လိမ့်​မည်။ ငါ​သည်​မိ​မိ​ရွေး​ချယ်​ထား​သူ​လူ​တို့ ရေ​ရ​ရှိ​ရေး​အ​တွက်၊သဲ​ကန္တာ​ရ​တွင်​မြစ်​ရေ များ​ကို စီး​ဆင်း​စေ​သော​အ​ခါ၊ ခွေး​အ​များ​နှင့်​ငှက်​ကု​လား​အုတ်​များ​သည် ငါ့​ကို ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။

သူ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​စာ​ရေ​စာ ငတ်​မွတ် ရ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​သည်​မိ​မိ​တို့​အား​ချစ်​မြတ်​နိုး​တော် မူ​သော အ​ရှင်​၏​လမ်း​ပြ​ပို့​ဆောင်​မှု​ကို​ခံ​ယူ​၍၊ နေ​နှင့်​သဲ​ကန္တာ​ရ​အ​ပူ​ရှိန်​ကြောင့်​ဘေး အန္တ​ရာယ် ရောက်​ရ​လိမ့်​မည်​မ​ဟုတ်။ ထို​အ​ရှင်​သည်​သူ​တို့​အား​စမ်း​ရေ​တွင်း​များ ရှိ​ရာ​သို့ ပို့​ဆောင်​တော်​မူ​လိမ့်​မည်။

``ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​တွင် ရှိ​သော​တောင်​ဝှေး ကို​ယူ​လော့။ ထို​နောက်​သင်​နှင့်​အာ​ရုန်​တို့​သည် ဣ​သ ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား​စု​ဝေး​စေ​ရန် ဆင့်​ဆို​လော့။ သူ​တို့​ရှေ့​တွင်​ထို​အ​ရပ်​၌​ရှိ​သော ကျောက်​ဆောင်​ကို ရေ​ထွက်​စေ​ရန်​အ​မိန့်​ပေး​လော့။ သူ​တို့​နှင့်​သူ​တို့​၏​တိ​ရစ္ဆာန်​များ​သောက်​ရန် ကျောက်​တုံး​မှ​ရေ​ပန်း​ထွက်​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။-

သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​ပေး​သ​နား တော်​မူ​သော​ဆု​ကျေး​ဇူး​တော်​ကို​လည်း​ကောင်း၊ သင့်​အား​သောက်​ရေ​တစ်​ခွက်​တောင်း​နေ​သူ​သည် အ​ဘယ်​သူ​ဖြစ်​သည်​ကို​လည်း​ကောင်း​သင်​သည် သိ​ပါ​လျှင် ထို​သူ​၏​ထံ​မှ​အ​သက်​ရေ​ကို တောင်း​လိမ့်​မည်။ ထို​သူ​သည်​လည်း​သင့်​အား ထို​ရေ​ကို​ပေး​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ငါ​ပေး​မည့်​ရေ​ကို​သောက်​သူ​မူ​ကား​အ​ဘယ် အ​ခါ​မျှ​ရေ​ငတ်​တော့​မည်​မ​ဟုတ်။ ထို​ရေ​သည် သူ​၏​အ​တွင်း​၌​ထာ​ဝ​စဉ်​စမ်း​ပေါက်​လျက် သူ့ အား​ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​စေ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ထို​နောက်​ကိုယ်​တော်​က``အ​မှု​ပြီး​ပြီ။ ငါ​သည် ပ​ထ​မ​နှင့်​နောက်​ဆုံး၊ အ​စ​နှင့်​အ​ဆုံး​ဖြစ်​၏။ ရေ​ငတ်​သူ​အား​အ​သက်​စမ်း​ရေ​ကို​အ​ဖိုး အ​ခ​မ​ပေး​ရ​ဘဲ​သောက်​ခွင့်​ငါ​ပေး​မည်။-

ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ငါ့​အား​အ​သက် ရေ​စီး​ရာ​မြစ်​ကို​လည်း​ပြ​၏။ ထို​မြစ်​သည်​ကျောက် သ​လင်း​ကဲ့​သို့​ကြည်​လင်​တောက်​ပ​၍​ဘု​ရား​သ​ခင် နှင့်​သိုး​သူ​ငယ်​တော်​၏​ပလ္လင်​မှ​မြို့​တော်​လမ်း​အ​လယ် တစ်​လျှောက်​စီး​ဆင်း​လျက်​နေ​၏။ ထို​မြစ်​၏​ဝဲ​ယာ တွင်​အ​သက်​ပင်​ရှိ​၏။-

ဝိ​ညာဉ်​တော်​နှင့်​မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​က ``ကြွ​လာ​တော်​မူ​ပါ'' ဟု​ဆို​ကြ​၏။ ထို​သို့​ဆို​သည်​ကို​ကြား​သော​သူ​မှန်​သ​မျှ​သည် လည်း ``ကြွ​လာ​တော်​မူ​ပါ'' ဟု​ဆို​ကြ​ပါ​စေ။ ရေ​ငတ်​သူ​သည်​လာ​ပါ​စေ။ အ​သက်​ရေ​ကို​အ​လို​ရှိ​သူ​သည်​အ​ခ​မဲ့ ယူ​ပါ​စေ။

ထို​နောက်​ယော​သံ​သည်​မိ​မိ​အစ်​ကို​အ​ဘိ မ​လက်​ကို​ကြောက်​သ​ဖြင့် ထွက်​ပြေး​ပြီး လျှင်​ဗေ​ရ​မြို့​သို့​သွား​ရောက်​နေ​ထိုင်​လေ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ