Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 20:21

Common Language Bible

ဧ​ဒုံ​အ​မျိုး​သား​တို့​က​မိ​မိ​တို့​ပြည်​ကို​ဖြတ် သန်း​ခွင့်​မ​ပြု​ကြ​သော​ကြောင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​လှည့်​လည်​၍​အ​ခြား သော​လမ်း​ဖြင့်​ခရီး​ဆက်​ကြ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

``ယ​ခု​အ​ခါ​အမ္မုန်​ပြည်​သား၊ မော​ဘ​ပြည်​သား နှင့်​ဧ​ဒုံ​ပြည်​သား​တို့​သည်​အ​ကျွန်ုပ်​အား​တိုက် ခိုက်​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​များ အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​စဉ်​အ​ခါ​က ဘိုး​ဘေး​တို့​သည်​ထို​ပြည်​များ​သို့​ဝင်​ရောက် ခွင့်​ကို​ကိုယ်​တော်​ပေး​တော်​မ​မူ​ပါ။ သို့​ဖြစ် ၍​သူ​တို့​သည်​ထို​ပြည်​များ​ကို​ရှောင်​ကွင်း ပြီး​လျှင်​မ​ဖျက်​မ​ဆီး​ဘဲ​ထား​ခဲ့​ကြ ပါ​၏။-

သို့​ရာ​တွင်​ရှိ​ဟုန်​ဘု​ရင်​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား မိ​မိ​၏​ပြည်​ကို​ဖြတ် သန်း​ခွင့်​မ​ပေး​ချေ။ သူ​သည်​တော​ကန္တာ​ရ​ရှိ ယာ​ဟတ်​မြို့​သို့​စစ်​ချီ​လာ​ပြီး​လျှင် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​တိုက်​ခိုက်​လေ​သည်။-

ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဟော​ရ တောင်​မှ​ထွက်​ခွာ​၍​ဧ​ဒုံ​ပြည်​ကို​ရှောင်​ကွင်း​သွား​ရန် အ​ကွာ​ဘာ​ပင်​လယ်​ကွေ့​သို့​သွား​ရာ​လမ်း​အ​တိုင်း ချီ​တက်​ကြ​လေ​သည်။ သို့​ရာ​တွင်​သူ​တို့​သည် လမ်း​ခု​လတ်​တွင် စိတ်​ပျက်​အား​လျော့​လာ​ကြ ပြီး​လျှင်၊-

`ကျွန်ုပ်​တို့​အား သင်​၏​ပြည်​ကို​ဖြတ်​သန်း​ခွင့်​ပေး လော့။ ကျွန်ုပ်​တို့​သည် မင်း​ကြီး​၏​ပြည်​ကို​လမ်း​မ ကြီး​အ​တိုင်း​သာ​ဖြတ်​သန်း​သွား​ပါ​မည်။-

``ဧ​ဒုံ​အ​မျိုး​သား​တို့​သည် သင်​တို့​၏​သား ချင်း​များ​ဖြစ်​သော​ကြောင့် သူ​တို့​ကို​မ​မုန်း​ရ။ အီ​ဂျစ်​အ​မျိုး​သား​တို့​ကို​လည်း​မ​မုန်း​ရ။ သင်​တို့​သည်​တစ်​ခါ​က သူ​တို့​၏​ပြည်​တွင် နေ​ထိုင်​ခဲ့​ဖူး​သည်။-

ထို​အ​ခါ​သူ​တို့​သည်​ဧဒုံ​ဘု​ရင်​ထံ​သို့​စေ တ​မန်​များ​ကို​လွှတ်​၍ ဧ​ဒုံ​ပြည်​ကို​ဖြတ်​သွား ခွင့်​ပြု​ရန်​လျှောက်​ထား​ကြ​၏။ သို့​ရာ​တွင်​ဧ​ဒုံ ဘု​ရင်​က​ခွင့်​ပြု​တော်​မ​မူ။ သူ​တို့​သည်​မော​ဘ ဘု​ရင်​အား​လည်း​ထို​နည်း​တူ​လျှောက်​ထား​ကြ ပြန်​၏။ ထို​ဘု​ရင်​က​လည်း​ခွင့်​မ​ပြု​ချေ။ သို့ ဖြစ်​၍​ဣ​သ​ရေ​လ​အမျိုး​သား​တို့​သည်​ကာ ဒေ​ရှ​မြို့​တွင်​နေ​ထိုင်​ရ​ကြ​၏။-

ထို​နောက်​သူ​တို့​သည်​ဧ​ဒုံ​ပြည်​နှင့်​မော​ဘ ပြည်​တို့​ကို​ပတ်​၍​သဲ​ကန္တာ​ရ​ကို​ဖြတ်​ပြီး လျှင် မော​ဘ​ပြည်​၏​အ​ရှေ့​ဘက်၊ အာ​နုန်​မြစ် တစ်​ဘက်​ကမ်း​သို့​ရောက်​ရှိ​လာ​သော​အ​ခါ ထို​အ​ရပ်​တွင်​စ​ခန်း​ချ​ကြ​၏။ အာ​နုန်​မြစ် သည်​မော​ဘ​ပြည်​၏​နယ်​နိ​မိတ်​ဖြစ်​သ​ဖြင့် ထို​မြစ်​ကို​သူ​တို့​မ​ကူး​မ​ဖြတ်​ကြ။-

သင်​သည်​ထို​နယ်​မြေ​ကို​ပြန်​လည်​ရ​ယူ​ရန် ကြိုး​စား​ပါ​မည်​လော။ သင်​၏​ဘု​ရား​ခေ​မု​ရှ ပေး​အပ်​သ​မျှ​နယ်​မြေ​ကို​သင်​သိမ်း​ပိုက်​ထား နိုင်​ပါ​၏။ ငါ​တို့​အ​တွက်​ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သိမ်း​ယူ​တော်​မူ​သော​နယ် မြေ​ရှိ​သ​မျှ​ကို​ငါ​တို့​သိမ်း​ပိုက်​ထား​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ