Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 2:17

Common Language Bible

အ​ရှေ့​မှ​ချီ​တက်​သော​တပ်​နှစ်​တပ်​နှင့်​အ​နောက်​မှ ချီ​တက်​သော​တပ်​နှစ်​တပ်​တို့​၏​အ​ကြား​တွင် လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​တဲ​တော်​ကို​သယ်​ဆောင်​၍​ချီ​တက်​ရ​ကြ​မည်။ တပ်​တစ်​တပ်​စီ​သည်​စ​ခန်း​ချ​သည့်​အ​ခါ မိ​မိ​တို့​အ​လံ​အ​နီး​တွင်​နေ​ရာ​ယူ​သည့်​အ​စီ​အ​စဉ်​အ​တိုင်း​ချီ​တက်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​တဲ​တော်​ကို​ဖြုတ်​ချ​၍​ဂေ​ရ​ရှုန် သား​ချင်း​စု​နှင့် မေ​ရာ​ရိ​သား​ချင်း​စု​တို့ သည်​တဲ​တော်​ကို​ထမ်း​လျက်​ချီ​တက်​ရ​သည်။

ထို​နောက်​လေ​ဝိ​အ​နွယ်​ကော​ဟတ်​သား​ချင်း​စု တို့​သည် တဲ​တော်​ဆိုင်​ရာ​ပစ္စည်း​များ​ကို​ထမ်း​လျက် ချီ​တက်​ရ​သည်။ သူ​တို့​သည်​နောက်​စ​ခန်း​သို့ ဆိုက်​ရောက်​သည့်​အ​ခါ တဲ​တော်​ကို​ထူ​နှင့်​ပြီး ဖြစ်​သည်။

ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့​အား အောက်​ပါ​ညွှန်​ကြား​ချက်​များ​ကို​ပေး​တော်​မူ​၏။-

အ​နောက်​ဘက်​မျက်​နှာ​တွင်​ဧ​ဖ​ရိမ်​တပ်​နှင့်​ဆိုင်​သော​အ​လံ​အ​နီး​တွင် အောက်​ဖော်​ပြ​ပါ​အ​တိုင်း​အစု​လိုက်​မိ​မိ​တို့​၏​ခေါင်း​ဆောင်​များ​နှင့်​စ​ခန်း​ချ​ရ​မည်။ အ​နွယ် ခေါင်း​ဆောင် ဦး​ရေ ဧ​ဖ​ရိမ် အ​မိ​ဟုဒ်​၏​သား​ဧ​လိ​ရှ​မာ ၄၀၅၀၀ မ​နာ​ရှေ ပေ​ဒါ​ဇု​ရ​၏​သား​ဂါ​မ​လျေ​လ ၃၂၂၀၀ ဗင်္ယာ​မိန် ဂိ​ဒေါ​နိ​၏​သား​အ​ဘိ​ဒန် ၃၅၄၀၀ စု​စု​ပေါင်း ၁၀၈၁၀၀ ဧ​ဖ​ရိမ်​တပ်​သည်​တ​တိ​ယ​နေ​ရာ​မှ​လိုက်​၍​ချီ​တက်​ရ​မည်။-

မော​ရှေ၊ အာ​ရုန်​နှင့်​သူ​၏​သား​တို့​သည်​တဲ တော်​အ​ရှေ့​ဘက်​မျက်​နှာ​တွင်​စ​ခန်း​ချ​ရ မည်။ သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အ​တွက်​သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင် ကိုး​ကွယ်​ဝတ်​ပြု​မှု​ဆိုင်​ရာ​ကိစ္စ​အ​ဝ​ဝ​တို့ ကို​ဆောင်​ရွက်​ရ​သည်။ မ​ဆိုင်​သူ​က​ဝင်​ရောက် ဆောင်​ရွက်​လျှင်​ထို​သူ​အား​သေ​ဒဏ်​စီ​ရင် ရမည်။-

ခပ်​သိမ်း​သော​အ​မှု​တို့​ကို​လျောက်​ပတ်​စွာ​စနစ် တ​ကျ​လုပ်​ဆောင်​ကြ​လော့။

ငါ​သည်​ခန္ဓာ​အား​ဖြင့်​သင်​တို့​နှင့်​ဝေး​ကွာ သော်​လည်း​စိတ်​အား​ဖြင့်​သင်​တို့​နှင့်​အ​တူ​ရှိ​၏။ သင်​တို့​သည်​တစ်​လုံး​တစ်​စည်း​တည်း​ရှိ​၍ ခ​ရစ် တော်​ကို​မြဲ​မြံ​ခိုင်​မာ​စွာ​ယုံ​ကြည်​လျက်​နေ ကြ​သည်​ကို​တွေ့​ရ​သ​ဖြင့်​ငါ​ဝမ်း​မြောက်​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ