Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 19:22

Common Language Bible

မ​သန့်​စင်​သူ​ကိုင်​တွယ်​မိ​သ​မျှ​တို့​သည်​ညစ် ညမ်း​လာ​သ​ဖြင့် ထို​အ​ရာ​ဝတ္ထု​များ​ကို​ကိုင် တွယ်​မိ​သူ​သည်​ည​နေ​သို့​တိုင်​အောင်​မ​သန့် စင်​ဘဲ​ရှိ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​လိုက်​နာ​ရန်​အ​တွက် အောက်​ဖော်​ပြ ပါ​ပ​ညတ်​များ​ကို​မော​ရှေ​နှင့်​အာ​ရုန်​တို့ အား​ချ​မှတ်​ပေး​တော်​မူ​၏။ ယောကျာ်း​တစ်​ယောက် သည် ရိ​နာ​ကျ​နေ​လျှင်​ဖြစ်​စေ၊ ရိ​နာ​ကျ ခြင်း​ရပ်​စဲ​သွား​လျှင်​ဖြစ်​စေ၊ မ​သန့်​စင်​ချေ။-

ထို​သူ​ထိုင်​သော​အ​ရာ​ကို​ကိုင်​တွယ်​မိ​သော သူ​သည် ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့် မည်။ ထို​သူ​ထိုင်​မိ​သော​ဝတ္ထု​ပစ္စည်း​ကို​သယ် ဆောင်​သော​သူ​သည် မိ​မိ​အ​ဝတ်​ကို​ဖွပ်​လျှော် ၍​ရေ​ချိုး​ရ​မည်။ သူ​သည်​ည​ဦး​တိုင်​အောင် မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-

ရိ​နာ​စွဲ​သော​သူ​သည်​မိ​မိ​၏​လက်​များ​ကို မ​ဆေး​ဘဲ​နှင့် တစ်​စုံ​တစ်​ယောက်​ကို​ထိ​ကိုင် မိ​လျှင် အ​ကိုင်​ခံ​ရ​သော​သူ​သည်​မိ​မိ​အ​ဝတ် များ​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ​မည်။ သူ​သည် ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-

သူ​ထိုင်​သော​နေ​ရာ​သို့​မ​ဟုတ်​သူ​အိပ်​သော အိပ်​ရာ​ကို​ထိ​ကိုင်​မိ​သော​သူ​သည် မိ​မိ​အ​ဝတ် များ​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ​မည်။ သူ​သည် ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-

ထို​အ​ရာ​တို့​ကို​ထိ​ကိုင်​မိ​သော​သူ​သည်​မ​သန့် စင်​သ​ဖြင့် မိ​မိ​အ​ဝတ်​များ​ကို​ဖွပ်​လျှော်​၍ ရေ​ချိုး​ရ​မည်။ သူ​သည်​ည​ဦး​တိုင်​အောင် မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-

တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ထို​သူ အိပ်​သော​အိပ်​ရာ​ကို​ထိ​မိ​လျှင်၊-

ထိုင်​သော​နေ​ရာ​တွင်​ထိုင်​မိ​လျှင် မိ​မိ​အ​ဝတ် များ​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ​မည်။ သူ​သည် ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-

ရိ​နာ​စွဲ​သော​သူ​ကို​ထိ​ကိုင်​မိ​သော​သူ​သည် မိ​မိ​အဝတ်​များ​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ မည်။ သူ​သည်​ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ ရှိ​လိမ့်​မည်။-

ရိ​နာ​စွဲ​သော​သူ​သည်​ဘာ​သာ​တ​ရား​ထုံး နည်း​နှင့်​ဆိုင်​၍ သန့်​စင်​သူ​တစ်​ဦး​အ​ပေါ်​သို့ တံ​တွေး​ထွေး​မိ​လျှင် တံ​တွေး​ထွေး​ခံ​ရ​သူ သည်​မိ​မိ​အ​ဝတ်​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ မည်။ သူ​သည်​ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ ရှိ​လိမ့်​မည်။-

မ​သန့်​စင်​သော​တိ​ရစ္ဆာန်​သို့​မ​ဟုတ်​လူ​ကို ထိ​မိ​လျှင်​သော်​လည်း​ကောင်း မ​သန့်​စင်​ဘဲ ဖြစ်​လိမ့်​မည်။-

ထို​သို့​သော​ယဇ်​ပု​ရော​ဟိတ်​သည်​ည​ဦး​တိုင် အောင်​မသန့်​စင်​ချေ။ သူ​သည်​ရေ​ချိုး​ပြီး​မှ ငါ့​အား​ဆက်​ကပ်​သော​ပူ​ဇော်​သ​ကာ​ကို စား​နိုင်​သည်။-

တစ်​စုံ​တစ်​ယောက်​သော​သူ​သည် တိ​ရစ္ဆာန်​အ​သေ ကောင်​အ​စ​ရှိ​သော​ဘာ​သာ​ထုံး​နည်း​အ​ရ မ​စင် ကြယ်​သော​အ​ရာ​ကို​မ​သိ​ဘဲ​နှင့်​ကိုင်​မိ​လျှင် ကိုင်​မိ​ကြောင်း​သိ​လျှင်​သိ​ချင်း သူ​သည်​အ​ပြစ် ကူး​လွန်​ရာ​ရောက်​သည်။

တစ်​စုံ​တစ်​ယောက်​သော​သူ​သည် လူ့​ကိုယ်​ခန္ဓာ​၏ အ​ညစ်​အ​ကြေး​တစ်​မျိုး​မျိုး​ကို အ​မှတ်​မ​ထင် ထိ​ကိုင်​မိ​လျှင် ထိ​ကိုင်​မိ​ကြောင်း​သိ​လျှင်​သိ ချင်း သူ​သည်​အ​ပြစ်​ကူး​လွန်​ရာ​ရောက်​သည်။

ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မ​စင်​ကြယ်​သော အ​ရာ​တစ်​စုံ​တစ်​ခု​နှင့် ထိ​မိ​သော​အ​သား ကို​မ​စား​ရ။ ၎င်း​ကို​မီး​ရှို့​ပစ်​ရ​မည်။ ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း​သော​သူ သည် မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​၏​အ​သား​ကို စား​နိုင်​သည်။-

ထို​အ​ပြင်​တစ်​စုံ​တစ်​ယောက်​သည်​လူ​မှ​ဖြစ် စေ၊ တိ​ရစ္ဆာန်​မှ​ဖြစ်​စေ၊ ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​မ​သန့်​စင်​သော​အ​ရာ​တစ်​စုံ​တစ်​ခု​နှင့် ထိ​မိ​ပြီး​မှ ထို​ယဇ်​ကောင်​၏​အ​သား​ကို​စား လျှင် ထို​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး တော်​မှ​ပယ်​ထုတ်​ခြင်း​ခံ​ရ​မည်။

ထို​အ​ခါ​ဟ္ဂဲ​က​လူ​တစ်​ဦး​တစ်​ယောက် သည် လူ​သေ​ကောင်​နှင့်​ထိ​မိ​သ​ဖြင့်​ညစ်​ညမ်း ၍​သွား​သည်​ဆို​ငြား​အံ့။ ထို့​နောက်​အ​ကယ် ၍​သူ​သည်​အ​ထက်​ဖော်​ပြ​ပါ​အ​စား​အ​စာ များ​ကို​ထိ​မိ​ခဲ့​သော် ထို​အ​ရာ​တို့​သည် လည်း​ညစ်​ညမ်း​၍​သွား​ပါ​မည်​လော​ဟု မေး​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​တို့​က``ထို​အ​ရာ​တို့​သည် ညစ်​ညမ်း​၍​သွား​ပါ​မည်'' ဟု​ဆို​ကြ​၏။

ထို့​နောက်​သူ​သည်​မိ​မိ​အ​ဝတ်​များ​ကို​ဖွပ် လျှော်​၍ ရေ​ချိုး​ပြီး​လျှင်​စ​ခန်း​တွင်း​သို့​ဝင် နိုင်​သည်။ သို့​ရာ​တွင်​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ သူ​သည်​ည​နေ​ခင်း​သို့​တိုင်​အောင် မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ