Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 19:19

Common Language Bible

သန့်​စင်​သူ​က​မ​သန့်​စင်​သူ​ကို​တ​တိ​ယ​နေ့ နှင့် သတ္တ​မ​နေ့​များ​တွင်​ရေ​နှင့်​ဖျန်း​ရ​မည်။ မ သန့်​စင်​သူ​အား​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​လုပ် ပေး​ရ​မည်။ သတ္တ​မ​နေ့​တွင်​သန့်​စင်​သူ​က​မိ​မိ ၏​အ​ဝတ်​များ​ကို​ဖွတ်​လျှော်​၍ ရေ​ချိုး​ပြီး နောက်​နေ​ဝင်​ချိန်​တွင်​သန့်​စင်​လာ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ဆ​ဋ္ဌ​မ​နေ့​၌​ဘု​ရား​သ​ခင်​သည် မိ​မိ​ဖန်​ဆင်း ခြင်း​အ​မှု​အ​လုံး​စုံ​ပြီး​စီး​၍ သတ္တ​မ​နေ့​၌ ရပ်​နား​တော်​မူ​၏။-

ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``လူ​အ​ပေါင်း တို့​အား ထာ​ဝ​ရ​ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ် ရန်​ပြင်​ဆင်​သည့်​အ​နေ​ဖြင့် ယ​နေ့​နှင့်​နက်​ဖြန် နေ့​တွင်​မိ​မိ​တို့​ကိုယ်​ကို​သန့်​စင်​စေ​ရန်​ပြော လော့။ သူ​တို့​သည်​မိ​မိ​တို့​အ​ဝတ်​များ​ကို ဖွပ်​လျှော်​၍၊-

ငါ​သည်​သင်​တို့​ကို​သန့်​စင်​သော​ရေ​ဖြင့်​ပက် ဖြန်း​၍ သင်​တို့​၏​ရုပ်​တု​များ​နှင့်​အ​ခြား ညစ်​ညမ်း​သည့်​အ​ရာ​ရှိ​သ​မျှ​မှ​သန့်​စင် သွား​စေ​မည်။-

ထို့​နောက်​သူ​သည်​ကိုယ်​ရေ​ပြား​ရော​ဂါ ပျောက်​ကင်း​သူ​အား သွေး​ဖြင့်​ခု​နစ်​ကြိမ်​ပက် ဖျန်း​ပြီး​လျှင်​သန့်​စင်​သူ​ဖြစ်​ကြောင်း​ကြေ ညာ​ရ​မည်။ ငှက်​အ​ရှင်​ကို​ကွင်း​ပြင်​သို့​ပျံ စေ​ရ​မည်။-

သတ္တ​မ​နေ့​တွင်​သူ​၏​ဆံ​ပင်၊ မုတ်​ဆိတ်​မွေး၊ မျက်​ခုံး​မွေး​နှင့်​ကိုယ်​ပေါ်​မှ​အ​မွေး​ရှိ​သ​မျှ ကို​တစ်​ဖန်​ရိတ်​ပြီး​လျှင် မိ​မိ​အ​ဝတ်​များ ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ​မည်။ ထို​အ​ခါ​သူ သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင် လိမ့်​မည်။

သူ​သည်​တ​တိ​ယ​နေ့​နှင့်​သတ္တ​မ​နေ့​များ တွင်​သန့်​စင်​ခြင်း​ဝတ်​ဆိုင်​ရာ​ရေ​ဖြင့် မိ​မိ ကိုယ်​ကို​သန့်​စင်​စေ​ရ​မည်။ ထို​နောက်​သူ သည်​သန့်​စင်​လာ​လိမ့်​မည်။ တ​တိ​ယ​နေ့ နှင့်​သတ္တ​မ​နေ့​များ​တွင်​သန့်​စင်​မှု​မ​ပြု လျှင် သူ​သည်​သန့်​စင်​လိမ့်​မည်​မ​ဟုတ်။-

လူ​သေ​ကောင်​ကို​ကိုင်​တွယ်​မိ​သော​သူ​သည် သန့်​စင်​ခြင်း​ဝတ်​ဆိုင်​ရာ​ရေ​ကို​ကိုယ်​ပေါ်​သို့ ပက်​၍ သန့်​စင်​မှု​မ​ပြု​လျှင်​မ​သန့်​စင်​ဘဲ​ရှိ နေ​လိမ့်​မည်။ ထို​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ တဲ​တော်​ကို​ညစ်​ညမ်း​စေ​သ​ဖြင့် ဘု​ရား​သ​ခင် ၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ်​ခြင်း​ခံ​ရ​မည်။

အိမ်​၌​လူ​သေ​သ​ဖြင့်​မ​သန့်​စင်​မှု​ပေါ်​ပေါက် ခဲ့​သော် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင် သူ​က ဟု​ဿုပ်​ညွန့်​ကို​ရေ​ထဲ​၌​နှစ်​ပြီး​လျှင် တဲ​ကို​လည်း​ကောင်း၊ တဲ​ထဲ​၌​ရှိ​သ​မျှ​သော ပစ္စည်း​များ​နှင့်​လူ​များ​ကို​လည်း​ကောင်း​ဖျန်း ရ​မည်။ လူ​သေ​အ​ရိုး၊ လူ​သေ​ကောင်​သို့​မ​ဟုတ် သင်္ချိုင်း​ကို​ကိုင်​တွယ်​မိ​၍ မ​သန့်​စင်​သူ​ကို သန့်​စင်​သူ​က​ရေ​နှင့်​ဖျန်း​ရ​မည်။-

သင်​တို့​တွင်​လူ​အ​သက်​ကို​သတ်​ခဲ့​သူ​နှင့် လူ​သေ​ကောင်​ကို ကိုင်​တွယ်​မိ​ခဲ့​သူ​အ​ပေါင်း တို့​သည်​စ​ခန်း​အ​ပြင်​ဘက်​တွင်​ခု​နစ်​ရက် နေ​ထိုင်​ရ​ကြ​မည်။ တ​တိ​ယ​နေ့​နှင့်​သတ္တ​မ နေ့​ရက်​များ​၌ သင်​တို့​နှင့်​သင်​တို့​ဖမ်း​ဆီး ခဲ့​သော​အ​မျိုး​သ​မီး​များ​အ​တွက် သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရ​မည်။-

သတ္တ​မ​နေ့​တွင်​သင်​တို့​၏​အ​ဝတ်​အ​င်္ကျီ များ​ကို​ဖွပ်​လျှော်​ရ​မည်။ ထို​နောက်​သင်​တို့ သည်​သန့်​စင်​ပြီ​ဖြစ်​သ​ဖြင့် စ​ခန်း​အ​တွင်း သို့​ပြန်​လည်​ဝင်​ရောက်​နိုင်​သည်​ဟူ​၍​ဖြစ် သည်'' ဟု​ဆို​လေ​၏။

ငါ​တို့​အား​ဆိုး​ညစ်​မိုက်​မဲ​မှု​အ​ပေါင်း​မှ​ကယ် ဆယ်​တော်​မူ​ရန်​လည်း​ကောင်း၊ ငါ​တို့​သည်​စိတ် နှ​လုံး​ဖြူ​စင်​သန့်​ရှင်း​လျက်​ကိုယ်​တော်​သာ လျှင်​ပိုင်​တော်​မူ​သော​သူ​များ​ဖြစ်​လျက် အ​ကျင့် ကောင်း​များ​၌​စိတ်​အား​ထက်​သန်​ကြ​စေ​ရန် လည်း​ကောင်း​ခ​ရစ်​တော်​သည်​ငါ​တို့​အ​တွက် မိ​မိ​ကိုယ်​ကို​စွန့်​တော်​မူ​၏။

သို့​ဖြစ်​၍​ငါ​တို့​သည်​မိ​မိ​တို့​၏​သန့်​သော သြတ္တပ္ပ​စိတ်​စင်​ကြယ်​လျက် ငါ​တို့​၏​ကိုယ်​ခန္ဓာ များ​ကို​ရေ​စင်​ဖြင့်​ဆေး​ကြော​၍​ရိုး​သား​သော စိတ်၊ ခိုင်​မာ​သော​ယုံ​ကြည်​ခြင်း​တို့​ဖြင့်​ဘု​ရား သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​ကုန်​အံ့။-

သို့​ရာ​တွင်​ကိုယ်​တော်​သည်​အ​လင်း​တွင်​ရှိ​တော် မူ​သ​ကဲ့​သို့ ငါ​တို့​သည်​အ​လင်း​တွင်​ကျင်​လည် ကြ​ပါ​မူ အ​ချင်း​ချင်း​တစ်​ယောက်​နှင့်​တစ်​ယောက် မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း​ရှိ​ကြ​၏။ ဘု​ရား​သ​ခင် ၏​သား​တော်​သ​ခင်​ယေ​ရှု​၏​သွေး​တော်​သည် လည်း​ငါ​တို့​၏​အ​ပြစ်​ရှိ​သ​မျှ​ကို​ဆေး​ကြော စင်​ကြယ်​စေ​တော်​မူ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ