တောလည် 19:17Common Language Bibleထိုကဲ့သို့မသန့်စင်သူများကိုသန့်စင်လာ စေရန် အပြစ်ဖြေရာနွားနီမ၏ပြာအိုး တစ်လုံးတွင်စမ်းရေနှင့်ရော၍ထည့်ရမည်။- အခန်းကိုကြည့်ပါ။ |
အိမ်၌လူသေသဖြင့်မသန့်စင်မှုပေါ်ပေါက် ခဲ့သော် ဘာသာရေးထုံးနည်းအရသန့်စင် သူက ဟုဿုပ်ညွန့်ကိုရေထဲ၌နှစ်ပြီးလျှင် တဲကိုလည်းကောင်း၊ တဲထဲ၌ရှိသမျှသော ပစ္စည်းများနှင့်လူများကိုလည်းကောင်းဖျန်း ရမည်။ လူသေအရိုး၊ လူသေကောင်သို့မဟုတ် သင်္ချိုင်းကိုကိုင်တွယ်မိ၍ မသန့်စင်သူကို သန့်စင်သူကရေနှင့်ဖျန်းရမည်။-
ထိုနောက်ဘာသာရေးထုံးနည်းအရသန့်စင် သူတစ်ဦးက နွားမ၏ပြာကိုစုသိမ်း၍ စခန်းအပြင်ဘက်ရှိဘာသာရေးထုံးနည်း အရ သန့်သောနေရာတွင်ထားရမည်။ ဣသ ရေလအမျိုးသားတို့သည်ဘာသာရေး ထုံးနည်းအရ မသန့်စင်မှုကိုသန့်စင်စေမည့် ရေကိုဖော်စပ်ရာ၌ထိုပြာကိုအသုံးပြု ရမည်။ ဤဝတ်သည်အပြစ်ကင်းစေရန်ပြု သောဝတ်ဖြစ်သည်။-