Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 19:10

Common Language Bible

နွား​မ​၏​ပြာ​ကို​စု​သိမ်း​သူ​သည်​မိ​မိ​အ​ဝတ် များ​ကို​ဖွပ်​လျှော်​ရ​မည်။ သူ​သည်​လည်း​ည နေ​ခင်း​သို့​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​တ​ကွ​သူ​တို့ နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား​များ​သည် ဤ​ပ​ညတ်​ကို​အ​စဉ်​အ​မြဲ​စောင့်​ထိန်း​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး​သား​များ​သော်​လည်း ကောင်း၊ သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ မျိုး​ခြား​တို့​သည်​သော်​လည်း​ကောင်း ဤ​စည်း ကမ်း​ဥ​ပ​ဒေ​သ​များ​ကို​လိုက်​နာ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-

အိမ်​ကို​ပိတ်​ထား​သည့်​ကာ​လ​အ​တွင်း အိမ်​ထဲ​သို့​ဝင်​မိ​သူ​သည်​ည​ဦး​တိုင်​အောင် မ​သန့်​စင်​ချေ။-

ထို​ယဇ်​ကောင်​များ​ကို​မီး​ရှို့​ရ​သူ​သည် မိ​မိ ၏​အ​ဝတ်​များ​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ပြီး မှ စ​ခန်း​အ​တွင်း​သို့​ပြန်​ဝင်​ရ​မည်။

သန့်​စင်​သူ​က​မ​သန့်​စင်​သူ​ကို​တ​တိ​ယ​နေ့ နှင့် သတ္တ​မ​နေ့​များ​တွင်​ရေ​နှင့်​ဖျန်း​ရ​မည်။ မ သန့်​စင်​သူ​အား​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​လုပ် ပေး​ရ​မည်။ သတ္တ​မ​နေ့​တွင်​သန့်​စင်​သူ​က​မိ​မိ ၏​အ​ဝတ်​များ​ကို​ဖွတ်​လျှော်​၍ ရေ​ချိုး​ပြီး နောက်​နေ​ဝင်​ချိန်​တွင်​သန့်​စင်​လာ​လိမ့်​မည်။

သင်​တို့​သည်​ဤ​ပ​ညတ်​ကို​နောင်​အ​စဉ် အ​ဆက်​စောင့်​ထိန်း​ရ​ကြ​မည်။ သန့်​စင်​ခြင်း ဝတ်​ဆိုင်​ရာ​ရေ​ကို​ဖျန်း​ပေး​သော​သူ​သည် လည်း မိ​မိ​၏​အ​ဝတ်​များ​ကို​ဖွပ်​လျှော်​ရ​မည်။ ထို​ရေ​ကို​ထိ​ကိုင်​မိ​သော​သူ​သည် ည​နေ​သို့ တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-

သို့​ဖြစ်​၍​ယု​ဒ​အ​မျိုး​သား၊ လူ​မျိုး​ခြား​ဟူ​၍ လည်း​ကောင်း၊ အ​ရေ​ဖျား​လှီး​ခံ​သူ​မ​ခံ​သူ​ဟူ ၍​လည်း​ကောင်း၊ မ​ယဉ်​ကျေး​သူ၊ လူ​ရိုင်း၊ ကျွန်၊ လွတ်​လပ်​သူ​ဟူ​၍​လည်း​ကောင်း​ကွဲ​ပြား​ခြား နား​မှု​မ​ရှိ​တော့​ချေ။ ခ​ရစ်​တော်​သည်​အ​လုံး စုံ​တို့​၌​ရှိ​၍​အ​လုံး​စုံ​ဖြစ်​တော်​မူ​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ