တောလည် 18:6Common Language Bibleငါသည်ဣသရေလအမျိုးသားတို့မှ သင် ၏ဆွေမျိုးသားချင်းများဖြစ်သောလေဝိ အနွယ်ဝင်တို့ကို သင်တို့အတွက်လှူဖွယ် ဝတ္ထုအဖြစ်ငါရွေးချယ်၏။ သူတို့သည် တဲတော်ဝေယျာဝစ္စကိုထမ်းဆောင်စေရန် ငါ့အတွက်ဆက်ကပ်ထားသူများဖြစ်သည်။- အခန်းကိုကြည့်ပါ။ |
``သင်တို့အားငါအရှင်ထာဝရဘုရားမိန့် တော်မူသည်ကား ကစဥ့်ကရဲဖြစ်ပြီးနောက် ပြန်လည်စုသိမ်းရရှိသည့်သိုးတို့ကိုသိုး ထိန်းသည်စောင့်ထိန်းကြည့်ရှုသကဲ့သို့ ငါ သည်မိမိ၏သိုးတို့ကိုလိုက်လံရှာဖွေကာ စောင့်ထိန်းကြည့်ရှုမည်။ မိုးအမှောင်ကျသည့် နေ့ရက်၌သူတို့ကစဥ့်ကရဲဖြစ်၍သွား ရာအရပ်ရပ်မှငါသည်သူတို့အားပြန် လည်ခေါ်ခဲ့မည်။-