သင်တို့ရရှိသောအလှူထဲမှအကောင်းဆုံး ကို ထာဝရဘုရားအားဆက်သရမည်။-
သူတို့၏အဖနှင့်မိသားစုများကိုဤပြည်သို့ ခေါ်ဆောင်ခဲ့ကြစေ။ ငါသည်သူတို့အားအီဂျစ် ပြည်တွင်အသင့်တော်ဆုံးသောအရပ်၌နေထိုင် စေမည်။ သူတို့သည်ဝလင်စွာစားသောက်ရကြ လိမ့်မည်။-
ငါ၏လူမျိုးတော်သည်မိတ်သဟာယယဇ် ကိုပူဇော်သောအခါ၊ ယဇ်ကောင်၏ရင်ပုံသား နှင့်ပေါင်ကိုယဇ်ပုရောဟိတ်အားဝေပုံစု အဖြစ်ပေးရမည်ဟူသောပညတ်ကိုအမြဲ စောင့်ရှောက်လော့။ ဤကား၊ လူတို့ကငါထာဝရ ဘုရားအားဆက်သသောပူဇော်သကာဖြစ်၏။
ဤနည်းအားဖြင့်သင်တို့သည်ဣသရေလ အမျိုးသားတို့ထံမှ ရရှိသောဆယ်ဖို့တစ်ဖို့ အလှူရှိသမျှကို ငါ့အားအထူးအလှူ အဖြစ်ဆက်သရမည်။ သင်တို့သည်ငါ့အား ဆက်သသော ဤအထူးအလှူကိုယဇ်ပု ရောဟိတ်အာရုန်အားပေးအပ်ရမည်။-
လယ်သမား၊ ခြံသမားသည်ထာဝရဘုရား အတွက် လှူစရာသီးနှံများကိုဆက်သပြီး နောက် ကျန်ရှိသမျှကိုမိမိစားသုံးနိုင်သကဲ့ သို့ သင်တို့သည်အကောင်းဆုံးကိုဆက်သပြီး လျှင် ကျန်ရှိသမျှကိုစားသုံးနိုင်သည်။-