Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 18:16

Common Language Bible

တစ်​လ​သား​အ​ရွယ်​က​လေး​များ​ကို​ကျပ် ချိန်​တော်​အ​ရ ငွေ​သား​ငါး​ကျပ်​ဖြင့်​ရွေး​ယူ စေ​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သန်း​ခေါင်​စာ​ရင်း​ဝင်​သူ​တိုင်း​သည်​လို​အပ်​သော အ​သက်​ဖိုး​ငွေ​ကို သတ်​မှတ်​ထား​သော​စံ​နှုန်း အ​တိုင်း​ခြင်​တွယ်​၍​ပေး​ရ​မည်။ လူ​တိုင်း​ထို အ​ခွန်​ငွေ​ကို​ငါ့​အား​ဆက်​ကပ်​ရ​မည်။-

တဲ​တော်​အ​တွက်​လူ​တို့​လှူ​ဒါန်း​သော​ရွှေ​ချိန် စု​စု​ပေါင်း​မှာ တ​ရား​ဝင်​ချင်​တွယ်​နည်း​အ​ရ နှစ်​ထောင့်​တစ်​ရာ​ကိုး​ဆယ့်​ငါး​ပေါင်​ရှိ​၏။-

``သင်​တို့​၏​အ​လေး​များ​သည်​အောက်​ပါ အ​တိုင်း​ဖြစ်​ရ​မည်။ နှစ်​ဆယ်​ဂေ​ရာ​သည်​တစ်​ကျပ်၊ခြောက်​ဆယ်​ကျပ် သည်​တစ်​မာ​နေ​ဖြစ်​၏။

တန်​ဖိုး​ငွေ​များ​ကို ကျပ်​ချိန်​တော်​အ​ရ​သတ် မှတ်​ရ​မည်။

``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က ငါ့​အား ဆက်​သ​သော​သား​ဦး​ဖြစ်​သော​လူ​ဖြစ်​စေ၊ တိ​ရစ္ဆာန်​ဖြစ်​စေ​သင်​တို့​နှင့်​ဆိုင်​၏။ သို့​ရာ​တွင် သား​ဦး​ကို​ဖြစ်​စေ၊ အ​နာ​အ​ဆာ​ရှိ​သော တိ​ရစ္ဆာန်​သား​ဦး​ကို​ဖြစ်​စေ ငွေ​ဖြင့်​ရွေး​ယူ ခြင်း​ကို​လက်​ခံ​ရ​မည်။-

သို့​ရာ​တွင် နွား၊ သိုး၊ ဆိတ်​တို့​၏​သား​ဦး​များ​ကို ရွေး​ယူ​ပိုင်​ခွင့်​မ​ရှိ။ ယင်း​တို့​ကို​ငါ့​အား​ဆက် ကပ်​ထား​ပြီး​ဖြစ်​၍​ပူ​ဇော်​ရ​မည်။ ထို​ယဇ်​ကောင် တို့​၏​သွေး​ကို​ယဇ်​ပလ္လင်​ပေါ်​သို့​ပက်​ဖျန်း​၍ အ​ဆီ​ကို​ပူ​ဇော်​သ​ကာ​အ​ဖြစ်​မီး​ရှို့​ရ​မည်။ ထို​ရ​နံ့​ကို​ငါ​နှစ်​သက်​တော်​မူ​၏။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သား​ဦး အ​ရေ​အ​တွက်​သည်​လေ​ဝိ​အ​မျိုး​သား​ဦး ရေ​ထက်​နှစ်​ရာ​ခု​နစ်​ဆယ့်​သုံး​ယောက်​ပို​သော ကြောင့်​ပို​များ​သော​ဦး​ရေ​ကို​ရွေး​ယူ​ရ​မည်။-

တစ်​ဦး​လျှင်​တ​ရား​ဝင်​ချင်​တွယ်​နည်း​အ​ရ ငွေ​သား​ငါး​ကျပ်​ဖြင့်​ရွေး​ယူ​ရ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ