တောလည် 17:10Common Language Bibleထာဝရဘုရားက``အာရုန်၏တောင်ဝှေးကို သေတ္တာတော်ရှေ့တွင်ပြန်ထားလော့။ ပုန်ကန် တတ်သောဣသရေလအမျိုးသားတို့ သည်အပြစ်တင်ညည်းညူနေလျှင် အသက် သေဆုံးရမည်ဖြစ်ကြောင်းသတိပေးသည့် အနေဖြင့်အာရုန်၏တောင်ဝှေးကိုထို နေရာ၌ထားရမည်'' ဟုမိန့်တော်မူ ၏။- အခန်းကိုကြည့်ပါ။ |
မောရှေက``ထာဝရဘုရားသည်ငါတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ရာ၌ တောကန္တာရ တွင်ငါတို့အားကျွေးမွေးတော်မူသောမန္န မုန့်ကို ငါတို့၏နောင်လာနောက်သားများ တွေ့မြင်နိုင်စေရန် မန္နမုန့်အနည်းငယ်ကို သိမ်းဆည်းထားရမည်ဖြစ်ကြောင်းထာဝရ ဘုရားမိန့်မှာတော်မူသည်'' ဟုဆိုလေ၏။-
ထာဝရဘုရား၏ယဇ်ပလ္လင်တွင်နံ့သာပေါင်း မီးရှို့ဆက်သရာ မီးကျီးခံအိုးများကို အသုံးပြုသောကြောင့် ယင်းတို့သည်ဆက် ကပ်ထားသောပစ္စည်းများဖြစ်၏။ သို့ဖြစ်၍ မိမိတို့၏အပြစ်ကြောင့်သေဆုံးရသူ တို့ထံမှ မီးကျီးခံအိုးများကိုယူပြီး လျှင်အပြားခတ်၍ယဇ်ပလ္လင်ကိုဖုံးအုပ် လော့။ ထိုကြေးဝါပြားသည်ဣသရေလ အမျိုးသားတို့အားသတိတရား ရစေလိမ့်မည်'' ဟုမိန့်တော်မူ၏။-
အာရုန်၏အဆက်အနွယ်မဟုတ်သူမည် သူတစ်စုံတစ်ယောက်မျှ ထာဝရဘုရား အားနံ့သာပေါင်းကိုပူဇော်ရန်ယဇ်ပလ္လင် သို့မချဉ်းကပ်ရဟုကြေးဝါအဖုံးက ဣသရေလအမျိုးသားတို့ကိုသတိပေး ၏။ ဤပညတ်ကိုမလိုက်နာသူသည်ကောရ နှင့်သူ၏နောက်လိုက်များနည်းတူ ပျက်စီး ဆုံးရှုံးရလိမ့်မည်။ မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်မှာတော်မူသမျှ တို့ကို ဧလာဇာဆောင်ရွက်လေသည်။
သို့ရာတွင်ဒါဝိဒ်နှင့်အတူလိုက်ပါသွားသူများ အနက် စိတ်သဘောထားသေးသိမ်ယုတ်မာသောလူ အချို့တို့က``ထိုသူတို့သည်ငါတို့နှင့်အတူမလိုက် ခဲ့ကြသဖြင့် သူတို့အားတိုက်ရာပါပစ္စည်းကိုမျှ မပေးနိုင်ပါ။ သူတို့သည်မိမိတို့ဇနီးသားသမီး များကိုခေါ်၍ထွက်ခွာသွားနိုင်ပါသည်'' ဟုဆို ကြ၏။