တောလည် 16:42Common Language Bibleသူတို့သည်မောရှေနှင့်အာရုန်တို့ကိုအပြစ် တင်ရန်စုဝေးလာပြီးနောက်တဲတော်ဘက်သို့ မျှော်ကြည့်ရာ မိုးတိမ်သည်တဲတော်ကိုဖုံးလျက် ထာဝရဘုရား၏ဘုန်းအသရေတော်ထွန်း တောက်သည်ကိုမြင်ရလေသည်။- အခန်းကိုကြည့်ပါ။ |
နံနက်အချိန်သို့ရောက်လျှင် သင်တို့သည် ထာဝရဘုရား၏တောက်ပသောဘုန်းတော် ကိုမြင်ရကြမည်။ ထာဝရဘုရားအားသင် တို့အပြစ်တင်ညည်းညူသံကိုကိုယ်တော် ကြားတော်မူပြီ။ ငါတို့သည်ထာဝရဘုရား မိန့်မှာသမျှအတိုင်းဆောင်ရွက်ရသူများ ဖြစ်သဖြင့် သင်တို့သည်ထာဝရဘုရားကို သာအပြစ်တင်ကြခြင်းဖြစ်သည်'' ဟုဆို လေ၏။-
ထာဝရဘုရား၏တောက်ပသောဘုန်းအသရေ တော်သည်တောင်ပေါ်သို့သက်ဆင်းလေ၏။ ဣသ ရေလအမျိုးသားတို့သည်ထိုတောက်ပသော ဘုန်းအသရေကို တောင်ထိပ်တွင်တောက်နေသော မီးသဖွယ်မြင်ရကြ၏။ မိုးတိမ်သည်တောင်ကို ခြောက်ရက်ပတ်လုံးဖုံးအုပ်ပြီးနောက် သတ္တမနေ့ တွင်ထာဝရဘုရားသည်မိုးတိမ်ထဲမှမောရှေ ကိုခေါ်တော်မူသည်။-