တောလည် 16:37Common Language Bible``ကြေးဝါမီးကျီးခံအိုးများသည်ဆက်ကပ် ထားသောပစ္စည်းများဖြစ်သဖြင့် ယဇ်ပုရော ဟိတ်အာရုန်၏သားဧလာဇာအား ထိုမီး ကျီးခံအိုးများကိုမီးလောင်သေဆုံးသူတို့ ထံမှသိမ်းယူပြီးလျှင်မီးခဲများကိုတစ် နေရာတွင်သွန်ချစေလော့။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရား၏ယဇ်ပလ္လင်တွင်နံ့သာပေါင်း မီးရှို့ဆက်သရာ မီးကျီးခံအိုးများကို အသုံးပြုသောကြောင့် ယင်းတို့သည်ဆက် ကပ်ထားသောပစ္စည်းများဖြစ်၏။ သို့ဖြစ်၍ မိမိတို့၏အပြစ်ကြောင့်သေဆုံးရသူ တို့ထံမှ မီးကျီးခံအိုးများကိုယူပြီး လျှင်အပြားခတ်၍ယဇ်ပလ္လင်ကိုဖုံးအုပ် လော့။ ထိုကြေးဝါပြားသည်ဣသရေလ အမျိုးသားတို့အားသတိတရား ရစေလိမ့်မည်'' ဟုမိန့်တော်မူ၏။-