Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 16:33

Common Language Bible

ထို​သို့​အား​ဖြင့်​သူ​တို့​ပိုင်​ဆိုင်​သ​မျှ​ပစ္စည်း တို့​နှင့်​အ​တူ သူ​တို့​သည်​သေ​မင်း​နိုင်​ငံ​သို့ အ​ရှင်​လတ်​လတ်​သက်​ဆင်း​ရ​ကြ​လေ​သည်။ သူ​တို့​သည်​မြေ​မျို​သ​ဖြင့်​ပျောက်​ကွယ် သွား​ကြ​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ထို​မင်း​တို့​၏​အ​ရိုး​များ​သည်​အ​စိတ်​စိတ် အ​မြွှာ​မြွှာ ခွဲ​စိတ်​ဖြတ်​တောက်​ခြင်း​ခံ​ရ​သော​ထင်း​ကဲ့​သို့ သင်္ချိုင်း​တွင်း​ဝ​၌​ပြန့်​ကြဲ​၍​နေ​လိမ့်​မည်။

အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​ပင်​လျှင်​ကျွန်​တော်​မျိုး​ပန်​ကြား လျှောက်​ထား​ချက်​ကို​နား​ညောင်း​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​လုံး​ဝ​မျှော်​လင့်​ရာ​မဲ့​လျက် နေ​ပါ​ပြီ။ ကျွန်​တော်​မျိုး​အား​မျက်​နှာ​လွှဲ​တော်​မ​မူ​ပါ​နှင့်။ ယင်း​သို့​ပြု​တော်​မူ​ပါ​လျှင်​ကျွန်​တော်​မျိုး​သည် မ​ရ​ဏာ​နိုင်​ငံ​သို့​သွား​ရ​သူ​ကဲ့​သို့​ဖြစ်​ပါ​လိမ့်​မည်။

ငါ​၏​ရန်​သူ​များ​သည်​သေ​နေ့​မ​စေ့​မီ သေ​ရ​ကြ​ပါ​စေ​သော။ အ​ရှင်​လတ်​လတ်​သေ​ရွာ​သို့​သွား​ရ​ကြ​ပါ​စေ​သော။ သူ​တို့​၏​နေ​အိမ်​များ​သည်​ဆိုး​ညစ်​မှု​ကြီး​စိုး​ရာ ဌာ​န​များ​ဖြစ်​ကြ​၏။ သူ​တို့​၏​စိတ်​နှ​လုံး​သည်​ဆိုး​ညစ်​မှု​နှင့် ပြည့်​နှက်​လျက်​ရှိ​၏။

ငါ​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​သို့ ကူ​မ​တော်​မူ​ရန်​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ ကိုယ်​တော်​သည်​ငါ့​ကို​ကယ်​တော်​မူ​လိမ့်​မည်။

သို့​ရာ​တွင် အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​သည် လူ​သတ်​သ​မား​များ​နှင့်​လူ​လိမ်​များ​အား သူ​တို့​သက်​တမ်း​ထက်​ဝက်​မ​ကျိုး​မီ​သင်္ချိုင်း တွင်း​သို့ သက်​ဆင်း​စေ​တော်​မူ​မည်။ ကျွန်​တော်​မျိုး​မူ​ကား​ကိုယ်​တော်​ရှင်​ကို​ကိုး​စား ပါ​မည်။

ကျွန်​တော်​မျိုး​အား​ရေ​လွှမ်း​မိုး​စေ​တော်​မ​မူ​ပါ​နှင့်။ ရေ​နက်​ရာ​တွင်​နစ်​မြုပ်​စေ​တော်​မ​မူ​ပါ​နှင့်။ သင်္ချိုင်း​တွင်း​သို့​သက်​ဆင်း​စေ​တော်​မ​မူ ပါ​နှင့်။

ဘု​ရား​မဲ့​သူ​တို့​သည်​မိ​မိ​တို့​တူး​သော​ကျင်း ထဲ​သို့ ပြန်​၍​ကျ​ကြ​လေ​ပြီ။ မိ​မိ​တို့​ထောင်​ထား​သော​ကျော့​ကွင်း​တွင်း​၌ ပင်​လျှင် ပြန်​၍​မိ​ကြ​လေ​ပြီ။

သို့​ရာ​တွင်​ထို​သို့​ဖြစ်​မည့်​အ​စား​သင်​သည် မ​ရ​ဏ​နိုင်​ငံ​တွင်​အနက်​ရှိုင်း​ဆုံး​သော​အ​ရပ် သို့​ရောက်​ရှိ​လျက်​နေ​ရ​၏။

``မ​ရ​ဏ​နိုင်​ငံ​သည် ဗာ​ဗု​လုန်​ဘု​ရင်​အား​ကြို ဆို​လက်​ခံ​ရန်​အ​သင့်​ပြင်​ဆင်​လျက်​နေ​၏။ ကမ္ဘာ မြေ​ကြီး​ပေါ်​တွင်​ရှိ​စဉ်​အ​ခါ​က​တန်​ခိုး​ကြီး မား​ခဲ့​သူ​တို့​၏​နာမ်​ဝိ​ညာဉ်​များ​သည် လှုပ်​ရှား သွား​လာ​လျက်​နေ​ကြ​၏။ ဘု​ရင်​တို့​၏​ဝိ​ညာဉ် များ​သည်​လည်း မိ​မိ​တို့​ရာ​ဇ​ပလ္လင်​များ​မှ တက်​ကြွ​လျက်​နေ​ကြ​၏။-

မ​ရ​ဏ​နိုင်​ငံ​တွင်​အ​ဘယ်​သူ​မျှ​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​မ​ပြု​နိုင်​ပါ။ သူ​သေ​တို့​သည်​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​ကို ယုံ​ကြည်​ကိုး​စား​နိုင်​စွမ်း​မ​ရှိ​ပါ။

သို့​ဖြစ်​၍​မည်​မျှ​ပင်​ရေ​ရ​ရှိ​စေ​ကာ​မူ​ယ​ခု မှ​အ​စ​ပြု​၍ အ​ဘယ်​အ​ပင်​မျှ​ထို​အာ​ရစ် ပင်​ကဲ့​သို့​သစ်​ကိုင်း​သစ်​ခက်​များ​အ​ထက်​တွင် မြင့်​မား​ရ​တော့​မည်​မ​ဟုတ်။ ယင်း​တို့​၏​ထိပ်​ဖျား များ​သည်​မိုး​တိမ်​သို့​ရောက်​သည့်​တိုင်​အောင်​မြင့် တက်​ရ​ကြ​တော့​မည်​မ​ဟုတ်။ ထို​သစ်​ပင်​အား လုံး​ပင်​လူ​သား​များ​နှင့်​အ​တူ မြေ​ကြီး​ပေါ် တွင်​သေ​ကြေ​ပျက်​စီး​ကာ​မ​ရ​ဏာ​နိုင်​ငံ​သို့ ဆင်း​သက်​ရ​ကြ​ပေ​တော့​အံ့'' ဟု​မိန့်​တော် မူ​၏။

ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ အီ​ဂျစ်​ပြည်​မှ မြောက်​မြား​စွာ​သော​လူ​အ​ပေါင်း​တို့​အ​တွက် ငို​ကြွေး​မြည်​တမ်း​လော့။ သူ​မ​ကို​အ​ခြား​တန် ခိုး​ကြီး​သူ​လူ​မျိုး​များ​၏​သ​မီး​ပျို​များ နှင့်​အ​တူ မ​ရ​ဏာ​နိုင်​ငံ​သို့​ပို့​ဆောင်​လော့။

``မြောက်​အ​ရပ်​မှ​မင်း​ညီ​မင်း​သား​များ​နှင့် ဇိ​ဒုန်​မြို့​သား​တို့​သည်​ထို​အ​ရပ်​တွင်​ရှိ​ကြ ၏။ အ​ခါ​တစ်​ပါး​က​သူ​တို့​သည်​မိ​မိ​တို့ ၏​တန်​ခိုး​အာ​ဏာ​ဖြင့်​သူ​တစ်​ပါး​တို့​အား ထိတ်​လန့်​တုန်​လှုပ်​အောင်​ပြု​ခဲ့​ကြ​သော်​လည်း ယ​ခု​အ​ခါ​၌​စစ်​ပွဲ​တွင်​ကျ​ဆုံး​သူ​များ နှင့်​အ​တူ​အ​သ​ရေ​ပျက်​၍ သေ​ကြ​ပြီး လျှင်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​ရ​သူ များ​နှင့်​အ​တူ​သေ​သူ​တို့​ကမ္ဘာ​သို့​ဆင်း သက်​ကြ​ရ​၏။

သူ​တို့​နှင့်​တ​ကွ​သူ​တို့​၏​သား​မ​ယား​များ၊ ကော​ရ​၏​နောက်​လိုက်​များ​နှင့်​သူ​တို့​ပိုင်​ဆိုင် သ​မျှ​ပစ္စည်း​များ​ကို​မြေ​မျို​လေ​၏။-

ထို​အ​ရပ်​တွင်​ရှိ​သော​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​သည်​လည်း သူ​တို့​၏​အော် ဟစ်​သံ​ကို​ကြား​ရ​သော​အ​ခါ``ပြေး​ကြ၊ ငါ​တို့​လည်း​မြေ​မျို​ခံ​ရ​လိမ့်​မည်'' ဟု အော်​ဟစ်​ကြ​၏။

သင်​၏​မြည်း​သည်​ငါ့​ကို​မြင်​သ​ဖြင့်​သုံး​ကြိမ် တိုင်​လမ်း​လွှဲ​ခဲ့​ပြီ။ အ​ကယ်​၍​မြည်း​သည်​လမ်း မ​လွှဲ​ခဲ့​လျှင် ငါ​သည်​သင့်​ကို​သတ်​၍​မြည်း ကို​အ​သက်​ချမ်း​သာ​ပေး​ပြီ'' ဟု​ဆို​လေ​၏။

သို့​ရာ​တွင်​ကော​ရ​၏​သား​များ​သည်​သေ ဘေး​မှ​လွတ်​ကြ​၏။)

ငါ​၏​အ​မျက်​တော်​သည်​မီး​ကဲ့​သို့​တောက်​လောင်​၍ မြေ​ကြီး​ပေါ်​တွင်​ရှိ​သ​မျှ​တို့​ကို​လောင်​ကျွမ်း စေ​မည်။ အ​မျက်​တော်​မီး​သည်​မ​ရ​ဏာ​နိုင်​ငံ တိုင်​အောင်​လည်း​ကောင်း၊ တောင်​အောက်​ခြေ​သို့​တိုင်​အောင်​လည်း​ကောင်း လောင်​လိမ့်​မည်။

သူ​တို့​သည်​အ​မင်္ဂလာ​ရှိ​ပါ​သည်​တ​ကား။ သူ တို့​သည်​ကာ​ဣ​န​၏​လမ်း​စဉ်​ကို​လိုက်​ကြ​လေ ကုန်​ပြီ။ ငွေ​ကို​စုံ​မက်​သ​ဖြင့်​ဗာ​လမ်​၏​အ​မှား မျိုး​ကို​ပြု​ကြ​လေ​ကုန်​ပြီ။ ကော​ရ​ကဲ့​သို့ တော်​လှန်​ပုန်​ကန်​ကြ​သ​ဖြင့် ဆုံး​ရှုံး​ပျက်​စီး ကြ​ကုန်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ