Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 16:31

Common Language Bible

မော​ရှေ​၏​စ​ကား​ဆုံး​သည်​နှင့်​တစ်​ပြိုင်​နက် ဒါ​သန်​နှင့်​အ​ဘိ​ရံ​အောက်​တွင်​ရှိ​သော မြေ​သည်​ကွဲ​အက်​၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ကမ္ဘာ​မြေ​ကြီး​သည်​ကွဲ​အက်​ကာ​က​စင့် က​လျား​ဖြစ်​လျက်​နှစ်​ခြမ်း​ပွင့်​၍​သွား လိမ့်​မည်။-

သို့​ရာ​တွင်​ထာ​ဝ​ရ​ဘုရား​သည်​ယ​ခင်​က မ​ကြား​စ​ဖူး​သော​အ​မှု​ကို​ပြု​တော်​မူ​ခြင်း အား​ဖြင့် သူ​တို့​နှင့်​တ​ကွ​သူ​တို့​ပိုင်​ဆိုင်​သ​မျှ ပစ္စည်း​များ​ကို​မြေ​မျို​လိုက်​သော​ကြောင့် သူ​တို့ သည်​အ​ရှင်​လတ်​လတ်​သေ​ဆုံး​ကြ​သော် သူ တို့​ကို​ထာ​ဝ​ရ​ဘု​ရား​ပစ်​ပယ်​သည်​ဟု​သိ မှတ်​ကြ​လော့'' ဟု​လူ​အ​ပေါင်း​တို့​အား​ပြော လေ​သည်။

သူ​တို့​နှင့်​တ​ကွ​သူ​တို့​၏​သား​မ​ယား​များ၊ ကော​ရ​၏​နောက်​လိုက်​များ​နှင့်​သူ​တို့​ပိုင်​ဆိုင် သ​မျှ​ပစ္စည်း​များ​ကို​မြေ​မျို​လေ​၏။-

``အ​ကျွန်ုပ်​တို့​သည်​ယ​ခု​ကဲ့​သို့​သော​ဆင်း​ရဲ ဒုက္ခ​ခံ​ရ​သည်​ထက် အ​ကျွန်ုပ်​တို့​၏​သား​ချင်း များ​နှင့်​အ​တူ​ထာ​ဝ​ရ​ဘု​ရား​၏​တဲ​တော် ရှေ့​တွင်​သေ​ရ​သည်​က​ပို​၍​ကောင်း​ပါ​သေး သည်။-

``ကျွန်​မ​တို့​၏​ဖ​ခင်​သည်​တော​ကန္တာ​ရ​၌ သေ ဆုံး​ခဲ့​ရာ​သား​ယောကျာ်း​ဟူ​၍​တစ်​ယောက်​မျှ မ​ကျန်​ရစ်​ပါ။ ဖ​ခင်​သည်​ထာ​ဝ​ရ​ဘု​ရား အား​ပုန်​ကန်​သော​ကော​ရ​၏​လူ​စု​တွင်​မ​ပါ ဝင်​ခဲ့​ပါ။ သူ​သည်​မိ​မိ​၏​အ​ပြစ်​ကြောင့်​သေ ဆုံး​ခဲ့​ရ​ပါ​သည်။-

ရု​ဗင်​အ​နွယ်​ဝင်​ဧလျာဘ​၏​သား​များ​ဖြစ်​ကြ သော ဒါ​သန်​နှင့်​အ​ဘိ​ရံ​တို့​အား​မည်​ကဲ့​သို့ စီ​ရင်​တော်​မူ​သည်​ကို​သင်​တို့​သတိ​ရ​ကြ​မည်။ လူ​အ​ပေါင်း​တို့​၏​မျက်​မှောက်​တွင်​သူ​တို့​သည် သူ​တို့​၏​မိ​သား​စု​များ၊ တဲ​များ၊ အ​စေ​ခံ များ၊ တိ​ရစ္ဆာန်​များ​နှင့်​တ​ကွ​မြေ​မျို​ခြင်း ခံ​ရ​၏။-

သူ​တို့​သည်​အ​မင်္ဂလာ​ရှိ​ပါ​သည်​တ​ကား။ သူ တို့​သည်​ကာ​ဣ​န​၏​လမ်း​စဉ်​ကို​လိုက်​ကြ​လေ ကုန်​ပြီ။ ငွေ​ကို​စုံ​မက်​သ​ဖြင့်​ဗာ​လမ်​၏​အ​မှား မျိုး​ကို​ပြု​ကြ​လေ​ကုန်​ပြီ။ ကော​ရ​ကဲ့​သို့ တော်​လှန်​ပုန်​ကန်​ကြ​သ​ဖြင့် ဆုံး​ရှုံး​ပျက်​စီး ကြ​ကုန်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ