Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 16:14

Common Language Bible

သင်​သည်​ငါ​တို့​ကို​အ​စာ​ရေ​စာ​ပေါ​ကြွယ် ဝ​သော​ပြည်​သို့​မ​ပို့​ဆောင်​နိုင်​သေး​သည်​သာ မ​က ငါ​တို့​ပိုင်​ဆိုင်​ရန်​လယ်​ယာ​မြေ​နှင့်​စ​ပျစ် ဥ​ယျာဉ်​များ​ကို​လည်း​မ​ပေး​နိုင်။ သင်​သည် ငါ​တို့​အား​လှည့်​စား​ဦး​မည်​ကြံ​သ​လော။ ငါ​တို့​သင့်​ထံ​သို့​မ​လာ'' ဟု​ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

``လူ​တစ်​ဦး​သည်​မိ​မိ​၏​တိ​ရစ္ဆာန်​များ​ကို လယ် သို့​မ​ဟုတ်​စ​ပျစ်​ဥ​ယျာဉ်​ထဲ​တွင်​ထိန်း​ကျောင်း နေ​စဉ် သူ​တစ်​ပါး​၏​လယ်​ထဲ​သို့​ကူး​ကျော် ကျက်​စား​စေ​လျှင်၊ မိ​မိ​၏​လယ်​သို့​မ​ဟုတ် စ​ပျစ်​ဥ​ယျာဉ်​မှ​ထွက်​သော​အ​ကောင်း​ဆုံး အ​သီး​အ​နှံ​ဖြင့်​အ​စား​လျော်​စေ​ရ​မည်။

``သင်​တို့​သည်​ခြောက်​နှစ်​ပတ်​လုံး​ထွန်​ယက် စိုက်​ပျိုး​၍ ထွက်​သ​မျှ​သီး​နှံ​ကို​စု​သိမ်း​ရ မည်။-

သို့​ရာ​တွင်​သတ္တ​မ​နှစ်​၌​ထွန်​ယက်​စိုက်​ပျိုး​ခြင်း မ​ပြု​ဘဲ မြေ​ကို​အ​လွတ်​ထား​၍​ထို​မြေ​ပေါ် တွင်​ပေါက်​သ​မျှ​သီး​နှံ​ကို​မ​ရိတ်​သိမ်း​ရ။ ဆင်း​ရဲ သူ​တို့​အား​ထို​မြေ​မှ​ထွက်​သော​သီး​နှံ​ကို​စား စေ​၍ ကြွင်း​ကျန်​သ​မျှ​ကို​တော​တိ​ရစ္ဆာန်​များ အ​တွက်​ဖြစ်​စေ​ရ​မည်။ သင်​တို့​၏​စ​ပျစ်​ခြံ၊ သံ​လွင်​ခြံ​တို့​ကို​လည်း​ထို​နည်း​အ​တိုင်း ပြု​လုပ်​ရ​မည်။

ငါ​သည်​သင်​တို့​နှိပ်​စက်​ညှင်း​ဆဲ​ခြင်း​ခံ​ရ သော​အီ​ဂျစ်​ပြည်​မှ​သင်​တို့​ကို​ထုတ်​ဆောင် ၍၊ ခါ​နာန်​အ​မျိုး​သား၊ ဟိတ္တိ​အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ယေ​ဗု​သိ​အ​မျိုး​သား​တို့ နေ​ထိုင်​ရာ​ပြည်​သို့​ပို့​ဆောင်​မည်။ ထို​ပြည်​သည် မြေ​သြ​ဇာ​ထက်​သန်​၍​အ​စာ​ရေ​စာ​ပေါ ကြွယ်​ဝ​၏ ဟူ​၍​မိန့်​တော်​မူ​ကြောင်း​ပြော ပြ​လော့။

အီ​ဂျစ်​အ​မျိုး​သား​တို့​လက်​တွင်း​မှ​သူ​တို့ အား​ကယ်​တင်​ပြီး​လျှင် ထို​ပြည်​မှ​ထုတ်​ဆောင် လျက်​မြေ​သြ​ဇာ​ထက်​သန်​၍​ကျယ်​ပြန့်​သော ပြည်​သို့​ပို့​ဆောင်​ရန်​ငါ​ကြွ​ဆင်း​လာ​ပြီ။ ထို ပြည်​သည်​မြေ​သြ​ဇာ​ထက်​သန်​၍​အ​စာ​ရေ စာ​ပေါ​ကြွယ်​ဝ​၏။ ထို​ပြည်​တွင်​ခါ​နာန်​အ​မျိုး သား၊ ဟိတ္တိ​အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ယေ​ဗု​သိ​အ​မျိုး​သား​တို့​နေ​ထိုင်​ကြ​၏။-

အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​၍​မြေ​သြ​ဇာ​ထက်​သန်​သော​ထို​ပြည်​ကို သင်​တို့​ပိုင်​ဆိုင်​ရန်​ငါ​ပေး​မည်​ဟု​က​တိ​ထား​သည့်​အ​တိုင်း​ငါ​ပြု​မည်။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​ဖြစ်​၍ သင်​တို့​သည်​အ​ခြား​လူ​မျိုး​များ​နှင့်​မ​တူ​ငါ​သီး​သန့်​ရွေး​ချယ်​ထား​သော​လူ​မျိုး​ဖြစ်​၏။-

သူ​တို့​က​မော​ရှေ​အား``အ​ကျွန်ုပ်​တို့​သည်​ထို ပြည်​သို့​သွား​ရောက်​စုံ​စမ်း​ထောက်​လှမ်း​၍ ထို ပြည်​သည်​အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​၍ မြေ သြ​ဇာ​ထက်​သန်​ကြောင်း​သိ​ရှိ​ရ​ပါ​၏။ ဤ သစ်​သီး​များ​သည်​ထို​ပြည်​မှ​ထွက်​သော သစ်​သီး​ဖြစ်​ပါ​သည်။-

ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​စိတ်​တော်​နှင့် တွေ့​လျှင်​အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​၍ မြေ​သြ ဇာ​ထက်​သန်​သော​ထို​ပြည်​သို့​ပို့​ဆောင်​လျက် အ​ပိုင်​စား​ပေး​တော်​မူ​မည်။-

အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​တို့​အား​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​၍ မည်​သည့်​အ​ပင်​မျှ​မ​ပေါက်​သော​ဤ ခေါင်​သည့်​အ​ရပ်​သို့​ခေါ်​ဆောင်​ခဲ့​ပါ​သ​နည်း။ ဤ အ​ရပ်​တွင်​ကောက်​ပဲ​သီး​နှံ​ပင်​မ​ရှိ၊ သ​ဖန်း​ပင် မ​ရှိ၊ စ​ပျစ်​ပင်​မ​ရှိ၊ သ​လဲ​ပင်​မ​ရှိ၊ သောက် စ​ရာ​ရေ​မ​ရှိ'' ဟု​ညည်း​တွား​ကြ​လေ​သည်။-

ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​လည်း​သူ့​အား ဖမ်း​ဆီး​ကာ​သူ​၏​မျက်​စိ​ကို​ဖောက်​ပြီး နောက် သူ့​အား​ဂါ​ဇ​မြို့​သို့​ခေါ်​ဆောင်​၍ ကြေး​ဝါ​ကြိုး​များ​ဖြင့်​ချည်​နှောင်​ပြီး​လျှင် ထောင်​ထဲ​၌​ကြိတ်​ဆုံ​ကျောက်​ကို​လှည့်​စေ ကြ​၏။-

နာ​ဟတ်​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တစ် ရပ်​လုံး​အ​သ​ရေ​ပျက်​စေ​ရန် သင်​တို့​၏​ညာ မျက်​စိ​ရှိ​သ​မျှ​ကို​ဖောက်​ပစ်​ခွင့်​ပေး​မှ​သာ ငါ​သည်​သင်​တို့​နှင့်​မ​ဟာ​မိတ်​စာ​ချုပ်​ချုပ် ဆို​နိုင်​မည်'' ဟု​ဆို​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ