Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 15:29

Common Language Bible

ဤ​ပ​ညတ်​သည်​အ​မှတ်​မ​ထင်​အ​ပြစ်​ပြု မိ​သော တိုင်း​ရင်း​ဖွား​ဣ​သ​ရေ​လ​အ​မျိုး သား​အ​တွက်​ဖြစ်​စေ၊ အ​တူ​တ​ကွ​နေ​ထိုင် သော​လူ​မျိုး​ခြား​အ​တွက်​ဖြစ်​စေ အ​ပြစ် ဖြေ​ရန်​လိုက်​နာ​ရ​မည့်​ပညတ်​ဖြစ်​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

``ရပ်​ဝေး​တွင်​နေ​ထိုင်​သည့်​တိုင်း​တစ်​ပါး​သား တစ်​ဦး​သည် ကိုယ်​တော်​၏​ဂုဏ်​သ​တင်း​တော်​ကို လည်း​ကောင်း၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​တွက် ပြု​တော်​မူ​သော​ကြီး​မြတ်​သည့်​အ​မှု​တော်​များ အ​ကြောင်း​ကို​လည်း​ကောင်း​ကြား​ရ​သ​ဖြင့် ကိုယ် တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ဤ​ဗိ​မာန်​တော် သို့​လာ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ၊-

ဣ​သ​ရေ​လ​အ​မျိုး​သား​များ​သော်​လည်း ကောင်း၊ သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ မျိုး​ခြား​တို့​သည်​သော်​လည်း​ကောင်း ဤ​စည်း ကမ်း​ဥ​ပ​ဒေ​သ​များ​ကို​လိုက်​နာ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-

သင်​တို့​သည်​အောက်​တွင်​ဖော်​ပြ​ပါ​ပ​ညတ်​ကို ထာ​ဝ​စဉ်​လိုက်​နာ​စောင့်​ထိန်း​ရ​မည်။ သတ္တမ​လ၊ ဆယ်​ရက်​နေ့​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​နှင့် သူ​တို့​ထံ​၌​နေ​ထိုင်​သော​လူ​မျိုး​ခြား တို့​သည် အ​စာ​ရှောင်​၍​မည်​သည့်​အ​လုပ်​ကို မျှ​မ​လုပ်​ရ။-

ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ လူ​မျိုး​ခြား သား​ဖြစ်​စေ၊ ဋ္ဌမ္မ​တာ​အ​လျောက်​သေ​သော တိ​ရစ္ဆာန်​၏​အ​သား သို့​မ​ဟုတ်​သား​ရဲ​ကိုက် သတ်​၍​သေ​သော​တိ​ရစ္ဆာန်​၏​အ​သား​ကို​စား လျှင် မိ​မိ​အ​ဝတ်​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ မည်။ သူ​သည်​ည​ဦး​တိုင်​အောင်​စောင့်​ဆိုင်း ပြီး​မှ ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင် လာ​လိမ့်​မည်။-

သင်​တို့​တွင်​တည်း​ခို​နေ​ထိုင်​သော​လူ​မျိုး​ခြား တို့​သည် ဤ​ပြ​ဋ္ဌာန်း​ချက်​များ​ကို​နောင်​အ​စဉ် အ​ဆက်​စောင့်​ထိန်း​ရ​ကြ​မည်။ သင်​တို့​နှင့်​လူ မျိုး​ခြား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​တွင်​ညီ​တူ​ညီ​မျှ​ဖြစ်​ကြ​သ​ဖြင့်၊-

ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​အ​တွက်​အ​ပြစ် ဖြေ​ရာ​ယဇ်​ကို​ပူ​ဇော်​သော​အား​ဖြင့် အ​ပြစ် မှ​လွတ်​လိမ့်​မည်။-

တိုင်း​ရင်း​ဖွား​ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ လူ​မျိုး​ခြား​ဖြစ်​စေ​တ​မင်​သက်​သက်​အ​ပြစ် ပြု​မိ​လျှင်​မူ​ကား ထို​သူ​သည်​ထာ​ဝ​ရ​ဘု​ရား အား​မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ဖြစ်​သော​ကြောင့် သူ့​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။-

``သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား​သား​တစ်​ဦး​သည်​ပ​သ​ခါ​ပွဲ​ခံ​လို​လျှင် သူ​သည်​ပွဲ​တော်​နှင့်​ဆိုင်​သော​ပြ​ဋ္ဌာန်း​ချက်​အား​လုံး​ကို​လိုက်​နာ​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ လူ​မျိုး​ခြား​ဖြစ်​စေ​ဤ​ပြ​ဋ္ဌာန်း​ချက်​များ​ကို​လိုက်​နာ​ရ​မည်။

သို့​ရာ​တွင်​သ​ခင်​အ​လို​ဆန္ဒ​ကို​မ​သိ​ဘဲ ကြိမ်​ဒဏ်​ထိုက်​သော​အ​မှု​ကို​ပြု​မိ​သော​သူ မူ​ကား အ​နည်း​ငယ်​သာ​ကြိမ်​ဒဏ်​ခံ​ရ​လတ္တံ့။ ကျေး​ဇူး​ပြု​ခြင်း​များ​စွာ​ခံ​ရ​သော​သူ​သည် တာ​ဝန်​များ​စွာ​ရှိ​လိမ့်​မည်။ ပို​၍​ယုံ​ကြည် အပ်​နှံ​ခြင်း​ခံ​ရ​သော​သူ​သည်​ပို​၍​ဆောင် ရွက်​စ​ရာ​ရှိ​လိမ့်​မည်။

ခေါင်း​ဆောင်​များ၊ အ​ရာ​ရှိ​များ၊ တ​ရား​သူ​ကြီး များ​မှ​စ​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ယင်း​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး ခြား​များ​တို့​နှင့်​အ​တူ ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​သော လေ​ဝိ အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ်​များ​၏​တစ်​ဘက် တစ်​ချက်၊ သေတ္တာ​တော်​၏​ဝဲ​ယာ​၌​လူ​စု​ခွဲ​၍ ရပ်​နေ​ကြ​၏။ လူ​ဦး​ရေ​တစ်​ဝက်​တို့​သည် ဂေ​ရ​ဇိန်​တောင်​ကို​ကျော​ပေး​၍​ကျန်​တစ် ဝက်​တို့​သည်​ဧ​ဗ​လ​တောင်​ကို​ကျော​ပေး လျက်​ရပ်​နေ​ကြ​သည်။ သူ​တို့​သည်​ကောင်း​ချီး မင်္ဂလာ​ကို​ခံ​ယူ​သော​အ​ခါ​ထို​သို့​လိုက်​နာ ဆောင်​ရွက်​ရ​မည်​ဟူ​၍​ထာ​ဝ​ရ​ဘု​ရား​၏ အ​စေ​ခံ​မော​ရှေ​မိန့်​မှာ​ခဲ့​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ