Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 15:24

Common Language Bible

မ​သိ​မှား​ယွင်း​ခြင်း​ဖြစ်​ခဲ့​သည်​ရှိ​သော် သူ​တို့​သည် နွား​ထီး​တစ်​ကောင်​ကို​မီး​ရှို့​ရာ ယဇ်​အ​ဖြစ်​ပူ​ဇော်​ရ​မည်။ ထို​သ​ကာ​ရ​နံ့ ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​၏။ ထို ယဇ်​ကောင်​နှင့်​အ​တူ​ဘော​ဇဉ်​သကာ​နှင့် စ​ပျစ်​ရည်​သကာ​တို့​ကို​လည်း​တွဲ​ဖက် ဆက်​သ​ရ​မည်။ ထို့​အ​ပြင်​အ​ပြစ်​ဖြေ​ရာ ယဇ်​အ​တွက်​ဆိတ်​ထီး​တစ်​ကောင်​ကို လည်း​ပူ​ဇော်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထို​အ​နု​မော​ဒ​နာ​ပွဲ​၌​သူ​တို့​သည်​နွား​ကောင်​ရေ​တစ်​ရာ၊ သိုး​ကောင်​ရေ​နှစ်​ရာ​နှင့်​သိုး​သား​ငယ်​ကောင်​ရေ​လေး​ရာ​ကို​ယဇ်​ကောင်​များ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​တစ်​နွယ်​လျှင်​ဆိတ်​တစ်​ကောင်​ကျ​ဖြင့် ဆိတ်​တစ်​ဆယ့်​နှစ်​ကောင်​ကို​အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သကာ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ပူ​ဇော်​ကြ​၏။-

ထို​နောက်​ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သူ အ​ပေါင်း​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​အား​မီး​ရှို့​ဆက်​သ​ရန် ပူ​ဇော် သကာ​များ​ကို​ယူ​လာ​ကြ​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တစ်​ရပ်​လုံး​အ​တွက် နွား​တစ်​ဆယ့် နှစ်​ကောင်၊ သိုး​ထီး​ကိုး​ဆယ့်​ခြောက်​ကောင်၊ သိုး သား​ငယ်​ခု​နစ်​ဆယ့်​ခု​နစ်​ကောင်​ကို​ပူ​ဇော် ကြ​၏။ ဆိတ်​တစ်​ဆယ့်​နှစ်​ကောင်​ကို​လည်း အ​ပြစ် ဖြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​ကြ​၏။ ဤ​တိ​ရစ္ဆာန် အား​လုံး​ကို​ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ သကာ​အ​ဖြစ်​ပူ​ဇော်​ကြ​လေ​သည်။-

ထို့​အ​ပြင်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဆိတ် ထီး​တစ်​ကောင်​ကို​လည်း​ကောင်း၊ မိတ်​သ​ဟာ​ယ ယဇ်​အ​ဖြစ် တစ်​နှစ်​သား​သိုး​က​လေး​နှစ်​ကောင် ကို​လည်း​ကောင်း​ပူ​ဇော်​ရ​မည်။-

အ​ကယ်​၍​အုပ်​ချုပ်​သော​မင်း​သည်​ထာ​ဝ​ရ ဘု​ရား​၏​ပ​ညတ်​တော်​တစ်​ပါး​ပါး​ကို အ​မှတ် မ​ထင်​ချိုး​ဖောက်​မိ​သ​ဖြင့်​အ​ပြစ်​ကူး​လွန် ခဲ့​သည်​ရှိ​သော်၊-

မိ​မိ​၏​အ​ပြစ်​ကို​သိ​လျှင်​အ​ပြစ်​အ​နာ​ကင်း သော​ဆိတ်​ထီး​တစ်​ကောင်​ကို​ယဇ်​ပူ​ဇော်​ရန် ယူ​ဆောင်​ခဲ့​ရ​မည်။-

တစ်​စုံ​တစ်​ယောက်​သည်​ထာ​ဝ​ရ​ဘု​ရား​၏ သန့်​ရှင်း​မြင့်​မြတ်​မှု​ကို အ​မှတ်​မ​ထင်​ထိ​ခိုက် အ​ပြစ်​ကူး​လွန်​မိ​သော်​အ​ပြစ်​အ​နာ​ကင်း သော​သိုး​ထီး၊ သို့​မ​ဟုတ်​ဆိတ်​ထီး​ကို​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ ထို​သိုး သို့​မ​ဟုတ်​ဆိတ်​၏​တန်​ဖိုး​ကို ကျပ်​ချိန်​တော် အ​ရ​အ​ဖိုး​ဖြတ်​သည့်​ငွေ​ကို​ပါ​ဆက်​သ ရ​မည်။-

သူ​သည်​အ​ပြစ်​အ​နာ​ကင်း​သော​သိုး​ထီး သို့​မ​ဟုတ်​ဆိတ်​ထီး​ကို​ယဇ်​ပု​ရော​ဟိတ်​ထံ သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ ထို​သိုး​သို့​မ​ဟုတ် ဆိတ်​၏​တန်​ဖိုး​ကို​ကျပ်​ချိန်​တော်​အ​ရ​အ​ဖိုး ဖြတ်​သည့်​ငွေ​ကို​ပါ​ဆက်​သ​ရ​မည်။ ထို​နောက် ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​၏​အ​ပြစ်​အ​တွက် ယဇ်​ပူ​ဇော်​သ​ဖြင့်​သူ​သည်​အ​ပြစ်​လွတ်​လိမ့် မည်။-

နောင်​အ​ခါ​တွင်​တစ်​မျိုး​သား​လုံး​သည် မော​ရှေ​မှ​တစ်​ဆင့် ထာ​ဝ​ရ​ဘု​ရား​ပြ​ဋ္ဌာန်း သော​ပ​ညတ်​ရှိ​သ​မျှ​အ​တိုင်း​မ​ကျင့် လျှင်​သော်​လည်း​ကောင်း၊-

လူ​ထု​တစ်​ရပ်​လုံး​တွင်​ပါ​ဝင်​သူ​တိုင်း​သည် အ​မှတ်​မ​ထင်​မှား​ယွင်း​မိ​သည်​ဖြစ်​ရာ ဣ​သ ရေ​လ​အ​မျိုး​သား​များ​နှင့်​သူ​တို့​နှင့်​အ​တူ နေ​ထိုင်​သော​လူ​မျိုး​ခြား​များ​၏​အ​ပြစ် လွတ်​လိမ့်​မည်။

နေ့​စဉ်​ဆက်​သ​ရ​သော​မီး​ရှို့​ရာ​ယဇ်​နှင့်​တ​ကွ စ​ပျစ်​ရည်​သကာ​အ​ပြင်​ဆိတ်​ထီး​တစ်​ကောင် ကို​လည်း​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော် ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ