Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 15:21

Common Language Bible

သင်​တို့​ဖုတ်​သော​မုန့်​မှ​ဤ​အ​ထူး​လှူ​ဖွယ် ကို​ထာ​ဝ​ရ​ဘု​ရား​အား သင်​တို့​အ​မျိုး အ​စဉ်​အ​ဆက်​ပူ​ဇော်​ဆက်​သ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ဤ​ဆယ်​ဖို့​တစ်​ဖို့​အ​လှူ​ကို​ကောက်​ခံ​ချိန် ၌​အာ​ရုန်​မှ​ဆင်း​သက်​သည့်​ယဇ်​ပု​ရော ဟိတ်​များ​သည် လေ​ဝိ​အ​နွယ်​ဝင်​တို့​နှင့် အ​တူ​ရှိ​ရ​မည်။ ထို​နောက်​လေ​ဝိ​အ​နွယ်​ဝင် တို့​က​မိ​မိ​တို့​ကောက်​ခံ​ရ​ရှိ​သည့်​အ​သီး အ​နှံ​များ​အ​နက် ဆယ်​ပုံ​တစ်​ပုံ​ကို​ဗိ​မာန် တော်​တွင်​အ​သုံး​ပြု​ရန်​ဗိ​မာန်​တော်​ပစ္စည်း သို​လှောင်​ခန်း​သို့​ယူ​ဆောင်​သွား​ပါ မည်။-

``နှစ်​စဉ်​သင်​တို့​၏​လယ်​များ​မှ အ​စ​ဦး​ဆုံး​ရိတ် သိမ်း​ရ​သော​သီး​နှံ​များ​ကို သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​သို့​ယူ​ဆောင်​လှူ​ဒါန်း ရ​မည်။ ``သိုး​ငယ်​သို့​မ​ဟုတ်​ဆိတ်​ငယ်​ကို အ​မိ​နို့​ရည်​နှင့်​မ​ချက်​မ​ပြုတ်​ရ။

ငါ​၏​လူ​မျိုး​တော်​သည်​မိတ်​သ​ဟာ​ယ​ယဇ် ကို​ပူ​ဇော်​သော​အ​ခါ၊ ယဇ်​ကောင်​၏​ရင်​ပုံ​သား နှင့်​ပေါင်​ကို​ယဇ်​ပု​ရော​ဟိတ်​အား​ဝေ​ပုံ​စု အ​ဖြစ်​ပေး​ရ​မည်​ဟူ​သော​ပ​ညတ်​ကို​အ​မြဲ စောင့်​ရှောက်​လော့။ ဤ​ကား၊ လူ​တို့​က​ငါ​ထာ​ဝ​ရ ဘု​ရား​အား​ဆက်​သ​သော​ပူ​ဇော်​သ​ကာ​ဖြစ်​၏။

ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ကောက်​ဦး​စ​ပါး အ​ကောင်း​ဆုံး​နှင့်​ငါ့​အား​ဆက်​သ​သည့်​အ​ခြား ပူ​ဇော်​သ​ကာ​ရှိ​သ​မျှ​ကို​ခံ​ယူ​ရ​ရှိ​ကြ​လိမ့် မည်။ လူ​တို့​သည်​မုန့်​များ​ကို​ဖုတ်​သည့်​အ​ခါ တိုင်း​ယဇ်​ပု​ရော​ဟိတ်​တို့​အား​အ​ဦး​ဆုံး​ဖုတ် သည့်​မုန့်​ကို​ပူ​ဇော်​သကာ​အ​ဖြစ်​ပေး​လှူ​ရ​ကြ မည်။ ထို​အ​ခါ​ငါ​၏​ကောင်း​ချီး​မင်္ဂ​လာ​သည် သူ​တို့​၏​အိမ်​များ​အ​ပေါ်​သို့​သက်​ရောက် လိမ့်​မည်။-

ဘု​ရား​သ​ခင်​အား​ဦး​စွာ​မ​ဆက်​သ​ဘဲ ကောက်​သစ်​ကို​အ​စိမ်း​ဖြစ်​စေ၊ ကျော်​၍​ဖြစ်​စေ၊ မုန့်​လုပ်​၍​ဖြစ်​စေ​မ​စား​ရ။ သင်​တို့​၏​အ​မျိုး အ​စဉ်​အ​ဆက်​သည်​ပ​ညတ်​ကို​ထာ​ဝ​စဉ် စောင့်​ထိန်း​ရ​မည်။

ကောက်​သစ်​မှ​ရ​သော​မုန့်​ညက်​ဖြင့်​လုပ်​သည့် အ​ဦး​ဆုံး​မုန့်​ကို ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​ဆက်​သ​ရ​မည်။ ကောက်​နယ်​တ​လင်း​မှ​ရ​သော​စ​ပါး​ကို အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​ဆက်​သ​သည့်​နည်း တူ​ဤ​မုန့်​ကို​ဆက်​သ​ရ​မည်။-

အ​ကယ်​၍​တစ်​စုံ​တစ်​ယောက်​သည်​ဤ​ပ​ညတ် အ​ချို့​ကို အ​မှတ်​မ​ထင်​ဖောက်​ဖျက်​မိ​လျှင် သော်​လည်း​ကောင်း၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ