တိုင်းရင်းဖွားဣသရေလအမျိုးသားအပေါင်း တို့သည် ထာဝရဘုရားနှစ်သက်တော်မူသော ရနံ့အဖြစ် သကာကိုဆက်သရာ၌ထိုနည်း အတိုင်းလိုက်နာရမည်။-
ယဇ်ကောင်တစ်ကောင်ထက်ပို၍ပူဇော်သည့် အခါ တွဲဖက်ပူဇော်ရမည့်သကာများကို လည်းအချိုးကျတိုးမြှင့်ပူဇော်ရမည်။-
အမြဲဖြစ်စေ၊ ယာယီဖြစ်စေသင်တို့နှင့် အတူနေထိုင်သောလူမျိုးခြားတစ်ဦးသည် ထာဝရဘုရားနှစ်သက်တော်မူသောရနံ့ အဖြစ်သကာကိုဆက်သသည့်အခါ ဖော်ပြ ပါပြဋ္ဌာန်းချက်များအတိုင်းဆက်သ ရမည်။-