တောလည် 14:6Common Language Bibleခါနာန်ပြည်ကိုစုံစမ်းထောက်လှမ်းခဲ့သူများ အနက် နှစ်ဦးဖြစ်ကြသောနုန်၏သားယောရှု နှင့်ယေဖုန္နာ၏သားကာလက်တို့သည် ဝမ်းနည်း သည့်အနေဖြင့်မိမိတို့၏အဝတ်အင်္ကျီများ ကိုဆုတ်ဖြဲလျက်၊- အခန်းကိုကြည့်ပါ။ |
ထိုနောက်ဒါဝိဒ်သည်ယွာဘနှင့်အပေါင်းပါ တို့အား အဝတ်များကိုဆုတ်ဖြဲ၍လျှော်တေ ကိုဝတ်ပြီးလျှင် အာဗနာအတွက်ငိုကြွေး မြည်တမ်းမှုပြုကြရန်အမိန့်ပေးတော်မူ၏။ ထိုနောက်အလောင်းကိုသင်္ချိုင်းသို့ပို့ဆောင်သွား သောအခါ၌လည်း မင်းကြီးကိုယ်တိုင်တလား ၏နောက်မှလမ်းလျှောက်၍လိုက်ပါပို့ဆောင် တော်မူ၏။-
သို့သော်လည်းငါ၏အစေခံကာလက်သည် အခြားသူတို့နှင့်ခြားနားသောသဘောရှိ၍ ငါ၏စကားကိုတစ်သဝေမတိမ်းလိုက်နာ သူဖြစ်ခြင်းကြောင့် သူစုံစမ်းထောက်လှမ်းခဲ့ သောပြည်သို့သူ့ကိုငါပို့ဆောင်မည်။ သူ၏ အဆက်အနွယ်တို့သည်အာမလက်အမျိုး သားနှင့်ခါနာန်အမျိုးသားတို့ယခုနေထိုင် ရာချိုင့်ဝှမ်းများရှိရာနယ်မြေကိုအပိုင်ရ လိမ့်မည်။ နက်ဖြန်နေ့တွင်သင်သည်ပြန်လှည့် ၍အာကာဘာပင်လယ်ကွေ့ဘက်ရှိတော ကန္တာရသို့သွားလော့'' ဟုမောရှေအား မိန့်တော်မူ၏။
တစ်နေ့သ၌ယုဒအနွယ်ဝင်အချို့တို့သည် ဂိလဂါလမြို့တွင်ရှိသော ယောရှုထံသို့ရောက် ရှိလာကြလေသည်။ သူတို့အနက်မှကေနက် အမျိုးယေဖုန္နာ၏သားကာလက်ကယောရှု အား``ကာဒေရှဗာနာအရပ်တွင်ထာဝရ ဘုရားသည် မိမိ၏အစေခံမောရှေအား ကိုယ်တော်နှင့်အကျွန်ုပ်ကိုရည်ဆောင်၍မိန့် တော်မူသောစကားကိုကိုယ်တော်သတိရ ပါလိမ့်မည်။-
ယေဖသသည်သူ့ကိုမြင်သောအခါစိတ် မချမ်းမသာဖြစ်လျက် မိမိအဝတ်ကိုဆွဲ ဆုတ်ကာ``အို ငါ့သမီး၊ သင်သည်ငါ၏စိတ်နှလုံး ကိုကြေကွဲစေလေပြီ။ ငါ့အားစိတ်ဝေဒနာ ခံစားစေသူမှာအဘယ်ကြောင့်သင်ဖြစ်ရ ပါသနည်း။ ငါသည်ထာဝရဘုရားအား ကြီးလေးသည့်သစ္စာကတိကိုပြန်လည်ရုတ် သိမ်း၍မရတော့ပါ'' ဟုပြော၏။