Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 13:33

Common Language Bible

အ​လွန်​ထွား​ကျိုင်း​သော​အာ​န​က​လူ​မျိုး​၏ အ​ဆက်​အ​နွယ်​များ​ကို​လည်း ငါ​တို့​တွေ့​မြင် ခဲ့​ရ​သည်။ ငါ​တို့​အ​မြင်​အား​ဖြင့်​ငါ​တို့​သည် သူ​တို့​ရှေ့​တွင်​နှံ​ကောင်​များ​သ​ဖွယ်​သေး​ငယ် ပါ​၏။ သူ​တို့​သည်​ငါ​တို့​ကို​နှံ​ကောင်​များ သ​ဖွယ်​မြင်​ပါ​မည်'' ဟု​ဆို​ကြ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ကမ္ဘာ​ပေါ်​တွင်​ထို​ကာ​လ​နှင့်​နောက်​ပိုင်း​ကာ​လ​၌ လူ​တို့​၏​သ​မီး​များ​နှင့်​အ​ထက်​ဘုံ​သား​တို့​မှ ပေါက်​ဖွား​လာ​သော​သူ​များ​ရှိ​ကြ​၏။ ထို​သူ​တို့ သည်​ကိုယ်​ခန္ဓာ​အ​လွန်​ထွား​ကြိုင်း​၍ ရှေး​ခေတ် အ​ခါ​က​နာ​မည်​ကျော်​လူ​စွမ်း​ကောင်း​များ ဖြစ်​ကြ​၏။

အ​လွန်​ကြီး​မား​သော​လှံ​ကို​ဆောင်​ထား​သူ အ​မြင့်​ခု​နစ်​ပေ​ခွဲ​ရှိ အီ​ဂျစ်​အ​မျိုးသား ကြီးတစ်​ယောက်​ကို​လည်း​သတ်​ခဲ့​၏။ ဗေ​နာ​ယ သည်​တင်း​ပုတ်​ဖြင့်​တိုက်​ခိုက်​ကာ​သူ​၏​လက် မှ​လှံ​ကြီး​ကို​လု​ယူ​လိုက်​၏။ ထို့​နောက်​ထို လှံ​ဖြင့်​ပင်​လျှင်​သူ၏​အား​အ​ဆုံး​စီ​ရင် လေ​တော့​သည်။-

ကမ္ဘာ​မြေ​ကြီး​ကို​ဖြစ်​ပေါ်​စေ​သူ​ကား မြေ​ကြီး​နှင့်​မိုး​ကောင်း​ကင်​၏​အ​ထက်​၌​ရှိ​သော ပလ္လင်​တော်​ပေါ်​တွင်​စံ​ပယ်​တော်​မူ​သော​အ​ရှင် ပေ​တည်း။ အောက်​မြေ​ကြီး​ပေါ်​ရှိ​လူ​တို့​သည်​ကား ပု​ရွက်​ဆိတ်​များ​ကဲ့​သို့​သေး​ငယ်​သည်​ဟု ထင်​မှတ်​ရ​ပေ​သည်။ ကိုယ်​တော်​သည်​မိုး​ကောင်း​ကင်​ကို မျက်​နှာ​ကြက်​ကဲ့​သို့​လည်း​ကောင်း၊ လူ​တို့​နေ​ထိုင်​ရာ​တဲ​ကဲ့​သို့​လည်း​ကောင်း ဖြန့်​တော်​မူ​၏။

ပ​ထ​မ​ဦး​စွာ​သူ​တို့​သည်​ပြည်​၏​တောင်​ပိုင်း သို့​ဝင်​ရောက်​၍ ကိုယ်​ခန္ဓာ​အ​လွန်​ထွား​ကျိုင်း သည့်​အာ​န​က​အ​မျိုး​သား​တို့​၏​အ​ဆက် အ​နွယ်​များ​ဖြစ်​သော​အ​ဟိ​မန်​သား​ချင်း​စု၊ ရှေ​ရှဲ​သား​ချင်း​စု​နှင့်​တာ​လ​မဲ​သား​ချင်း​စု တို့​နေ​ထိုင်​ရာ​ဟေ​ဗြုန်​မြို့​သို့​ရောက်​ရှိ​ကြ သည်။ (ဟေ​ဗြုန်​မြို့​သည်​အီ​ဂျစ်​ပြည်​ရှိ​ဇော​န မြို့​မ​တည်​မီ​ခု​နစ်​နှစ်​အ​ထက်​က​တည်​ခဲ့ သော​မြို့​ဖြစ်​သ​တည်း။-)

သို့​ရာ​တွင်​ထို​ပြည်​၌​နေ​ထိုင်​သူ​တို့​သည် အင်​အား​ကြီး​၍ တံ​တိုင်း​အ​ကာ​အ​ရံ​ရှိ သော​မြို့​ကြီး​များ​တွင်​နေ​ထိုင်​ကြ​ပါ​သည်။ ထို​မျှ​မ​က​အ​လွန်​ထွား​ကြိုင်း​သော​လူ​မျိုး ၏​အ​ဆက်​အ​နွယ်​များ​ကို​လည်း​တွေ့​မြင် ခဲ့​ရ​ပါ​သည်။-

ထို​အ​ခါ​လူ​အ​ပေါင်း​တို့​သည်​တစ်​ည​လုံး ငို​ကြွေး​မြည်​တမ်း​ကြ​လေ​သည်။-

ငါ​တို့​သည်​အ​ဘယ်​ကြောင့် ထို​ပြည်​သို့​သွား ရ​ပါ​မည်​နည်း။ ငါ​တို့​သည်​ကြောက်​ရွံ့​ပါ​၏။ ငါ​တို့​စေ​လွှတ်​လိုက်​သော​သူ​များ​ပြော​ကြား ချက်​အ​ရ ထို​ပြည်​သား​တို့​သည်​ငါ​တို့​ထက် ခွန်​အား​ကြီး​၍ အ​ရပ်​အ​မောင်း​လည်း​မြင့်​မား သည်။ သူ​တို့​သည်​မိုး​ထိ​အောင်​မြင့်​သော​မြို့​ရိုး အ​တွင်း​၌​နေ​ထိုင်​ကြ​သည်။ အ​လွန်​ထွား ကြိုင်း​သော​သူ​များ​ကို​တွေ့​မြင်​ခဲ့​ကြ​သည်' ဟူ​၍​သင်​တို့​ပြော​ဆို​ညည်း​ညူ​ကြ​သည်။

(အာ​ရ​မြို့​တွင်​ယ​ခင်​အ​ခါ​က အ​လွန်​ထွား ကြိုင်း​၍​ခွန်​အား​ကြီး​သော​ဧ​မိမ်​လူ​မျိုး​နေ ထိုင်​ခဲ့​ကြ​၏။-

(သြ​ဃ​ဘု​ရင်​သည်​အ​လွန်​ထွား​ကြိုင်း​သော ရီ​ဖိမ် အ​နွယ်​ဝင်​ထဲ​မှ​နောက်​ဆုံး​ကြွင်း​ကျန်​သူ​ဖြစ်​၏။ သူ​၏​အ​လောင်း​ထည့်​ရာ​ခေါင်း​ကို​ကျောက်​ဖြင့် ပြု​လုပ်​၍ အ​နံ​ခြောက်​ပေ၊ အ​လျား​တစ်​ဆယ့် လေး​ပေ​နီး​ပါး​ရှိ​၏။ ထို​ဘု​ရင်​၏​ခေါင်း​ကို အမ္မုန်​ပြည်​ရဗ္ဗတ်​မြို့​တွင်​ယ​နေ့​တိုင်​တွေ့​မြင် နိုင်​လေ​သည်။)

လူ​တို့​သည်​အ​ရပ်​မြင့်​၍​ခွန်​အား​ဗ​လ​ကောင်း ၏။ သူ​တို့​သည်​အ​လွန်​ထွား​ကြိုင်း​သ​ဖြင့် မည် သူ​မျှ​သူ​တို့​ကို​မ​ယှဉ်​ပြိုင်​နိုင်​ကြောင်း​သင် တို့​ကြား​ဖူး​ခဲ့​ကြ​ပြီ။-

ထို​ကာ​လ​၌​ယော​ရှု​သည်​ဟေ​ဗြုန်​မြို့၊ ဒေ​ဗိ​ရ မြို့၊ အာ​နပ်​မြို့၊ ယု​ဒ​တောင်​ကုန်း​ဒေ​သ၊ ဣ​သ ရေ​လ​တောင်​ကုန်း​ဒေ​သ​စ​သော​တောင်​ကုန်း ဒေသ​များ​တွင်​နေ​ထိုင်​သည့် ထွား​ကြိုင်း​သော အာ​န​က​အ​မျိုး​သား​တို့​ရှိ​ရာ​သို့​ချီ​တက် လေ​သည်။ ယော​ရှု​သည်​အာ​န​က​အ​မျိုး​သား များ​ကို တစ်​ယောက်​မ​ကျန်​သုတ်​သင်​၍​သူ တို့​မြို့​များ​ကို​မြေ​လှန်​ဖျက်​ဆီး​ခဲ့​လေ သည်။-

ထို့​ကြောင့်​အ​ကျွန်ုပ်​နှင့်​အ​ပေါင်း​အ​ဖော် တို့​သ​တင်း​ပြန်​ကြား​အ​စီ​ရင်​ခံ​သော​နေ့ ၌ ထာ​ဝ​ရ​ဘု​ရား​က​ပေး​မည်​ဟု​က​တိ ထား​တော်​မူ​သော​ဤ​တောင်​ကုန်း​ဒေ​သ ကို​အ​ကျွန်ုပ်​အား​ပေး​ပါ။ ထို​ဒေ​သ​တွင် ကိုယ်​ခန္ဓာ​ထွား​ကြိုင်း​သော​အာ​န​က​အ​မျိုး သား​များ​သည် ခိုင်​ခံ့​သော​မြို့​ရိုး​များ​အ​တွင်း နေ​ထိုင်​ကြောင်း​ကို​အ​ကျွန်ုပ်​တို့​အ​စီ​ရင်​ခံ​ခဲ့ ကြ​ပါ​သည်။ သို့​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား သည်​အ​ကျွန်ုပ်​နှင့်​အ​တူ​ရှိ​တော်​မူ​လျှင် က​တိ​တော်​အ​တိုင်း​အ​ကျွန်ု​သည်​ထို​သူ တို့​ကို​တိုက်​ခိုက်​နှင်​ထုတ်​နိုင်​ပါ​လိမ့်​မည်'' ဟု​တောင်း​ဆို​လေ​၏။

ကာ​လက်​သည်​အာ​န​က​၏​အ​ဆက်​အ​နွယ် များ​ဖြစ်​သော​ရှေ​ရှဲ​သား​ချင်း​စု၊ အ​ဟိ​မန် သား​ချင်း​စု​နှင့်​တာ​လ​မဲ​သား​ချင်း​စု​တို့ ကို​ထို​မြို့​မှ​နှင်​ထုတ်​လိုက်​၏။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဂေါ​လျတ် ကို​မြင်​လျှင်​ကြောက်​၍​ထွက်​ပြေး​ကြ​၏။-

သူ​သည်​ဒါ​ဝိဒ်​ကို​သေ​ချာ​စွာ​ကြည့်​သော အ​ခါ ဒါ​ဝိဒ်​ကား​ရှု​ချင်​ဖွယ်​ကောင်း​သည့် သူ​ငယ်​တစ်​ယောက်​မျှ​သာ​ဖြစ်​သည်​ကို​တွေ့ ရှိ​ရ​သော​ကြောင့် သူ့​အား​မ​ထီ​လေး​စား​ပြု လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ