Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 13:22

Common Language Bible

ပ​ထ​မ​ဦး​စွာ​သူ​တို့​သည်​ပြည်​၏​တောင်​ပိုင်း သို့​ဝင်​ရောက်​၍ ကိုယ်​ခန္ဓာ​အ​လွန်​ထွား​ကျိုင်း သည့်​အာ​န​က​အ​မျိုး​သား​တို့​၏​အ​ဆက် အ​နွယ်​များ​ဖြစ်​သော​အ​ဟိ​မန်​သား​ချင်း​စု၊ ရှေ​ရှဲ​သား​ချင်း​စု​နှင့်​တာ​လ​မဲ​သား​ချင်း​စု တို့​နေ​ထိုင်​ရာ​ဟေ​ဗြုန်​မြို့​သို့​ရောက်​ရှိ​ကြ သည်။ (ဟေ​ဗြုန်​မြို့​သည်​အီ​ဂျစ်​ပြည်​ရှိ​ဇော​န မြို့​မ​တည်​မီ​ခု​နစ်​နှစ်​အ​ထက်​က​တည်​ခဲ့ သော​မြို့​ဖြစ်​သ​တည်း။-)

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ထို့​ကြောင့်​အာ​ဗြံ​သည်​မိ​မိ​၏​စ​ခန်း​မှ ဟေ​ဗြုန်​မြို့​ရှိ​မံ​ရေ​သ​ပိတ်​တော​သစ်​ပင်​များ​အ​နီး​သို့​ပြောင်း​ရွှေ့​နေ​ထိုင်​ပြီး​လျှင် ထို​နေ​ရာ​၌​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရန်​ယဇ်​ပလ္လင်​ကို​တည်​လေ​၏။

ခါ​နာန်​ပြည်​ဟေ​ဗြုန်​မြို့​၌​ကွယ်​လွန်​ရာ​အာ​ဗြ​ဟံ​သည် သူ့​အ​တွက်​ငို​ကြွေး​မြည်​တမ်း​လေ​သည်။

ထို​နောက်​ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား``ကိုယ် တော့်​ကျွန်​သည်​ယု​ဒ​မြို့​တစ်​မြို့​မြို့​သို့​သွား​ရောက် အုပ်​ချုပ်​ရ​ပါ​မည်​လော'' ဟု​မေး​လျှောက်​၏။ ထာ​ဝ​ရ​ဘု​ရား​က``သွား​လော့'' ဟု​မိန့်​တော် မူ​လျှင်၊ ``အ​ဘယ်​မြို့​သို့​သွား​ရ​ပါ​မည်​နည်း'' ဟု မေး​လျှောက်​ပြန်​၏။ ထာ​ဝ​ရ​ဘု​ရား​က``ဟေ​ဗြုန်​မြို့'' ဟု​ဆို​သ​ဖြင့်၊-

ဒါ​ဝိဒ်​သည်​သူ​တို့​အား​ဟေ​ဗြုန်​မြို့​တွင်​ခု​နစ် နှစ်​ခွဲ​တိုင်​အုပ်​စိုး​တော်​မူ​၏။

ဣ​ရှ​ဗိ​ဗေ​နုပ်​ဟု​နာ​မည်​တွင်​သော​အ​လွန် ထွား​ကြိုင်း​သူ​လူ​တစ်​ယောက်​သည် ဒါ​ဝိဒ် အား​လုပ်​ကြံ​မည်​ပြု​၏။ သူ​သည်​ဋ္ဌား​တစ် လက်​ကို​ကိုင်​ဆောင်​ထား​၏။ သူ​၏​ကြေး​ဝါ လှံ​သည်​ခု​နစ်​ပေါင်​လေး​၏။ ဇေ​ရု​ယာ​သား အ​ဗိ​ရှဲ​သည်​ဒါ​ဝိဒ်​ကို​ကူ​ညီ​၍​ဖိ​လိတ္တိ လူ​ကို​တိုက်​သတ်​လေ​၏။-

အီ​ဂျစ်​ပြည်​ဇော​န​လွင်​ပြင်​တွင်​သူ​တို့​၏ ဘိုး​ဘေး​တို့​၏​မျက်​မှောက်​၌ ထာ​ဝ​ရ​ဘု​ရား​သည်​ထူး​ဆန်း​သည့်​နိ​မိတ် လက္ခ​ဏာ​များ​ကို​ပြ​တော်​မူ​၏။

ဇော​န​မြို့​သူ​မြို့​သား​တို့​၏​ခေါင်း​ဆောင်​များ သည် အ​သိ​ဉာဏ်​တုံး​သူ​များ​ဖြစ်​ပါ​သည် တ​ကား၊ အီ​ဂျစ်​ပြည်​၏​အ​တိုင်​ပင်​ခံ​ပ​ညာ ကျော်​တို့​က​လည်း မိုက်​မဲ​သော​အ​ကြံ​ဉာဏ် ကို​ပေး​ကြ​ပါ​သည်​တ​ကား။ သူ​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​အ​ဘယ်​သို့​လျှင် ရှေး​ဘု​ရင် များ​နှင့်​ရှေး​ပ​ညာ​ရှင်​တို့​၏​အ​ဆက်​အ​နွယ် များ​ဖြစ်​သည်​ဟု​မင်း​ကြီး​အား​လျှောက်​ထား ဝံ့​ကြ​ပါ​သ​နည်း။-

ဇော​န​မြို့​သား​များ​နှင့်​နော​ဗ​မြို့​သား​တို့​၏ ခေါင်း​ဆောင်​များ​သည် အ​သိ​ဉာဏ်​တုံး​သူ​များ သာ​တည်း။ သူ​တို့​အား​မိ​မိ​တို့​လူ​မျိုး​၏​ရှေ့ ဆောင်​လမ်း​ပြ​များ​ဟု​ယူ​ဆ​ရ​မည်​ဖြစ်​သော် လည်း သူ​တို့​က​လမ်း​မှား​ကို​ပြ​၍​ပေး​ကြ​၏။-

သူ​တို့​၏​သံ​တ​မန်​များ​သည်​အီ​ဂျစ်​ပြည်၊ ဇော​န​မြို့​နှင့်​ဟာ​နက်​မြို့​သို့​ရောက်​ရှိ​နေ လေ​ပြီ။-

မော​ရှေ​သည်​သူ​တို့​ကို​မ​စေ​လွှတ်​မီ``သင်​တို့ သည်​ဤ​အ​ရပ်​မှ​မြောက်​ဘက်​သို့​သွား​၍ ခါ​နာန် ပြည်​တောင်​ပိုင်း​သို့​ဝင်​ပြီး​လျှင်​တောင်​ကုန်း ဒေ​သ​ပေါ်​သို့​တက်​လော့။-

သို့​ရာ​တွင်​ထို​ပြည်​၌​နေ​ထိုင်​သူ​တို့​သည် အင်​အား​ကြီး​၍ တံ​တိုင်း​အ​ကာ​အ​ရံ​ရှိ သော​မြို့​ကြီး​များ​တွင်​နေ​ထိုင်​ကြ​ပါ​သည်။ ထို​မျှ​မ​က​အ​လွန်​ထွား​ကြိုင်း​သော​လူ​မျိုး ၏​အ​ဆက်​အ​နွယ်​များ​ကို​လည်း​တွေ့​မြင် ခဲ့​ရ​ပါ​သည်။-

အ​လွန်​ထွား​ကျိုင်း​သော​အာ​န​က​လူ​မျိုး​၏ အ​ဆက်​အ​နွယ်​များ​ကို​လည်း ငါ​တို့​တွေ့​မြင် ခဲ့​ရ​သည်။ ငါ​တို့​အ​မြင်​အား​ဖြင့်​ငါ​တို့​သည် သူ​တို့​ရှေ့​တွင်​နှံ​ကောင်​များ​သ​ဖွယ်​သေး​ငယ် ပါ​၏။ သူ​တို့​သည်​ငါ​တို့​ကို​နှံ​ကောင်​များ သ​ဖွယ်​မြင်​ပါ​မည်'' ဟု​ဆို​ကြ​လေ​သည်။

လူ​တို့​သည်​အ​ရပ်​မြင့်​၍​ခွန်​အား​ဗ​လ​ကောင်း ၏။ သူ​တို့​သည်​အ​လွန်​ထွား​ကြိုင်း​သ​ဖြင့် မည် သူ​မျှ​သူ​တို့​ကို​မ​ယှဉ်​ပြိုင်​နိုင်​ကြောင်း​သင် တို့​ကြား​ဖူး​ခဲ့​ကြ​ပြီ။-

ထို​နောက်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​တပ်​သား တို့​သည် ဧ​ဂ​လုန်​မြို့​မှ​တောင်​ကုန်း​ဒေ​သ​တွင် တည်​ရှိ​သော ဟေ​ဗြုန်​မြို့​သို့​ချီ​တက်​၍​မြို့​ကို တိုက်​ခိုက်၊-

အာ​ရုန်​၏​သား​မြေး​တို့​အား​သတ်​မှတ်​ပေး သော​မြို့​များ​မှာ​ဟေ​ဗြုန်​မြို့(ခို​လှုံ​ရာ​မြို့​တစ်​မြို့) အ​ပြင်​လိ​ဗ​န​မြို့၊-

ကိ​ရ​ယ​သာ​ဘ​ဟု​အ​မည်​တွင်​ခဲ့​သည့်​ဟေ​ဗြုန် မြို့​၌​နေ​ထိုင်​သော​ခါ​နာန်​ပြည်​သား​တို့​ကို​လည်း သွား​ရောက်​တိုက်​ခိုက်​ကြ​၏။ ထို​မြို့​တွင်​ရှေ​ရှဲ အ​ဟိ​မန်​နှင့်​တာ​လ​မဲ​သား​ချင်း​စု​တို့​ကို နှိမ်​နင်း​အောင်​မြင်​ကြ​လေ​သည်။

ဟေ​ဗြုန်​မြို့​မှ​စ​၍​မိ​မိ​နှင့်​မိ​မိ​၏​လူ​စု​တည်း ခို​ခဲ့​ဖူး​သည့်​မြို့​ရွာ​ရှိ​သ​မျှ​သို့​ပေး​ပို့​လိုက် လေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ