တောလည် 11:7Common Language Bible(မန္နမုန့်သည်ဝါဖျော့ဖျော့အရောင်ရှိသော သစ်စေ့ကလေးများနှင့်တူ၏။- အခန်းကိုကြည့်ပါ။ |
မောရှေက``နက်ဖြန်နေ့သည်သင်တို့အလုပ် မှရပ်နားရာနေ့၊ ထာဝရဘုရားအတွက် ဆက်ကပ်သောဥပုသ်နေ့ဖြစ်သည်။ ယနေ့ တွင်မုန့်ဖုတ်စရာရှိသည်ကိုဖုတ်လော့။ ချက် ပြုတ်စရာရှိသည်ကိုချက်ပြုတ်လော့။ ယနေ့ စားပြီးနောက်ကျန်ရှိသမျှကိုနက်ဖြန်နေ့ အတွက်ချန်ထားလော့။ ဤသို့ပြုလုပ်ရန် ထာဝရဘုရားအမိန့်တော်ရှိသည်'' ဟု ဆိုလေ၏။-
ညအခါနှင်းနှင့်အတူစခန်းထဲသို့ကျ၏။ နံနက်အချိန်တွင်လူတို့သည်မန္နမုန့်ကိုလှည့် လည်စုသိမ်းပြီးလျှင်ကြိတ်၍ဖြစ်စေ၊ ထောင်း ၍ဖြစ်စေမုန့်ညက်ပြုလုပ်ကြ၏။ ထိုနောက် မုန့်ညက်ကိုပေါင်း၍မုန့်ပြားပြုလုပ်ကြ၏။ အရသာသည်သံလွင်ဆီနှင့်ဖုတ်သောမုန့် အရသာနှင့်တူ၏။)
``အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော်မူ သောစကားများကိုကြားတတ်သောနားရှိ သူတို့ကြားပါစေ။ အောင်မြင်သောသူအားဝှက်ထားသောမန္နမုန့် ကိုငါပေးမည်။ ကျောက်စရစ်ဖြူကိုလည်း ငါပေးမည်။ ထိုကျောက်ဖြူပေါ်တွင်အက္ခရာ တင်ထားသည့်နာမည်သစ်ကိုအဘယ်သူ မျှမသိနိုင်ရာ။ ထိုကျောက်ကိုခံယူရရှိ သူသာလျှင်သိရှိနိုင်ပေသည်။