ငုံးငှက်သားပေါများလျက်ရှိသေးချိန်တွင် ထာဝရဘုရားသည်အမျက်ထွက်၍သူ တို့တွင်ကပ်ရောဂါကျရောက်စေ၏။-
နှမြောသဖြင့် မစွန့်ရက်ဘဲ၊ မိမိပစပ်၌ ငုံသော် လည်း၊
သို့သော်လည်း သူသည်ဝစွာစားရ၏။ ဘုရားသခင်သည် အမျက်တော်အရှိန်ကို လွှတ်၍သူစားစရာဘို့ အမျက်တော် မိုဃ်းကို ရွာစေတော်မူမည်။
ထို့အပြင်ကိုယ်တော်သည် အရှေ့လေကိုတိုက်စေပြီးနောက်တန်ခိုးတော်အားဖြင့် တောင်လေကိုလှုပ်ရှားစေတော်မူ၏။
သို့ဖြစ်၍လူတို့သည်ကျေနပ်အောင်စားရကြ၏။ ဘုရားသခင်သည်လည်းသူတို့စားလိုသော အစားအစာကိုကျွေးတော်မူ၏။
ကောရပုန်ကန်မှုကြောင့်သေဆုံးသူများ အပြင်ရောဂါကပ်ကြောင့်သေဆုံးသူ အပေါင်းမှာတစ်သောင်းလေးထောင့်ခုနစ် ရာယောက်ဖြစ်သည်။-
ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မောရှေဆောင်ရွက်လေသည်။
သို့ရာတွင်ထိုကပ်ရောဂါကြောင့်လူပေါင်း နှစ်သောင်းလေးထောင်သေဆုံးပြီးဖြစ်သည်။
အီဂျစ်အမျိုးသားတို့ကဲ့သို့ သင်တို့၌အနာ စိမ်းရောဂါစွဲစေတော်မူမည်။ သင်တို့၏ကိုယ် ပေါ်တွင်အနာပေါက်စေတော်မူမည်။ သင်တို့ တွင်ဆေးကု၍မရသောဝဲခြောက်နာ၊ ယား နာများစွဲကပ်လိမ့်မည်။-