ထိုနောက်မောရှေနှင့်ဣသရေလအမျိုးသား ခေါင်းဆောင်ခုနစ်ဆယ်တို့သည် စခန်းသို့ပြန် သွားကြ၏။
မောရှေက``ငါ၏အကျိုးကိုထောက်၍သင် ပြောနေသလော။ ထာဝရဘုရားသည်မိမိ ၏လူမျိုးတော်အားလုံးအပေါ်သို့ဝိညာဉ် တော်ကိုပေးအပ်သဖြင့် သူတို့သည်ပရော ဖက်များကဲ့သို့ကြွေးကြော်နိုင်ကြပါစေ သော'' ဟုပြန်ပြောလေ၏။-
ထာဝရဘုရားသည်ပင်လယ်ဘက်မှလေကို တိုက်စေသဖြင့် လေနှင့်အတူငုံးငှက်များပါ လာ၏။ ထိုငုံးငှက်များသည်မြေပြင်အထက် သုံးပေအမြင့်မှပျံသန်းလာ၍ စခန်းအတွင်း နှင့်စခန်းအပြင်မိုင်များစွာပတ်လည်နေရာ အနှံ့အပြားတွင်နားကြလေသည်။-
ထိုအခါမောရှေသည် ဣသရေလအမျိုး သားခေါင်းဆောင်တို့နှင့်အတူဒါသန်နှင့် အဘိရံတို့ထံသို့သွားလေသည်။-