Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 11:22

Common Language Bible

သူ​တို့​ဝ​လင်​စွာ​စား​နိုင်​ရန်​သိုး​နွား​ဆိတ် အ​လုံ​အ​လောက်​ရ​နိုင်​ပါ​မည်​လော။ သူ​တို့ အ​တွက်​ပင်​လယ်​မှ​ငါး​အ​လုံ​အ​လောက် ရ​နိုင်​ပါ​မည်​လော'' ဟု​လျှောက်​ထား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

မင်း​ကြီး​၏​သက်​တော်​စောင့်​အ​ဖြစ်​ဖြင့် လိုက်​ပါ လာ​သည့်​တပ်​မှူး​က``အ​ကယ်​၍​ထာ​ဝရ​ဘု​ရား ကိုယ်​တော်​တိုင်​ပင်​လျှင်​မိုး​ကို​ချက်​ချင်း​ရွာ​စေ ကာ​မူ ဤ​သို့​ဖြစ်​နိုင်​လိမ့်​မည်​မ​ဟုတ်'' ဟု​ပြော​၏။ ဧ​လိ​ရှဲ​က``သင်​သည်​ဤ​သို့​ဖြစ်​ပျက်​သည်​ကို တွေ့​မြင်​ရ​မည်​ဖြစ်​သော်​လည်း စား​ရ​လိမ့်​မည် မ​ဟုတ်'' ဟု​ပြန်​ပြော​လေ​၏။

ဤ​သူ​အ​ပေါင်း​တို့​စား​ရန်​အ​သား​ကို​အ​ကျွန်ုပ် အ​ဘယ်​မှာ​ရှာ​၍​ရ​နိုင်​ပါ​မည်​နည်း။ သူ​တို့​သည် အ​သား​စား​လို​ပါ​သည်​ဟူ​၍ ညည်း​တွား​တောင်း ဆို​လျက်​ရှိ​ကြ​ပါ​သည်။-

မော​ရှေ​က​ထာ​ဝ​ရ​ဘု​ရား​အား``အ​ကျွန်ုပ်​မှာ လူ​ပေါင်း​ခြောက်​သိန်း​ရှိ​ပါ​၏။ ကိုယ်​တော်​က သူ​တို့​အား​တစ်​လ​ပတ်​လုံး​အ​သား​ကျွေး မည်​ဟု​မိန့်​တော်​မူ​ပါ​သည်။-

ထာ​ဝ​ရ​ဘု​ရား​က``ငါ​မ​တတ်​နိုင်​သည့်​အ​ရာ ရှိ​သ​လော။ ငါ​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း​ဖြစ် မည်​မ​ဖြစ်​မည်​ကို​သင်​မ​ကြာ​မီ​တွေ့​မြင်​ရ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

တ​ပည့်​တော်​တို့​က ``ဤ​မျှ​ကြီး​မား​သည့်​လူ​ပ​ရိ သတ်​စား​လောက်​အောင်​အ​စား​အ​စာ​များ​ကို အ​ကျွန်ုပ်​တို့​သည်​ဤ​တော​ကန္တာ​ရ​တွင်​အ​ဘယ် သို့​ရ​နိုင်​ပါ​မည်​နည်း'' ဟု​လျှောက်​ကြ​လျှင်၊

ကိုယ်​တော်​က ``သင်​တို့​ပင်​လျှင် သူ​တို့​အား​စား စ​ရာ​တစ်​စုံ​တစ်​ခု​ကို​ကျွေး​ကြ​လော့'' ဟု​မိန့် တော်​မူ​၏။ ထို​အ​ခါ​တ​ပည့်​တော်​တို့​က ``အ​ကျွန်ုပ်​တို့​သည် ငွေ​ဒင်္ဂါး​နှစ်​ရာ​ဖိုး​မျှ​အ​စား​အ​စာ​ဝယ်​၍ ဤ သူ​တို့​အား​ကျွေး​ရ​ပါ​မည်​လော'' ဟု​လျှောက် ထား​ကြ​၏။-

တ​ပည့်​တော်​တို့​က ``ဤ​တော​ကန္တာ​ရ​တွင်​အ​ဘယ် သို့​လျှင် ထို​သူ​တို့​ကို​ကျွေး​နိုင်​လောက်​အောင်​အ​စား အ​စာ​ရ​နိုင်​ပါ​မည်​နည်း'' ဟု​ပြန်​၍​လျှောက်​ကြ​၏။

ဇာ​ခ​ရိ​က ``ဤ​သို့​ဖြစ်​မည်​ကို​အ​ဘယ်​သို့​သိ နိုင်​ပါ​မည်​နည်း။ အ​ကျွန်ုပ်​သည်​အို​မင်း​သူ​ဖြစ် ပါ​၏။ အ​ကျွန်ုပ်​၏​ဇ​နီး​မှာ​လည်း​အ​သက်​ကြီး ရင့်​ပါ​ပြီ'' ဟု​ကောင်း​ကင်​တ​မန်​အား​ပြန် ပြော​၏။

မာ​ရိ​က ``ကျွန်​မ​သည်​သ​တို့​သ​မီး​က​ညာ​ဖြစ် သ​ဖြင့်​အ​ဘယ်​သို့​လျှင်​ကိုယ်​ဝန်​ဆောင်​၍​သား ဖွား​နိုင်​ပါ​မည်​နည်း'' ဟု​ကောင်း​ကင်​တ​မန်​အား မေး​၏။

``ဤ​မှာ​သူ​ငယ်​တစ်​ယောက်​ရှိ​ပါ​၏။ သူ့​ထံ တွင်​မု​ယော​မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ရှိ ပါ​၏။ သို့​ရာ​တွင်​ဤ​မျှ​ကြီး​မား​သော​လူ ပ​ရိ​သတ်​အား ထို​မုန့်​နှင့်​ငါး​ကို​အ​ဘယ် သို့​လျှင်​လောက်​င​အောင်​ကျွေး​နိုင်​ပါ​မည် နည်း'' ဟု​လျှောက်​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ