Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 10:21

Common Language Bible

ထို​နောက်​လေ​ဝိ​အ​နွယ်​ကော​ဟတ်​သား​ချင်း​စု တို့​သည် တဲ​တော်​ဆိုင်​ရာ​ပစ္စည်း​များ​ကို​ထမ်း​လျက် ချီ​တက်​ရ​သည်။ သူ​တို့​သည်​နောက်​စ​ခန်း​သို့ ဆိုက်​ရောက်​သည့်​အ​ခါ တဲ​တော်​ကို​ထူ​နှင့်​ပြီး ဖြစ်​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​မင်း​ကြီး​က``ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ရန် နှင့် အ​စဉ်​အ​မြဲ​ကိုယ်​တော်​၏​အ​မှု​တော်​ကို ထမ်း​ဆောင်​ရန် လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​သာ လျှင်​ရွေး​ချယ်​ခန့်​ထား​တော်​မူ​သည်​ဖြစ်​၍ ထို​သူ​တို့​သာ​လျှင်​ပ​ဋိ​ညာဉ်​သေတ္တာ​တော် ကို​ပင့်​ဆောင်​ရ​ကြ​ပေ​မည်'' ဟု​မိန့်​တော် မူ​လျက်၊-

ဤ​သူ​တို့​ကား​သား​ချင်း​စု​နှင့်​အိမ်​ထောင်​စု အ​လိုက်​ဖော်​ပြ​သည့် လေ​ဝိ​အ​ဆက်​အ​နွယ် များ​ဖြစ်​ကြ​၏။ ထို​သူ​အ​ပေါင်း​တို့​အား​တစ် ဦး​စီ​၏​နာ​မည်​ကို​မှတ်​ပုံ​တင်​ထား​လေ​သည်။ အ​သက်​နှစ်​ဆယ်​နှင့်​အ​ထက်​ရှိ​သူ​လေဝိ​၏ သား​မြေး​တိုင်း​ပင်​လျှင် ထာ​ဝ​ရ​ဘု​ရား​၏ ဗိ​မာန်​တော်​တွင်​ပါ​ဝင်​၍​အ​မှု​တော်​ထမ်း ဆောင်​ရ​ကြ​၏။

သင်​တို့​သည်​စ​ခန်း​ပြောင်း​ရွှေ့​သည့်​အ​ခါ​တိုင်း​လေ​ဝိ​အ​မျိုး​သား​တို့​က တဲ​တော်​ကို​သိမ်း​၍​စခန်း​သစ်​ချ​ရာ​၌​တဲ​တော်​ကို​ပြန်​ထူ​ရ​မည်။ လေ​ဝိ​အ​မျိုး​သား​တို့​မှ​လွဲ​၍ အ​ခြား​သူ​တစ်​ဦး​သည် တဲ​တော်​အ​နီး​သို့​ချဉ်း​ကပ်​လျှင် ထို​သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။-

ထို​နောက်​တဲ​တော်​ကို​ဖြုတ်​ချ​၍​ဂေ​ရ​ရှုန် သား​ချင်း​စု​နှင့် မေ​ရာ​ရိ​သား​ချင်း​စု​တို့ သည်​တဲ​တော်​ကို​ထမ်း​လျက်​ချီ​တက်​ရ​သည်။

ဒွေ​လ​၏​သား​ဧ​လျာ​သပ်​သည်​ဂဒ်​အ​နွယ် ကို​လည်း​ကောင်း​အုပ်​ချုပ်​ရ​သည်။

အ​ရှေ့​မှ​ချီ​တက်​သော​တပ်​နှစ်​တပ်​နှင့်​အ​နောက်​မှ ချီ​တက်​သော​တပ်​နှစ်​တပ်​တို့​၏​အ​ကြား​တွင် လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​တဲ​တော်​ကို​သယ်​ဆောင်​၍​ချီ​တက်​ရ​ကြ​မည်။ တပ်​တစ်​တပ်​စီ​သည်​စ​ခန်း​ချ​သည့်​အ​ခါ မိ​မိ​တို့​အ​လံ​အ​နီး​တွင်​နေ​ရာ​ယူ​သည့်​အ​စီ​အ​စဉ်​အ​တိုင်း​ချီ​တက်​ရ​မည်။

ကော​ဟတ်​၏​သား​ချင်း​စု​တို့​သည်​တဲတော်​ထဲ သို့​ဝင်​၍​သန့်​ရှင်း​သော​ပစ္စည်း​များ​ကို​ခေတ္တ မျှ​ကြည့်​မိ​လျှင်​အ​သက်​သေ​ဆုံး​ရ​ကြ မည်'' ဟု​မိန့်​တော်​မူ​၏။

ကော​ဟတ်​သား​ချင်း​စု​တို့​သည် မိ​မိ​တို့​ကြည့် ရှု​ထိန်း​သိမ်း​ရ​သော​တဲ​တော်​ဆိုင်​ရာ​ပစ္စည်း များ​ကို ပ​ခုံး​ပေါ်​တွင်​ထမ်း​ရ​သော​ကြောင့် မော​ရှေ​သည်​သူ​တို့​အ​တွက်​လှည်း​နှင့် နွား​များ​ကို​မ​ပေး​အပ်​ချေ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ