Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 1:20

Common Language Bible

ယာ​ကုပ်​၏​သား​ဦး​ဖြစ်​သူ​ရု​ဗင်​၏​အ​နွယ်​မှ​အ​စ​ပြု​၍ စစ်​မှု​ထမ်း​နိုင်​သူ​အ​သက်​နှစ်​ဆယ်​နှင့်​အ​ထက်​အ​ရွယ်​ရှိ​အ​မျိုး​သား​အား​လုံး​တို့​ကို သား​ချင်း​စု​နှင့်​မိ​သား​စု​အ​လိုက်​စာ​ရင်း​ကောက်​ယူ​လေ​၏။ စု​စု​ပေါင်း​လူ​ဦး​ရေ​စာ​ရင်း​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ အနွယ် ဦးရေ ရု​ဗင် ၄၆၅၀၀ ရှိ​မောင် ၅၉၃၀၀ ဂဒ် ၄၅၆၅၀ ယု​ဒ ၇၄၆၀၀ ဣသ​ခါ ၅၄၄၀၀ ဇာ​ဗု​လုန် ၅၇၄၀၀ ဧ​ဖ​ရိမ် ၄၀၅၀၀ မ​နာ​ရှေ ၃၂၂၀၀ ဗင်္ယာ​မိန် ၃၅၄၀၀ ဒန် ၆၂၇၀၀ အာ​ရှာ ၄၁၅၀၀ န​ဿ​လိ ၅၃၄၀၀ စု​စု​ပေါင်း ၆၀၃၅၅၀

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

မ​ကြာ​မီ​လေ​အာ​သည်​ကိုယ်​ဝန်​ဆောင်​၍​သား တစ်​ယောက်​ကို​ဖွား​မြင်​သော်​သူ​က``ထာ​ဝ​ရ ဘု​ရား​သည်​ငါ​၏​ဒုက္ခ​ကို​မြင်​တော်​မူ​ပြီ။ ယ​ခု ငါ​၏​လင်​ယောကျာ်း​သည်​ငါ့​အား​ချစ်​လိမ့်​မည်'' ဟု​ဆို​၍​ထို​သား​ကို​ရု​ဗင်​ဟု​နာ​မည်​မှည့် လေ​၏။-

လေ​အာ​မှ​ဖွား​မြင်​သော​သား​များ​မှာ​ရု​ဗင် (ယာ​ကုပ်​၏​သား​ဦး) ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊ ဣ​သ​ခါ​နှင့်​ဇာ​ဗု​လုန်​တို့​ဖြစ်​သည်။

ရု​ဗင်​၏​သား​များ​ဖြစ်​ကြ​သော ဟာ​နုတ်၊ ဖာ​လု၊ ဟေ​ဇ​ရုံ၊ ကာ​မိ၊-

ရု​ဗင်​၏​သား​မြေး​များ​ကား​အောက်​ပါ အ​တိုင်း​ဖြစ်​၏။ (ရု​ဗင်​သည်​ဣ​သ​ရေ​လ ၏​သား​ဦး​ဖြစ်​သော်​လည်း အ​ဖ​၏​မောင်း​မ တစ်​ယောက်​နှင့်​ပြစ်​မှား​သ​ဖြင့် သား​ဦး​၏ အ​ခွင့်​အ​ရေး​များ​ကို​ဆုံး​ရှုံး​ရ​လေ​သည်။ ထို​အ​ခွင့်​အ​ရေး​များ​သည်​ဣ​သ​ရေ​လ ၏​သား​ယော​သပ်​၏​လက်​သို့​ရောက်​ရှိ သွား​၏။ သို့​ဖြစ်​၍​သား​စဉ်​မြေး​ဆက် အ​လိုက်​ရေ​တွက်​သော​အ​ခါ သား​ဦး အ​ရာ​ကို​ရု​ဗင်​မ​ရ​ရှိ​ပေ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ