Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တိ​တု 1:12

Common Language Bible

သူ​တို့​၏​ပ​ရော​ဖက်​ဖြစ်​သူ​က​ရေ​တေ​ကျွန်း သား​တစ်​ဦး​က​ပင်​လျှင်``က​ရေ​တေ​ကျွန်း​သား တို့​သည်​အ​စဉ်​လိမ်​လည်​သူ​များ၊ သား​ရဲ​ဆိုး များ၊ ပျင်း​ရိ​စား​ကြူး​သူ​များ​ဖြစ်​၏'' ဟု​ပြော ဆို​ခဲ့​၏။ ထို​သူ​၏​ပြော​ဆို​ချက်​သည်​မှန်​ပေ သည်။ သို့​ဖြစ်​၍​သူ​တို့​သည်​အ​မှန်​တ​ကယ် ယုံ​ကြည်​လာ​ကြ​စေ​ရန်​လည်း​ကောင်း၊ ယု​ဒ ဒဏ္ဍာရီ​စ​ကား​များ​နှင့်​သမ္မာ​တ​ရား​ကို ပစ်​ပယ် သူ​တို့​၏​ပ​ညတ်​များ​ကို​စွန့်​လွှတ်​လိုက်​ကြ စေ​ရန်​လည်း​ကောင်း​သူ​တို့​အား​ကြပ်​တည်း စွာ​ဆုံး​မ​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ယု​ဒ​အ​မျိုး​သား​များ​နှင့်​ယု​ဒ​ဘာ​သာ​သို့ ကူး​ပြောင်း​လာ​ကြ​သူ​များ​ဖြစ်​ကြ​၏။ အ​ချို့ သော​ငါ​တို့​သည်​က​ရေ​တေ​ပြည်​သား​နှင့်​အာ​ရပ် အ​မျိုး​သား​များ​ဖြစ်​ကြ​၏။ သို့​ရာ​တွင်​ငါ​တို့ သည်​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ် အ​မှု​တော်​များ​ကို ငါ​တို့​ဘာ​သာ​စ​ကား​ဖြင့် ဟော​ပြော​ကြ​သည်​ကို​ကြား​ရ​ကြ​ပါ​သည် တ​ကား'' ဟု​ဆို​ကြ​၏။-

ဤ​ဆိပ်​ကမ်း​တွင်​ဆောင်း​ကာ​လ​ပတ်​လုံး​ရပ်​နား ရန်​မ​သင့်​သ​ဖြင့် လူ​များ​စု​က​ဤ​ဆိပ်​ကမ်း​မှ ထွက်​ခွာ​ပြီး​လျှင် ဖြစ်​နိုင်​ပါ​က​ဖိ​နိတ်​မြို့​သို့ ရောက်​အောင်​သွား​၍​ဆောင်း​ရာ​သီ​အ​တွက်​ရပ် နား​လို​ကြ​၏။ ဖိ​နိတ်​ဆိပ်​ကမ်း​ကား​က​ရေ​တေ ကျွန်း​တွင်​ရှိ​၍ အ​နောက်​တောင်​နှင့်​အ​နောက် မြောက်​သို့​မျက်​နှာ​မူ​လျက်​ရှိ​သ​တည်း။

တောင်​လေ​ပြေ​က​လေး​စ​၍​တိုက်​ခတ်​လာ​သော အ​ခါ သင်္ဘော​သား​တို့​သည်​မိ​မိ​တို့​၏​အ​ကြံ အောင်​မည်​ဟု​ထင်​မှတ်​လျက် ကျောက်​ဆူး​ကို​နုတ် ပြီး​လျှင်​သင်္ဘော​ကို​က​ရေ​တေ​ကမ်း​ခြေ​တစ် လျှောက်​ကပ်​နိုင်​သ​မျှ​ကပ်​၍​ရွက်​လွှင့်​ကြ​၏။-

ကျွန်ုပ်​တို့​သည်​တ​ရွေ့​ရွေ့​ရက်​ပေါင်း​များ​စွာ​ရွက် လွှင့်​ပြီး​နောက် က​နိဒ်​မြို့​အ​နီး​သို့​ခက်​ခက်​ခဲ​ခဲ နှင့်​ရောက်​ကြ​၏။ လေ​မ​သင့်​၍​ရှေ့​သို့​မ​သွား နိုင်​သ​ဖြင့်​ကျွန်ုပ်​တို့​သည်​သာ​လ​မုန်​အ​ငူ အ​နီး​မှ​ဖြတ်​၍ က​ရေ​တေ​ကျွန်း​တောင်​ဘက် လေ​ရိပ်​ကို​ခို​လျက်​ရွက်​လွှင့်​ကြ​၏။-

သူ​တို့​သည်​ငါ​တို့​၏​အ​ရှင်​ခ​ရစ်​တော်​၏​အ​မှု​တော် ကို​ထမ်း​ဆောင်​သူ​များ​မ​ဟုတ်။ မိ​မိ​တို့​၏​အ​မှု​ကို သာ​စိတ်​ဝင်​စား​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​နူး​ညံ့ ချို​သာ​သော​စ​ကား​များ၊ မြှောက်​ပင့်​သော​စ​ကား​များ ဖြင့်​ရိုး​သား​သူ​တို့​၏​စိတ်​ကို​လှည့်​စား​တတ်​ကြ​၏။-

ထို​သူ​တို့​သည်​င​ရဲ​တွင်​လမ်း​ဆုံး​ကြ​လိမ့်​မည်။ သူ တို့​၏​ဘု​ရား​ကား မိ​မိ​တို့​ဝမ်း​ပေ​တည်း။ သူ​တို့​သည် ရှက်​ကြောက်​သင့်​သော​အ​ရာ​တို့​တွင် ဂုဏ်​ယူ​ဝါ​ကြွား ကြ​၏။ လော​က​အ​ရာ​တို့​ကို​သာ​စိတ်​စွဲ​လမ်း​ကြ​၏။-

မိ​မိ​တို့​၏​သြတ္တပ္ပ​စိတ်​တွင်​သံ​ပူ​ခတ်​ခြင်း​ခံ​ရ သ​ကဲ့​သို့ သြတ္တပ္ပ​စိတ်​ကင်း​မဲ့​သော​လိမ်​လည် လှည့်​ဖြား​တတ်​သူ​တို့​သည်​ထို​သြ​ဝါ​ဒ များ​ကို​ပေး​ကြ​၏။-

က​ရေ​တေ​ကျွန်း​တွင်​လုပ်​ဆောင်​စ​ရာ​ရှိ​သေး သော​အ​မှု​ကိစ္စ​အ​ဝ​ဝ​တို့​ကို​စီ​မံ​ဆောင်​ရွက် ရန်​နှင့် အ​မြို့​မြို့​တွင်​သင်း​အုပ်​များ​ခန့်​ထား ရန်​သင့်​အား​ငါ​ထား​ခဲ့​၏။ ငါ​ယ​ခု​ပေး​မည့် ညွှန်​ကြား​ချက်​များ​ကို​မ​မေ့​နှင့်။-

သို့​ရာ​တွင်​ထို​သူ​တို့​သည်​ထောင်​ဖမ်း​၍​သတ် ဖြတ်​ပစ်​ရန်​အ​တွက် ပေါက်​ဖွား​လာ​ကြ​သည့် အ​သိ​ဉာဏ်​ကင်း​မဲ့​သော​သား​ရဲ​တိ​ရစ္ဆာန် များ​နှင့်​တူ​ကြ​သည်။ သူ​တို့​သည်​မိ​မိ​တို့ မ​သိ​နား​မ​လည်​သည့်​အ​ရာ​ဟူ​သ​မျှ​ကို ကဲ့​ရဲ့​ပြော​ဆို​တတ်​ကြ​၏။ အ​သိ​ဉာဏ်​ကင်း မဲ့​သည့်​သား​ရဲ​တိ​ရစ္ဆာန်​များ​နည်း​တူ ပျက်​စီး​ရ​ကြ​လိမ့်​မည်။-

သူ​တို့​သည်​လမ်း​ဖြောင့်​မှ​သွေ​ဖီ​ကာ​မှောက် မှား​လမ်း​လွဲ​ကြ​လေ​ပြီ။ ဗော​သော်​၏​သား၊ ဗာ​လမ်​၏​လမ်း​စဉ်​ကို​လိုက်​ကြ​ပြီ။ ဗာ​လမ် ကား​အ​ပြစ်​ပြု​ခြင်း​ဖြင့်​ရ​ရှိ​မည့်​အ​ခ​ကို တပ်​မက်​သည်​ဖြစ်​၍၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ