တမန်တော်ဝတ္ထု 9:39Common Language Bibleထို့ကြောင့်ပေတရုသည်ထိုသူနှစ်ယောက်နှင့် အတူလိုက်ခဲ့လေသည်။ ရောက်သောအခါလူ တို့သည်သူ့အားအိမ်အထက်ထပ်ရှိအခန်း သို့ခေါ်သွားကြ၏။ မုဆိုးမတို့သည်ပေတရု ၏အနီးတွင်ဝိုင်းအုံလျက်ငိုယိုကာ ဒေါ်ကာ အသက်ရှင်စဉ်အခါကချုပ်လုပ်ထားခဲ့သော အင်္ကျီများနှင့်အတွင်းခံအင်္ကျီများကိုပြ ကြ၏။- အခန်းကိုကြည့်ပါ။ |
ထိုနောက်ကိုယ်တော်က ``မောရှေ၏ပညတ်ကျမ်း၊ ပရောဖက်ကျမ်းများနှင့်ဆာလံကျမ်းတွင်ငါ ၏အကြောင်းနှင့်ပတ်သက်၍ဖော်ပြထားသည့် အမှုအရာများသည်ဖြစ်ပျက်ရမည်ဟူ၍ သင် တို့နှင့်အတူရှိစဉ်အခါကငါပြောခဲ့၏။ ငါ ပြောခဲ့သည့်အတိုင်းယခုဖြစ်ပျက်လျက်ရှိ၏'' ဟုမိန့်တော်မူ၏။
ကာလအနည်းငယ်ကြာသော်တပည့်တော် အရေအတွက်မှာ တိုးတက်များပြားလာ၏။ ထိုအခါဂရိစကားကိုသုံးစွဲသူယုဒ အမျိုးသားများနှင့် ဒေသခံယုဒအမျိုး သားတို့အငြင်းပွားကြ၏။ ဂရိစကား သုံးစွဲသူယုဒအမျိုးသားတို့က မိမိတို့ မုဆိုးမများနေ့စဉ်အသုံးစရိတ်မရ ရှိကြောင်းပြစ်တင်ပြောဆိုကြ၏။-