တမန်တော်ဝတ္ထု 9:36Common Language Bibleယုပ္ပေမြို့တွင်တဗိသနာမည်ရှိသောတပည့် တော်မတစ်ဦးရှိ၏။ (သူ၏နာမည်မှာဂရိ စကားအားဖြင့်ဒေါ်ကာဖြစ်၍ ``ဒရယ်'' ဟု အနက်ရလေသည်။) သူသည်ကောင်းမှုနှင့် စွန့်ကြဲပေးကမ်းမှုကိုအစဉ်သဖြင့်ပြု တတ်၏။- အခန်းကိုကြည့်ပါ။ |
ပြည်သူတို့သည်ပန်းရန်များနှင့်လက်သမား များကိုပေးချေရန်ငွေပေးလှူကြ၏။ ပေရသိ ဘုရင်ကုရုမင်းခွင့်ပြုချက်အရလေဗနုန် တောမှ သစ်ကတိုးများကို ယုပ္ပေဆိပ်အရောက် စုံမျောစေခြင်းငှာ တုရုနှင့်ဇိဒုန်မြို့သား များထံသို့အစားအစာ၊ စပျစ်ရည်နှင့် သံလွင်ဆီတို့ကိုပေးပို့ကြ၏။-
သို့ရာတွင်ယောနသည်ထာဝရဘုရား၏ထံတော်မှထွက်ပြေးရန်ယုပ္ပေသင်္ဘောဆိပ်သို့သွား၏။ ယုပ္ပေမြို့သို့ရောက်လျှင်စပိန်ပြည်သို့ထွက်ခွာသွားတော့မည်ဖြစ်သောသင်္ဘောကိုအဆင်သင့်တွေ့လေ၏။ ယောနသည်သင်္ဘောခကိုပေးပြီးလျှင် ထာဝရဘုရားနှင့်ဝေးရာစပိန်မြို့သို့သင်္ဘောသားများနှင့်အတူလိုက်ရန်သင်္ဘောပေါ်သို့တက်လေ၏။
သို့မှသာအစဉ်အမြဲသခင်ဘုရားနှစ်သက် တော်မူစေရန်လည်းကောင်း၊ ကိုယ်တော်၏ဘုန်း အသရေတော်ထွန်းတောက်စေရန်လည်းကောင်း သင်တို့ပြုမူကျင့်ကြံနိုင်ကြလိမ့်မည်။ ယင်း သို့ပြုမူကျင့်ကြံသဖြင့် ကောင်းမြတ်သည့် အကျင့်အမျိုးမျိုးတည်းဟူသောအသီး အပွင့်များကိုဖြစ်ထွန်းစေကြလိမ့်မည်။ ဘုရားသခင်ကိုလည်းတိုး၍သိကျွမ်း လာကြလိမ့်မည်။-
ထို့အပြင်ကောင်းမှုကြောင့်အသရေရှိသူဖြစ် ရမည်။ မိမိ၏သားသမီးများကိုကောင်းစွာ ပြုစုစောင့်ရှောက်ခဲ့သူ၊ ဧည့်ဝတ်ကျေပွန်သူ၊ ဘုရားသခင်၏လူစုတော်ဝင်တို့ခြေကိုဆေး သူ၊ ဒုက္ခရောက်သူတို့အားကူညီမစသူ၊ ကောင်း မှုအမျိုးမျိုးကိုကြိုးစားလုပ်ဆောင်ခဲ့သူ ဖြစ်ရမည်။
ငါတို့အားဆိုးညစ်မိုက်မဲမှုအပေါင်းမှကယ် ဆယ်တော်မူရန်လည်းကောင်း၊ ငါတို့သည်စိတ် နှလုံးဖြူစင်သန့်ရှင်းလျက်ကိုယ်တော်သာ လျှင်ပိုင်တော်မူသောသူများဖြစ်လျက် အကျင့် ကောင်းများ၌စိတ်အားထက်သန်ကြစေရန် လည်းကောင်းခရစ်တော်သည်ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။