သူသည်မျက်စိအလင်းပြန်လည်ရရှိနိုင် ရန် အာနနိဆိုသူလာ၍မိမိအပေါ်မှာ လက်တင်သည်ကိုဗျာဒိတ်ရူပါရုံတွင်မြင် ရလေပြီ'' ဟုမိန့်တော်မူ၏။
သူသည်ကိုယ်တော်ကိုမြင်သောအခါခြေတော်ရင်း တွင်ပျပ်ဝပ်လျက် ``အကျွန်ုပ်၏သမီးငယ်သည်သေလု နီးပါးဖြစ်နေပါသည်။ သူ့အားရောဂါပျောက်လျက် အသက်ရှင်စေရန် ကိုယ်တော်ကြွတော်မူ၍သူ၏ အပေါ်၌လက်တော်ကိုတင်တော်မူပါ'' ဟုအနူး အညွတ်လျှောက်ထားတောင်းပန်၏။
တပည့်တော်တို့သည်ထိုသူတို့အားတမန်တော် တို့၏ရှေ့မှောက်သို့ဝင်ရောက်စေကြ၏။ ထိုနောက် တမန်တော်တို့သည်ဆုတောင်းပြီးလျှင် ထိုသူ တို့၏ဦးခေါင်းပေါ်မှာမိမိတို့၏လက်ကို တင်ကြ၏။
ဒမာသက်မြို့တွင်အာနနိနာမည်ရှိသူ တပည့်တော်တစ်ယောက်ရှိ၏။ ဗျာဒိတ်ရူပါ ရုံထဲတွင်သခင်ဘုရားကအာနနိအား ``အာနနိ'' ဟုခေါ်တော်မူလျှင်၊ အာနနိက ``ရှိပါသည်သခင်ဘုရား'' ဟု လျှောက်၏။